ထုိင္းႏုိင္ငံကေန အိမ္ရွင္အျဖစ္နဲ႔ လက္ခံက်င္းပလုိ႔ေနတဲ႔ ၄ႀကိမ္ေျမာက္ 2020 AFC U-23 Championship ဇန္နဝါရီလ ၈ရက္ေန႔ကေန စတင္ယွဥ္ၿပိဳင္ကစားေစခဲ႔တာျဖစ္ၿပီး အခုဆုိရင္ေတာ့ အုပ္စုအဆင့္ ေနာက္ဆုံးပြဲေတြကုိေတာင္ ေရာက္ရွိလာခဲ႔ရၿပီျဖစ္ပါတယ္။ အာရွအင္အားႀကီးအသင္းေတြျဖစ္တဲ႔ ၾသစေၾတးလ် ဂ်ပန္ ေတာင္ကုိရီယား အီရန္ အီရတ္ ယူေအအီး ကာတာတုိ႔လုိ အသင္းမ်ိဳးေတြ ပါဝင္သလုိ အေရွ႕ေတာင္အာရွ အာဆီယံဘက္ကေနလည္း အိမ္ရွင္ထုိင္းအျပင္ အာဆီယံထိပ္သီးအသင္းႀကီးျဖစ္တဲ့ ဗီယက္နမ္လည္း ပါဝင္လုိ႔ေနပါတယ္။

Photo Credit : Bangkok Post

လက္ရွိမွာေတာ့ အိမ္ရွင္ထုိင္းအသင္း ပါဝင္ဆင္ႏြဲလုိ႔ေနတဲ႔ အုပ္စု(A)က အုပ္စုပြဲစဥ္ေတြအားလုံး ၿပီးဆုံးသြားခဲ႔ရၿပီျဖစ္ၿပီး နာမည္ႀကီးၾသစေၾတးလ်အသင္းက ၃ပြဲကစား ၂ပြဲႏုိင္ ၁ပြဲသေရ ရမွတ္၇မွတ္နဲ႔ အုပ္စုဗုိလ္ျဖစ္ခဲ့သလုိ အာဆီယံကုိယ္စားျပဳ ထုိင္းအသင္းကလည္း ၁ပြဲႏုိင္ ၁ပြဲသေရ ၁ပြဲရွုံး ရမွတ္၄မွတ္နဲ႔ အုပ္စုဒုတိယေနရာကုိ ပုိင္ဆုိင္ႏုိင္ခဲ႔ရၿပီး ေနာက္တစ္ဆင့္ကိုလည္း တတ္လွမ္းခြင့္ရသြားခဲ႔ပါတယ္။ ၾသစေၾတးလ်တစ္သင္းကုိပဲ အေရးနိမ့္ခဲ႔ရတဲ႔ ထုိင္းအသင္းဟာ ဘာရိန္းကုိ ဂုိးျပတ္အႏုိင္ယူခဲ႔ၿပီး ေဘာလုံးေရခံေျမခံေကာင္းတဲ႔ အီရတ္ကုိလည္း အုပ္စုေနာက္ဆုံးပြဲမွာ သေရကစားခဲ႔ကာ အခုလုိ ကြာတားဖုိင္နယ္ကုိ တတ္လွမ္းႏုိင္ခဲ႔တာျဖစ္ပါတယ္။

Photo Credit : Live Sports Asia

ေလ့လာရမိသေလာက္ေတာ့ ထုိ္င္းယူ-၂၃အသင္းဟာ ဒီၿပိဳင္ပြဲကုိ ပထမဆုံးက်င္းပခဲ႔ခ်ိန္ကလြဲၿပီး ေနာက္ဆုံး၃ႀကိမ္ဆက္ ဝင္ေရာက္ကစားခြင့္ ရခဲ႔ရာမွာ အခုတစ္ႀကိမ္မွသာ ကြာတားဖုိင္နယ္အဆင့္ဆီ ေရာက္ရွိႏုိင္ခဲ႔တာလုိ႔ သိရပါတယ္။ ကြာတားမွာေတာ့ ဆီးရီးယား ေဆာ္ဒီအာေရဗ်တုိ႔နဲ႔ ေတြ႕ဆုံရဖြယ္ရွိေနလုိ႔ ဆီမီးဖုိင္နယ္ေရာက္ဖုိ႔က အေတာ္ေလး ခက္ခဲဖြယ္ရွိႏုိင္ပါတယ္။ ေနာက္ထပ္ အာဆီယံကုိယ္စားျပဳအသင္းျဖစ္တဲ႔ ဗီယက္နမ္ကေတာ့ ယူေအအီး ေဂ်ာ္ဒန္ ေျမာက္ကုိရီးယားတုိ႔နဲ႔ တစ္အုပ္စုတည္းက်ေရာက္ေနၿပီး ယူေအအီးနဲ႔ေဂ်ာ္ဒန္ကုိ ႏွစ္ပြဲလုံး ဂုိးမရွိသေရရေအာင္ ကစားထားႏုိင္လုိ႔ ေနာက္ဆုံးပြဲမွာ ေျမာက္ကုိရီးယားကုိ အႏုိင္ယူခဲ႔မယ္ဆုိရင္ ေနာက္တစ္ဆင့္တတ္ဖုိ႔က ေမွ်ာ္လင့္ႏုိင္ပါေသးတယ္။ တျခားအုပ္စုေတြကေတာ့ အုပ္စုပြဲဲစဥ္၂ပြဲသာ ဆင္ႏြဲထားခဲ႔ရေသးၿပီး ေတာင္ကုိရီးယားတစ္သင္းတည္းသာ ေစာစာစီးစီး ကြာတားဖုိင္နယ္အဆင့္ဆီကုိ တတ္လွမ္းထားႏုိင္ခဲ႔ရကာ နာမည္ႀကီးဂ်ပန္ကေတာ့ အုပ္စုကေနေတာင္ လွည့္ျပန္သြားခဲ႔ရၿပီပဲျဖစ္ပါတယ္။

