MySport Myanmar

အခွင့်အရေးတွေ မဖန်တီးနိုင်ပေမယ့် အသင်းကောင်းပုံစံမျိုးနဲ့ ကစားသွားခဲ့တယ်လို့ တန်ဟက်ဂ် ဆို

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ မနေ့ညက ဗီလာပါ့ခ်ကွင်းမှာ အိမ်ရှင် အက်စတွန် ဗီလာအသင်းကို ဂိုးမရှိသရေသာ ကစားနိုင်ခဲ့ပြီး ပွဲအပြီးမှာတော့ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်က သူတို့အသင်းဟာ အခွင့်အရေးတွေ များစွာ မဖန်တီးနိုင်ပေမယ့် အသင်းကောင်းပုံစံမျိုးနဲ့တော့ ကစားသွားနိုင်ခဲ့တယ်လို့ ပြောဆိုလိုက်ပါတယ်။

ဗီလာဟာ ပြီးခဲ့တဲ့ ကြားရက်က ဗီလာပါ့ခ်မှာ ကစားခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်း ဘိုင်ယန်မြူးနစ်လို အသင်းကြီး တစ်သင်းကို အနိုင်ရအောင် ကစားနိုင်ခဲ့ပေမယ့် ယူနိုက်တက်လို ရလဒ်တွေ ကစားပုံတွေ မတည်ငြိမ်နေတဲ့ အသင်းကိုတော့ အကောင်းဆုံးပုံစံနဲ့ မကစားနိုင်ခဲ့ပဲ ဂိုးမရှိသရေသာ ဖြစ်ခဲ့ရပါတယ်။

Photo Credit : centredevils

ဒီပွဲအပြီးမှာတော့ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က “အခုပွဲက ဒီရာသီရဲ့ စတုတ္ထမြောက် clean sheets ပွဲစဉ်ပါ။ ဒါက ကျွန်တော်တို့အသင်းမှာ အလွန်ကောင်းမွန်တဲ့ အစုအဖွဲ့နဲ့ စည်းလုံးညီညွတ်မှု ရှိတယ်ဆိုတာ မြင်နိုင်ပါတယ်။ အသင်းအဖွဲ့အနေနဲ့ ကာရိုက်တာကောင်း ရှိနေသလို မဆုတ်မနစ် လုပ်ဆောင်တဲ့ စိတ်လည်း ရှိနေပါတယ်။ စိတ်ပိုင်းဖြတ်ထားတာတွေ ခက်ခဲတဲ့ အခြေအနတွေကနေ ပြန်လည်နှိုးထအောင် လုပ်ဆောင်ခဲ့တယ်။”

“ကျွန်တော်တို့က အခွင့်အရေး တစ်ကြိမ်မှ ခွင့်မပြုခဲ့ပါဘူး။ ဒီလို ခံစစ်ကစားပုံရယ် ကံကောင်းမှု တချို့ရယ် ရှိလိုက်တဲ့အခါ အဆုံးမှာတော့ သူတို့တွေ ကြီးမားတဲ့ အခွင့်အရေးတစ်ခု ရလိုက်ပြီးတော့ ကျွန်တော် ထင်သလောက်တော့ အဲ့ဒီတစ်ကြိမ်လေးပဲ ရလိုက်ပါတယ်။ ကျွန်တော်တို့လည်း အခွင့်အရေးတချို့ ဖန်တီးနိုင်ပေမယ့် ဖန်တီးမှု အများကြီးတော့ မရခဲ့ဘူး။”

Photo Credit : Fabrizio Romano

“ဂိုးတိုင်ထိတာရယ် ရပ်ရှ်ဖို့ဒ် အခွင့်အရေးတွေ ရတာရယ် အသုံးမချနိုင်ခဲ့ဘူး။ ဒါပေမယ့် နှစ်သင်းလုံးက မျှတစွာ ကစားသွားခဲ့ပါတယ်။ ပေါ်တိုနဲ့ပွဲမှာ ကျွန်တော်တို့ရဲ့ build-up က ကောင်းမွန်ခဲ့တယ်။ ပထမပိုင်း (၂၅)မိနစ်အတွင်းမှာ အလွန်ကောင်းခဲ့တယ်။ ပဲလေ့စ်နဲ့ပွဲမှာလည်း possession ပိုင်း အရမ်းကောင်းခဲ့ပြီး ဒီရာသီမှာလည်း ကောင်းကောင်း ကစားနိုင်ခဲ့တယ်။”

“အခုပွဲက ကျွန်တော်တို့ အခွင့်အရေး အများကြီး မဖန်တီးနိုင်ခဲ့ဘဲ အသင်းကောင်း တစ်သင်းအဖြစ်တော့ ကစားသွားခဲ့တယ်။ ပရီးမီးယားလိဂ် (၇)ပွဲ ကစားပြီးချိန်မှာ ကျွန်တော်တို့က အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့ပေမယ့် အဲ့ဒီကနေ တက်လှမ်းနိုင်ဖို့ လိုအပ်ပါတယ်။” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Exit mobile version