ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်ကတော့ သူတို့အသင်းရဲ့ နံပါတ်တစ် ရည်မှန်းချက်က ဆုဖလားတွေ ရယူဖို့သာ ဖြစ်ကြောင်း အင်တာဗျူး တခုမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

နယ်သာလန် ထိပ်သီးနည်းပြ တဦး ဖြစ်သူ အဲရစ် တန်ဟက်ဂ်က အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက မန်ချက်စတာ ယူနိုက်တက်မှာ ဆာအဲလက်စ် ဖာဂူဆန် နောက်ပိုင်း ဘယ်နည်းပြမှ မရခဲ့တဲ့ အသင်းကို စိတ်ကြိုက် စီမံပိုင်ခွင့် ရရှိထားပါတယ်။

Photo Credit: Metro

လက်ရှိမှာတော့ အဲရစ် တန်ဟက်ဂ်က မန်ချက်စတာ ယူနိုက်တက်ကို သူ့စိတ်ကြိုက် ပုံသွင်းနေကာ အသင်းရဲ့ ဝန်ထမ်းတွေကို တူညီဝတ်စုံ ဝတ်ခိုင်းတာ ၊ အသင်းရဲ့ ကစားသမားတွေကို တူညီတဲ့ အစားအသောက် ပုံစံသာ ကျွေးမွေးတာ စတဲ့ အချက်တွေကို လုပ်ဆောင်ထားတဲ့ အပြင် အသင်းရဲ့ ကစားသမား အဝင် ၊ အထွက်နဲ့ ပတ်သတ်ပြီး အလုံးစုံ ဆုံးဖြတ်ပိုင်ခွင့်လည်း ရှိနေပါတယ်။

ဒါကြောင့်ပဲ တန်ဟက်ဂ်ရဲ့ လက်အောက်မှာ ယခင်က ထိန်းသိမ်းရ ခက်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမား အများစုဟာ လိမ္မာနေကြပြီး ယခုဆိုရင် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားပုံဟာ အတော်လေး တိုးတက်လာကာ တန်ဟက်ဂ်ကတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဦးစားပေး ပစ်မှတ်ဟာ ဆုဖလားတွေ ရယူနိုင်ဖို့သာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

Photo Credit: Metro

တန်ဟက်ဂ်က – “မန်ချက်စတာ ယူနိုက်တက်လို အသင်းမျိုးနဲ့ အလိုက်ဖက်ဆုံး ရည်မှန်းချက်က ဆုဖလား အောင်မြင်မှုတွေပါ။ ကျွန်တော်တို့ကလည်း ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ဖို့ ဦးတည် ကြိုးစားနေပါတယ်။ အသင်းမှာ ရှိတဲ့ ကစားသမားတိုင်းရဲ့ စိတ်ကူးကလည်း ဆုဖလားတွေ အရယူဖို့ပါ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။