ထိုင်းဘောလုံး အဖွဲ့ချုပ် (Football Association of Thailand) ကတော့ လက်ရှိရာသီ ထိုင်းလိဂ် ပြိုင်ပွဲမှာ VAR လို့ အတိုကောက်နဲ့ ခေါ်တဲ့ “ကွင်းလယ်ဒိုင် အထောက်အပံ့ ဗီဒီယို”ကို ဆက်လက် အသုံးပြုတော့မှာ မဟုတ်ပါဘူးလို့ တရားဝင် အတိသလင် အတည်ပြုသွားခဲ့တာပဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံက ဘောလုံး ပြိုင်ပွဲမှာ VAR ကို လွန်ခဲ့တဲ့ ဇန်နဝါရီလ (၁၉) ရက်နေ့က ထိုင်းချန်ပီယံ ဖလား ပွဲစဉ် အဖြစ် ဘူရီရမ်ယူနိုက်တက်အသင်း နဲ့ ချန်ဂရေးယူနိုက်တက်အသင်းတို့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ပထမဆုံး အကြိမ် အသုံးပြုခဲ့ပြီး ပထမဆုံး အသုံးပြုတဲ့ ပွဲစဉ်မှာ အငြင်းပွာခဲ့ပါတယ်။

Photo Credit: Gettyimage

ထိုင်းချန်ပီယံဖလား ပွဲစဉ်မှာ VAR ကို ပထမဆုံး အသုံးပြုခဲ့စဉ်က ဘူရီရမ်ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး လူးဝစ် ဆန်တိုဟာ VAR ကြောင့် အနီကဒ် ထိခဲ့တာ ဖြစ်ပြီး သူကတော့ ထိုင်းနိုင်ငံ ဘောလုံး ပြိုင်ပွဲမှာ VAR ကြောင့် ပထမဆုံး အနီကဒ် ထိခဲ့တဲ့ ကစားသမား ဖြစ်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လ (၇) ရက်နေ့မှာ ထိုင်းဘောလုံး အဖွဲ့ချုပ်ရဲ့ ဥက္ကဌ Somyot Poompanmoung က လာမယ့် ဧပြီလ (၁) ရက်နေ့က စပြီး VAR ကို ထိုင်းလိဂ်ပြိုင်ပွဲမှာ အသုံးပြုတော့မှာ မဟုတ်ဘူးလို့ ပြောခဲ့ပြီးနောက် သြဂုတ်လမှာတော့ VAR ကို အသုံးပြုဖို့အတွက် တရားဝင် အတည်ပြုခဲ့ပါတယ်။

Photo Credit: Gettyimage

ASEAN FOOTBALL သတင်းက ဖော်ပြသွားတာကတော့ “ထိုင်းလိဂ်ပြိုင်ပွဲဟာ ကုန်ကျစရိတ်ကို ချွေတာဖို့အတွက် လက်ရှိရာသီမှာ VAR ကို အသုံးပြုတော့မှာ မဟုတ်ဘူး”လို့ ဖော်ပြခဲ့ပြီး ပွဲတစ်ပွဲမှာ VAR ကို အသုံးပြုခက ဒေါ်လာ (၂,၅၀၀) ကျသင့်တယ်လို့လည်း ဖော်ပြသွားပါတယ်။ ASEAN FOOTBALL က ဆက်လက် ဖော်ပြထားတာကတော့ “ထိုင်းလိဂ်ပြိုင်ပွဲ စတင်တဲ့ အခါမှာ ဒိုင်တွေအနေနဲ့ လစာအပြည့်ရမှာ မဟုတ်ဘဲ တစ်ဝက် (၅၀) ရာခိုင်နှုန်းသာ ရရှိမှာ ဖြစ်တယ်လို့ ဖော်ပြခဲ့ပြီး ပြိုင်ပွဲပြန်စတဲ့ အချိန်မှာ VAR ကို ဆက်အသုံးမပြုသွားတော့မှာပဲ ဖြစ်ပါတယ်။