MySport Myanmar

မော်ရင်ဟိုနဲ့ ရင်ဆိုင်ရမှာကို သဘောကျမိတယ်လို့ ဖွင့်ဟလိုက်တဲ့ တန်ဟက်ဂ်

လာမယ့် ရက်ပိုင်းအတွင်းမှာပဲ ဂျိုဆေး မော်ရင်ဟို ကိုင်တွယ်နေတဲ့ တူရကီထိပ်သီးကလပ် ဖီနာဘာချီအသင်းဟာ အဲရစ် တန်ဟက်ဂ်ရဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲ league phase ပွဲစဉ် (၃)အဖြစ်နဲ့ ရင်ဆိုင် ယှဉ်ပြိုင်သွားကြရပါတော့မယ်။

စပယ်ရှယ်ဝမ်း နည်းပြကြီး မော်ရင်ဟိုဟာ ဖီနာဘာချီကို မကိုင်တွယ်ခင်က ယူနိုက်တက်နဲ့ (၂)ရာသီခွဲအထိ လက်တွဲခဲ့ပြီး ယူရိုပါလိဂ်ဖလား လိဂ်ဖလား ကွန်မြူနတီဒိုင်းတို့ ရယူပေးနိုင်ခဲ့ပေမယ့် မော်ရင်ဟိုရဲ့ အစဉ်အလားဆိုးအတိုင်း တတိယမြောက် ရာသီမှာပဲ အသင်းကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။

Photo Credit : SPORTbible

ယူနိုက်တက်ကနေ အထုတ်ခံရပြီး စပါး ရိုးမားတို့ကို ဆက်လက် ကိုင်တွယ်ရင်း အဲ့ဒီအသင်းတွေကပါ အထုတ်ပယ်ခံရပြန်တဲ့ မော်ရင်ဟိုဟာ အခုတော့ ဖီနာဘာချီနဲ့အတူ တူရကီ ဘောလုံးနယ်ပယ်မှာ ကျင်လည်နေရင်း မကြာခင်မှာပဲ သူ့အသင်းဟောင်း ယူနိုက်တက်အသင်းနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွင် ပြန်လည် တွေ့ဆုံသွားရပါတော့မယ်။

တန်ဟက်ဂ်ကလည်း မော်ရင်ဟိုလို ယူနိုက်တက်နည်းပြဟောင်း နာမည်ကျော် နည်းပြကြီးတစ်ဦးနဲ့ ရင်ဆိုင်ရမယ့်အပေါ် စိတ်လှုပ်ရှားနေပြီး “ဒီပွဲ ကျွန်တော်တို့ နှစ်ယောက်လုံးအတွက် ကြီးမားတဲ့ ပွဲစဉ်တစ်ပွဲပါပဲ။ သူနဲ့ ရင်ဆိုင် ယှဉ်ပြိုင်သွားရမှာကို ကျွန်တော် တကယ် သဘောကျမိပါတယ်။ သူက အသင်းကောင်းတွေကို အမြဲတမ်း ကိုင်တွယ်ရပါတယ်။”

Photo Credit : Football Trasfer

“သူက နည်းပြနယ်ပယ်ထဲမှာ အောင်မြင်နိုင်သူတစ်ဦးလည်း ဖြစ်ပြီးတော့ ဆုဖလားပေါင်းများစွာကိုလည်း ဆွတ်ခူးထားနိုင်ခဲ့သူပါ။ နောက်ပြီး သူက ဘောလုံးနည်းပြ အားလုံးရဲ့ စံနာမူနာ ယူထိုက်တဲ့ နည်းပြတစ်ဦးဆိုလည်း မမှားပါဘူး။ ဒါကြောင့် ဒီလို နည်းပြမျိုးနဲ့ ရင်ဆိုင်တွေ့ဆုံရမှာကို ကျွန်တော် သဘောကျမိပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ယူနိုက်တက်အသင်းအနေနဲ့ကတော့ ဖီနာဘာချီနဲ့ ရင်ဆိုင်ရမယ့် ယူရိုပါလိဂ်ပွဲစဉ်မှာ သူတို့နည်းပြဟောင်း မော်ရင်ဟိုနဲ့သာမကပဲ ကစားသမားဟောင်းတွေဖြစ်တဲ့ ဘရာဇီးလ် ကွင်းလယ်လူ ဖရက်ဒ်နဲ့ မနှစ်ကမှ အသင်းကို အငှားနဲ့ လာကစားခဲ့တဲ့ မော်ရိုကို ကွင်းလယ်လူ အမ်မရာဘတ်တို့နဲ့ ပြန်လည် ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။

Exit mobile version