မန္ခ်က္စတာယူနိုက္တက္ ၊ ဂ်ဴဗင္တပ္ ၊ မန္စီးတီးစတဲ့ အသင္းႀကီးေတြမွာ ကစားခဲ့ဖူးၿပီး ဆုဖလားေအာင္ျမင္မွုမ်ားစြာကို ရယူနိုင္ခဲ့တဲ့ အာဂ်င္တီးနားသားႀကီး ေတဗက္ဟာ လက္ရွိမွာေတာ့ ေမြးရပ္ေျမကလပ္ ဘိုကာဂ်ဴနီယာအသင္းမွာ ကစားေနသူပါ။ ေတဗက္ဟာ ကစားသမားဘဝမွာ အသင္းႀကီးေတြမွာ ကစားခဲ့ဖူးသူျဖစ္တာေၾကာင့္ လက္ဖ်ားေငြသီးသူျဖစ္ခဲ့ၿပီး အထူးသျဖင့္ မန္စီးတီးအသင္းရဲ့ ေခတ္ဦးပိုင္းမွာ ပါဝင္ခဲ့စဥ္က သူ႔အတြက္ ဝင္ေငြဟာ အရမ္းကို မ်ားျပားခဲ့ပါတယ္။

Photo Credit: The Times.com

ေတဗက္ဟာ ယူနိုက္တက္အသင္းထံကို ဝက္စ္ဟမ္းအသင္းကေန အငွားနဲ႔ လာေရာက္ ကစားခ်ိန္မွာ ေျခစြမ္းျပနိုင္ခဲ့တာေၾကာင့္ မန္စီးတီးအသင္းရဲ့ အင္အားႀကီးအသင္းျဖစ္ေအာင္ တည္ေဆာက္ခဲ့တဲ့အခ်ိန္မွာ အသင္းရဲ့ အဓိက ကစားသမားတစ္ဦးျဖစ္ခဲ့သူပါ​။ မန္စီးတီးဟာ ေတဗက္ကို ေခၚယူနိုင္ဖို႔အတြက္ ျမင့္မားတဲ့ လစာေငြေတြေရ​ာ ၊ ဆုေၾကးေတြကိုပါ အမ်ားအျပားေပးေခ်ခဲ့ၿပီး ေတဗက္အတြက္ မန္စီးတီးအသင္းမွာ ကစားစဥ္ကာလဟာ ေငြပုံေပၚမွာ စံေနရသလို ျဖစ္ခဲ့ပါတယ္။

Photo Credit: The Times.com

 

ဒါ့ေၾကာင့္လည္း ေတဗက္ဟာ အဆိုပါကာလမွာ ေငြေၾကးခ်မ္းသားတဲ့ အားကစားသမားေတြရဲ့ ထုံးစံအတိုင္း မလိုအပ္တဲ့ေနရာေတြမွာ ေငြသုံးစြဲမွုေတြ ျပဳလုပ္ခဲ့ပါတယ္။ အဆိုပါ ေငြသုံးစြဲမွုေတြထဲက ဟာသဆန္တဲ့ ေငြသုံးစြဲမွုတစ္ခုကို ေျပာျပရမယ္ဆိုရင္ေတာ့ ေတဗက္ဟာ သူ႔ရဲ့ Mailထဲကို ဝင္ေရာက္လာတဲ့ စာေတြကို ဖတ္ရွုေလ့မရွိပဲ မ်ားျပားလာတဲ့အခါမွသာ အဆိုပါ Mailေတြကို ဖြင့္ဖတ္ဖို႔ လူငွားတဲ့ အေၾကာင္းပဲ ျဖစ္ပါတယ္။

Photo Credit: The Times.com

အဆိုပါအေၾကာင္းကို ေဖာက္သည္ခ်ခဲ့တဲ့သူကေတာ့ မန္စီးတီးအသင္းရဲ့ ဒါရိုက္တာေဟာင္း ဂယ္ရီကြတ္ခ္ပဲ ျဖစ္ပါတယ္။ ေတဗက္ရဲ့ ေငြသုံးၾကမ္းခဲ့ပုံကို ကြတ္ခ္က ” တစ္ေယာက္ေယာက္ သူ႔အိမ္ကို ေရာက္တဲ့အခါက်ရင္ သူ႔ရဲ့ Mail ေတြဟာ တစ္ေစာင္မွ ဖြင့္မဖတ္ထားတာကို ျမင္ေတြ႕ရမွာပါ။ တျခားေဘလ္ေတြဆိုလည္း ဒီလိုပါပဲ။ ေတဗက္ဟာ အဲ့ဒီ Mailေတြ ေဘလ္ေတြကို ဖြင္ၿပီး ဖတ္ဖို႔အတြက္ လူငွားေလ့ရွိပါတယ္ ” လို႔ ေျပာျပသြားခဲ့တာပါ။

