၂၀၂၂ခုနှစ်ရဲ့ နွေရာသီ အပြောင်းအရွှေ့ဈေးကွက်ကြီးကတော့ ဒီနေ့မနက်အစောပိုင်း (၄)နာရီခွဲမှာပဲ ပိတ်သိမ်းသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီဈေးကွက်ထဲမှာ ပရီးမီးယားလိဂ် ကလပ်အသင်းတွေကပဲ ကစားသမား ခေါ်ယူမှုတွေအတွက် အသုံးစစရိတ်များစွာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး အခု ဈေးကွက်ပိတ်သွားချိန်မှာ ဈေးကွက်အတွင်း ပြောင်းရွှေ့ကြေး အမြင့်မားဆုံး ဖြစ်ခဲ့ရတဲ့ ကစားသမားတွေထဲကမှ top ten စာရင်းဝင် ကစားသမားတွေကို စုစည်းဖော်ပြသွားချင်ပါတယ်။

၁၀။ ရာဖင်ညာ (ယူရို၅၈)သန်း

Barcelona Masih Ngutang Beli Raphinha, Bos Leeds United Ancam Begini

လိဒ်စ်တောင်ပံကစားသမား ရာဖင်ညာကတော့ သူ အလွန်ကို ပြောင်းရွှေ့ချင်နေတဲ့ ဘာစီလိုနာအသင်းဆီ ယူရို(၅၈)သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး ဒီရာသီ ဘာစီလိုနာ ခေါ်ယူခဲ့တဲ့ ကစားသမားသစ်တွေထဲကမှ ဒုတိယမြောက် ကြေးအမြင့်ဆုံး ကစားသမား ဖြစ်ခဲ့ရပါတယ်။

၉။ ဟော်လန်း (ယူရိုသန်း၆၀)

Erling Haaland Masih Berpeluang Pindah ke Real Madrid - bolaskor.com

မန်စီးတီးအသင်းကတော့ ဒေါ့မွန်ရဲ့ နော်ဝေတိုက်စစ်မှူး အာလင်းဟော်လန်းကို စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း(၆၀)နဲ့ ခေါ်ယူနိုင်ခဲ့ပြီး ဒါက စီးတီးအတွက် တကယ့်ကို အကျိုးရှိဆုံး ခေါ်ယူမှုတစ်ခုပါ ဖြစ်လာခဲ့ရပါတယ်။

၈။ ကူကူရယ်လာ (ယူရို၆၅.၃သန်း)

Chelsea Resmi Boyong Marc Cucurella Senilai Rp1,12 Triliun

မန်စီးတီး အလိုရှိနေတဲ့ ကူကူရယ်လာကို ချယ်လ်ဆီးက ယူရို(၆၅.၃)သန်းနဲ့ ကြားဖြတ် ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး အခုဆိုရင်လည်း ကူကူရယ်လာက ချီဝဲလ်ကိုပါ ကျော်လွန်ကာ အသင်းရဲ့ ဦးစားပေး ကစားသမားပါ ဖြစ်နေခဲ့ရပါတယ်။

၇။ ဒီလစ် (ယူရို၆၇သန်း)

Liga Italia: Matthijs de Ligt Resmi Tinggalkan Juventus, Gabung Bayern  Munchen dengan Kontrak 5 Tahun - Dunia Bola.com

ဂျုဗင်တပ်စ် ခံစစ်မှူး ဒီလစ်ကို ဘိုင်ယန်မြူးနစ်က ယူရို(၆၇)သန်းနဲ့ အရ ခေါ်ယူနိုင်ခဲ့ပြီး ဒီလစ်လို အသက်ငယ်ရွယ်သေးတဲ့ talent CB တစ်ဦးကို ခေါ်ယူနိုင်လိုက်တာက ဘိုင်ယန်အတွက် best signing တစ်ခု ဖြစ်လာစေရပါတယ်။

၆။ အီဆက်ခ် (ယူရိုသန်း၇၀)

