ပြီးခဲ့တဲ့ ဆောင်းရာသီအပြောင်းအရွှေ့စျေးကွက်ရဲဲ့နောက်ဆုံးအချိန်ကျမှ မန်ချက်စတာယူနိုက်တက်အသင်းဆီကို ရာသီကုန်အငှားစာချုပ်နဲ့ ရောက်ရှိလာခဲ့တဲ့ နိုင်ဂျီးရီးယားတိုက်စစ်ကစားသမား အိုဒီယွန်အီဂါလိုဟာ မနေ့ညက ဘယ်ဂျီယံနိုင်ငံမှာ ကစားသွားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်အတွင်း ဒုတိယပိုင်းပွဲကစားချိန် ၆၇မိနစ်မှာ အန်တိုနီမာစီယဲဲလ်ရဲ့နေရာမှာ လူစားဝင်လာခဲ့ပြီး ယူနိုက်တက်ကစားသမားဘဝ ဒုတိယမြောက်ပွဲစဉ်အဖြစ် ပါဝင်ကစားခဲ့ပေမယ့်လည်း သွင်းဂိုးရယူနိုင်ခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။

Photo Credit : Mossegazette

အသက်၃၀အရွှယ်ရှိပြီဖြစ်တဲဲ့ နိုင်ဂျီးရီးယားလက်ရွေးစင် တိုက်စစ်ကစားသမား အီဂါလိုဟာ ရှန်ဟိုင်းရှင်ဟွာအသင်းကနေ ယူနိုက်တက်ဆီကို ဆောင်းစျေးကွက် နောက်ဆုံးအချိန်မှာ ၆လအငှားစာချုပ်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ချယ်လ်ဆီး ကလပ်ဘရုဂျ်ပွဲတွေအတွင်းမှာ လူစားဝင်ကစားသမားအဖြစ်နဲ့သာ ပါဝင်ထားခဲ့ရပါတယ်။ အီဂါလိုဟာ လာမယ့်တနင်္ဂနွေနေ့ အိုးထရက်ဖိုဒ့်မှာ ကျင်းပသွားမယ့် သူရဲ့အသင်းဟောင်း ဝက်ဖိုဒ့်နဲ့ ပရီးမီးယားလိဂ်ပွဲမှာတော့ သူရဲ့ယူနိုက်တက်ကစားသမားဘဝ ပထမဆုံးသော ပွဲဲထွက်ကစားခွင့်ရတဲ့ပွဲ ဖြစ်လာနိုင်ဖွယ်ရှိနေသလို မာစီယဲလ်နဲ့လည်း တွဲဲဖက်ကစားရဖွယ်ရှိနေပါတယ်။

Photo Credit : Daily Express

အီဂါလိုက “မာစီယဲလ်နဲ့ အသင်းရဲ့တိုက်စစ်မှာ အတူတွဲဲဖက်ကစားရဖို့က နည်းပြရဲ့ဆုံးဖြတ်ချက်နဲ့ပဲဆိုင်ပါတယ်။ ကျွန်တော့်အလုပ်ကတော့ နေ့တိုင်း လေ့ကျင့်ခန်းအစီအစဉ်မှာ အပြင်းအထန် ကြိုးစားနေဖို့ပါပဲ။ အသင်းက လိုအပ်လို့ ကစားခိုင်းတဲ့အချိန်မှာ အမြဲအသင့်ဖြစ်နေအောင် ကြိုးစားနေဖို့ပါပဲ” လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။ လာမယ့် Super Sunday နေ့ရက်မှာပဲ ယူနိုက်တက်ကစားသမားတစ်ယောက်အဖြစ် အိုးထရက်ဖိုဒ့်ကွင်းကြီးထဲမှာ စတင်ကစားရတော့မယ့် အီဂါလိုဟာ အဲ့ဒီနေ့မှာပဲ သူရဲ့အသင်းဟောင်းဖြစ်တဲ့ ဝက်ဖိုဒ့်အသင်းဘက်ကို ပြိုင်ဘက်တွေအဖြစ် ပြန်လည်ရင်ဆိုင်ရတော့မှာဖြစ်ပြီး ယူနိုက်တက်အတွက် အကောင်းဆုံးရလဒ်တစ်ခုကို ယူဆောင်ပေးမယ်လို့ပါ ကြုံးဝါးပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ယူနိုက်တက်အသင်းဘက်ကနေသာ သူ့ကိုအပြီးသတ်ခေါ်ယူဖို့ ကမ်းလှမ်းလာမယ်ဆိုရင်လည်း ကမ်းလှမ်းမှုကို လက်ခံသွားဖို့ အဆင့်သင့်ပဲလို့ပါ ပြောဆိုသွားခဲ့ပါတယ်။