(Unicode)

2020 AFC U-23 Championship ပြိုင်ပွဲမှာ အုပ်စုကနေ နောက်တစ်ဆင့်တတ်ခဲ့ရတဲ့ ထိုင်း

ထိုင်းနိုင်ငံကနေ အိမ်ရှင်အဖြစ်နဲ့ လက်ခံကျင်းပလို့နေတဲ့ ၄ကြိမ်မြောက် 2020 AFC U-23 Championship ဇန်နဝါရီလ ၈ရက်နေ့ကနေ စတင်ယှဉ်ပြိုင်ကစားစေခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ အုပ်စုအဆင့် နောက်ဆုံးပွဲတွေကိုတောင် ရောက်ရှိလာခဲ့ရပြီဖြစ်ပါတယ်။ အာရှအင်အားကြီးအသင်းတွေဖြစ်တဲ့ သြစတြေးလျ ဂျပန် တောင်ကိုရီယား အီရန် အီရတ် ယူအေအီး ကာတာတို့လို အသင်းမျိုးတွေ ပါဝင်သလို အရှေ့တောင်အာရှ အာဆီယံဘက်ကနေလည်း အိမ်ရှင်ထိုင်းအပြင် အာဆီယံထိပ်သီးအသင်းကြီးဖြစ်တဲ့ ဗီယက်နမ်လည်း ပါဝင်လို့နေပါတယ်။

Photo Credit : Bangkok Post

လက်ရှိမှာတော့ အိမ်ရှင်ထိုင်းအသင်း ပါဝင်ဆင်နွဲလို့နေတဲ့ အုပ်စု(A)က အုပ်စုပွဲစဉ်တွေအားလုံး ပြီးဆုံးသွားခဲ့ရပြီဖြစ်ပြီး နာမည်ကြီးသြစတြေးလျအသင်းက ၃ပွဲကစား ၂ပွဲနိုင် ၁ပွဲသရေ ရမှတ်ရမှတ်နဲ့ အုပ်စုဗိုလ်ဖြစ်ခဲ့သလို အာဆီယံကိုယ်စားပြု ထိုင်းအသင်းကလည်း ၁ပွဲနိုင် ၁ပွဲသရေ ၁ပွဲရှုံး ရမှတ်၄မှတ်နဲ့ အုပ်စုဒုတိယနေရာကို ပိုင်ဆိုင်နိုင်ခဲ့ရပြီး နောက်တစ်ဆင့်ကိုလည်း တတ်လှမ်းခွင့်ရသွားခဲ့ပါတယ်။ သြစတြေးလျတစ်သင်းကိုပဲ အရေးနိမ့်ခဲ့ရတဲ့ ထိုင်းအသင်းဟာ ဘာရိန်းကို ဂိုးပြတ်အနိုင်ယူခဲ့ပြီး ဘောလုံးရေခံမြေခံကောင်းတဲ့ အီရတ်ကိုလည်း အုပ်စုနောက်ဆုံးပွဲမှာ သရေကစားခဲ့ကာ အခုလို ကွာတားဖိုင်နယ်ကို တတ်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

Photo Credit : Live Sports Asia

လေ့လာရမိသလောက်တော့ ထို်င်းယူ-၂၃အသင်းဟာ ဒီပြိုင်ပွဲကို ပထမဆုံးကျင်းပခဲ့ချိန်ကလွဲပြီး နောက်ဆုံး၃ကြိမ်ဆက် ဝင်ရောက်ကစားခွင့် ရခဲ့ရာမှာ အခုတစ်ကြိမ်မှသာ ကွာတားဖိုင်နယ်အဆင့်ဆီ ရောက်ရှိနိုင်ခဲ့တာလို့ သိရပါတယ်။ ကွာတားမှာတော့ ဆီးရီးယား ဆော်ဒီအာရေဗျတို့နဲ့ တွေ့ဆုံရဖွယ်ရှိနေလို့ ဆီမီးဖိုင်နယ်ရောက်ဖို့က အတော်လေး ခက်ခဲဖွယ်ရှိနိုင်ပါတယ်။ နောက်ထပ် အာဆီယံကိုယ်စားပြုအသင်းဖြစ်တဲ့ ဗီယက်နမ်ကတော့ ယူအေအီး ဂျော်ဒန် မြောက်ကိုရီးယားတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေပြီး ယူအေအီးနဲ့ဂျော်ဒန်ကို နှစ်ပွဲလုံး ဂိုးမရှိသရေရအောင် ကစားထားနိုင်လို့ နောက်ဆုံးပွဲမှာ မြောက်ကိုရီးယားကို အနိုင်ယူခဲ့မယ်ဆိုရင် နောက်တစ်ဆင့်တတ်ဖို့က မျှော်လင့်နိုင်ပါသေးတယ်။ တခြားအုပ်စုတွေကတော့ အုပ်စုပွဲဲစဉ်၂ပွဲသာ ဆင်နွဲထားခဲ့ရသေးပြီး တောင်ကိုရီးယားတစ်သင်းတည်းသာ စောစာစီးစီး ကွာတားဖိုင်နယ်အဆင့်ဆီကို တတ်လှမ်းထားနိုင်ခဲ့ရကာ နာမည်ကြီးဂျပန်ကတော့ အုပ်စုကနေတောင် လှည့်ပြန်သွားခဲ့ရပြီပဲဖြစ်ပါတယ်။