Alexander Isak Tolak Manchester United Sebelum Pilih Newcastle

နယူးကာဆယ်ရဲ့ surprise signing တစ်ခု ဖြစ်စေခဲ့ရတဲ့ အီဆက်ခ်ကို ခေါ်ယူမှုအတွက် နယူးကာဆယ်ဟာ ဆိုစီဒက်အသင်းကို ပြောင်းရွှေ့ကြေး ယူရိုသန်း(၇၀) ပေးချေခဲ့ရပြီး ဒါက နယူးကာဆယ်အတွက် ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးလည်း ဖြစ်ခဲ့ပါတယ်။

၅။ ကက်စီမီရို (ယူရို၇၀.၆၅သန်း)

Casemiro Warisi Nomor Punggung Legenda Manchester United | Goal.com  Indonesia

မန်ယူနိုက်တက်ဟာ ဒီဈေးကွက်ထဲမှာ mega signing တွေ လုပ်ဆောင်ခဲ့ပြီး င်္ဒီထဲမှာ ကက်စီမီရိုရဲ့ အပြောင်းအရွှေ့ပါ ပါဝင်ခဲ့ပါတယ်။ ယူနိုက်တက်က ကက်စီမီရိုရဲ့ အပြောင်းအရွှေ့အတွက် ယူရို(၇၀.၆၅)သန်းအထိကို အသုံးပြုခဲ့ပါတယ်။

၄။ ဒါဝင်နူနက်ဇ် (ယူရို၇၅သန်း)

Darwin Nunez Akhirnya Diresmikan Jadi Pemain Liverpool - Sportstars.Id

ပြီးခဲ့တဲ့ရာသီက ဘင်ဖီကာအသင်းမှာ တောက်ပခဲ့တဲ့ဥရုဂွေး တိုက်စစ်ကစားသမား နူနက်ဇ်ကို လီဗာပူးလ်က ဆာဒီယိုမာနေးနေရာမှာ အစားထိုးဖို့အတွက် ယူရို(၇၅)သန်းထိပါ အသုံးပြုပြိး ခေါ်ယူခဲ့ပါတယ်။

၃။ ချူယာမန်နီ (ယူရိုသန်း၈၀)

Aurélien Tchouaméni: What you need to know about Madrid's new midfield  anchor - Managing Madrid

ကစားသမားသစ်တွေ သိပ်မခေါ်ယူထားတဲ့ ရီးယဲလ်က ကွင်းလယ်ပိုင်းအတွက်ကိုပဲ ယူရိုသန်း(၈၀)အထိ အသုံးပြုပြီး ပြင်သစ်ကြယ်ပွင့် လူငယ် ကွင်းလယ်ကစားသမားလေး ချူယာမန်နီကို မိုနာကိုအသင်းကနေ ခေါ်ယူခဲ့ပါတယ်။

၂။ ဖိုဖာနာ (ယူရို၈၀.၄သန်း)

Chelsea Resmi Ikat Wesley Fofana Tujuh Tahun | Goal.com Indonesia

ကစားသမားသစ် ခေါ်ယူမှုအတွက် ငွေကြေးများစွာ အသုံးပြုထားခဲ့တဲ့ ချယ်လ်ဆီးက သူတို့ အလိုချင်ဆုံး ကစားသမားဖြစ်သူ ခံစစ်မှူးဖိုဖာနာအတွက်ကိုလည်း ပြောင်းရွှေ့ကြေး ယူရို(၈၀.၄)သန်းအထိ အသုံးပြုခဲ့ပါသေးတယ်။

၁။ အန်တိုနီ (ယူရို၉၅သန်း)

Antony Itu Petarung!' - Erik Ten Hag Beri Gambaran Kualitas Pemain Baru  Manchester United | Goal.com Indonesia

ယူနိုက်တက်ရဲ့ mega signing ဖြစ်တဲ့ အန်တိုနီအတွက် ယူနိုက်တက်က အန်တိုနီရဲ့ market value ထက်ကို တော်တော်လေး ကျော်လွန်အောင် သုံးစွဲခဲ့ရပါတယ်။ ယူနိုက်တက်က တန်ဟက်ဂ် တပည့်ဟောင်းအတွက် ယူရို(၉၅)သန်း အသုံးပြုခဲ့လို့ အန်တိုနီက ဒီနွေရဲ့ ပြောင်းရွှေ့ကြေး အမြင့်မားဆုံး ကစားသမားတစ်ဦး ဖြစ်သွားခဲ့ရပါတယ်။