MySport Myanmar

ခံစစ်က ဂိုးတွေ အလွယ်တကူ ခွင့်ပြုနေရတယ်လို့ တန်ဟက်ဂ် ညည်းတွား

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က သူ့အသင်း ခံစစ်ပိုင်းက ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ်ပွဲမှာ ဂိုးတွေကို အလွယ်တကူပဲ ခွင့်ပြုနေခဲ့ရတယ်လို့ ညည်းတွား ပြောဆိုသွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ မြူးနစ်မှာ ဟွိုင်လန်း ကက်စီမဲရိုးတို့ရဲ့ သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ပေမယ့်လည်း ခံစစ်ပိုင်း နဲ့ ဂိုးသမား အိုနာနာတို့ရဲ့ အားနည်းမှုတွေကြောင့် ဦးဆောင်မှု နောက်ကနေသာ လိုက်ကစားခဲ့ရပြီး ပွဲအပြီးမှာလည်း (4-3) ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရရင်း ပြိုင်ပွဲစုံ (၃)ပွဲဆက်တိုက်အထိ ရှုံးနိမ့်ခဲ့ရပါတယ်။

Photo Credit : Goal

ဒီပွဲစဉ်နဲ့ ပတ်သက်ပြီး နည်းပြ တန်ဟက်ဂ်က “မြူးနစ်မှာ ဘိုင်ယန်မြူးနစ်အသင်းဘက်ကို ဂိုး (၃)ဂိုးအထိ သွင်းယူပြီး အနည်းဆုံး သရေတစ်မှတ်လောက် ရယူနိုင်ခဲ့တာသင့်တာ ဘာအမှတ်မှ မရခဲ့လို့ ကျွန်တော် စိတ်ပျက်မိပါတယ်။”

“ဂိုးတွေအားလုံးဟာလည်း အလွယ်တကူလေး ခွင့်ပြုလိုက်ရတာဖြစ်လို့ ကိုယ်ဘာတွေ လိုအပ်နေလဲ မှားယွင်းနေပြီလဲဆိုတာ ပြန်ကြည့်ဖို့ လိုအပ်ပါတယ်။ ပထမပိုင်း (၂၅)မိနစ်လောက်မှာ ကျွန်တော်တို့ ကစားနေတာက အိမ်ရှင်အသင်းထက်ကို ပိုကောင်းနေပါသေးတယ်။ ပြီးတော့ ဂိုးပေးလိုက်ရပါရော။”

Photo Credit : Eurosport

“ဒါကလည်း အလွယ်တကူလေး ပေးလိုက်ရတယ်။ နောက်ပြီး ဒါက အိုနာနာနဲ့ပဲ သက်ဆိုင်တာ မဟုတ်ဘူး။ ဆာနေးက သူဘောလုံးကို ဆွဲပြေးသွားချိန်မှာ ဘယ်လောက်တောင် အလွယ်တကူ ရယူသွားလဲဆိုတာ မြင်နိုင်တယ်။ အဲ့ဒီအချိန်မှာ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ လုပ်ရပါမယ်။ ပြိုင်ဘက် ကစားသမားတစ်ဦးကို ဒီလို ဘောလုံးတွေ အလွယ်တကူ ယူဆောင်ဖို့ ခွင့်မပြုသင့်ဘူး။” လို့ ညည်းတွား ပြောဆိုသွားခဲ့ပါတယ်။

အခုဆိုရင် တန်ဟက်ဂ်ရဲ့ ယူနိုက်တက်အသင်းဟာ ပြိုင်ပွဲစုံ နောက်ဆုံး ကစားခဲ့တဲ့ (၃)ပွဲဆက်တိုက် ရှုံးပွဲတွေ ဆက်နေရပြီး အသင်းမှာလည်း ဒဏ်ရာရ ကစားသမားတွေနဲ့ အသင်းတွင်း အသင်းအပြင် ပြသာနာ ဖြစ်နေရတဲ့ ကစားသမားတွေ အရေအတွက် များပြားလို့ နေရပါတယ်။

Exit mobile version