မန်ချက်စတာယူနိုက်တက် ၊ ဂျူဗင်တပ် ၊ မန်စီးတီးစတဲ့ အသင်းကြီးတွေမှာ ကစားခဲ့ဖူးပြီး ဆုဖလားအောင်မြင်မှုများစွာကို ရယူနိုင်ခဲ့တဲ့ အာဂျင်တီးနားသားကြီး တေဗက်ဟာ လက်ရှိမှာတော့ မွေးရပ်မြေကလပ် ဘိုကာဂျူနီယာအသင်းမှာ ကစားနေသူပါ။ တေဗက်ဟာ ကစားသမားဘဝမှာ အသင်းကြီးတွေမှာ ကစားခဲ့ဖူးသူဖြစ်တာကြောင့် လက်ဖျားငွေသီးသူဖြစ်ခဲ့ပြီး အထူးသဖြင့် မန်စီးတီးအသင်းရဲ့ ခေတ်ဦးပိုင်းမှာ ပါဝင်ခဲ့စဉ်က သူ့အတွက် ဝင်ငွေဟာ အရမ်းကို များပြားခဲ့ပါတယ်။

Photo Credit: The Times.com

တေဗက်ဟာ ယူနိုက်တက်အသင်းထံကို ဝက်စ်ဟမ်းအသင်းကနေ အငှားနဲ့ လာရောက် ကစားချိန်မှာ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် မန်စီးတီးအသင်းရဲ့ အင်အားကြီးအသင်းဖြစ်အောင် တည်ဆောက်ခဲ့တဲ့အချိန်မှာ အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်ခဲ့သူပါ​။ မန်စီးတီးဟာ တေဗက်ကို ခေါ်ယူနိုင်ဖို့အတွက် မြင့်မားတဲ့ လစာငွေတွေရေ​ာ ၊ ဆုကြေးတွေကိုပါ အများအပြားပေးချေခဲ့ပြီး တေဗက်အတွက် မန်စီးတီးအသင်းမှာ ကစားစဉ်ကာလဟာ ငွေပုံပေါ်မှာ စံနေရသလို ဖြစ်ခဲ့ပါတယ်။

Photo Credit: The Times.com

ဒါ့ကြောင့်လည်း တေဗက်ဟာ အဆိုပါကာလမှာ ငွေကြေးချမ်းသားတဲ့ အားကစားသမားတွေရဲ့ ထုံးစံအတိုင်း မလိုအပ်တဲ့နေရာတွေမှာ ငွေသုံးစွဲမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ငွေသုံးစွဲမှုတွေထဲက ဟာသဆန်တဲ့ ငွေသုံးစွဲမှုတစ်ခုကို ပြောပြရမယ်ဆိုရင်တော့ တေဗက်ဟာ သူ့ရဲ့ Mailထဲကို ဝင်ရောက်လာတဲ့ စာတွေကို ဖတ်ရှုလေ့မရှိပဲ များပြားလာတဲ့အခါမှသာ အဆိုပါ Mailတွေကို ဖွင့်ဖတ်ဖို့ လူငှားတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။

Photo Credit: The Times.com

အဆိုပါအကြောင်းကို ဖောက်သည်ချခဲ့တဲ့သူကတော့ မန်စီးတီးအသင်းရဲ့ ဒါရိုက်တာဟောင်း ဂယ်ရီကွတ်ခ်ပဲ ဖြစ်ပါတယ်။ တေဗက်ရဲ့ ငွေသုံးကြမ်းခဲ့ပုံကို ကွတ်ခ်က ” တစ်ယောက်ယောက် သူ့အိမ်ကို ရောက်တဲ့အခါကျရင် သူ့ရဲ့ Mail တွေဟာ တစ်စောင်မှ ဖွင့်မဖတ်ထားတာကို မြင်တွေ့ရမှာပါ။ တခြားဘေလ်တွေဆိုလည်း ဒီလိုပါပဲ။ တေဗက်ဟာ အဲ့ဒီ Mailတွေ ဘေလ်တွေကို ဖွင်ပြီး ဖတ်ဖို့အတွက် လူငှားလေ့ရှိပါတယ် ” လို့ ပြောပြသွားခဲ့တာပါ။