မန်ချက်စတာယူနိုက်တက်အသင်းကတော့ အသင်းနဲ့ သတင်းတွေ ထွက်ပေါ်လျက် ရှိနေတဲ့ ဒတ်ချ်လူမျိုး ဘောလုံးနည်းပြ အဲရစ်တန်ဟက်ဂ်ကို (၃)နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်နိုင်ပြီလို့ အတည်ပြု ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်းမှာ ယူနိုက်တက်ဘက်က တန်ဟက်ဂ်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၂၀၀)ထိ သုံးစွဲခွင့်ပေးမယ်လို့ သတင်းတွေ ထွက်ပေါ်လာတဲ့အပြင် တန်ဟက်ဂ် ခေါ်ယူသွားဖွယ် ရှိနိုင်တဲ့ ကစားသမားတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။ ဒီကစားသမားတွေထဲကမှ တန်ဟက်ဂ်ရဲ့ရေဒါထဲ ပါဝင်လာနိုင်တဲ့ အာဖရိက ကစားသမားတွေအကြောင်းကို ဖော်ပြသွားချင်ပါတယ်။

အက််မွန်တတ်ပ်ဆိုဘာ

Edmond Tapsoba Leverkusen 2021

ယူနိုက်တက်က မက်ဂွိုင်းရား ဗာရန်း ဘာယီ ဖီးလ်ဂျုံးစ်တို့လို ခံစစ်မှူးတွေအတွက် ပေါင်သန်း(၂၀၀)လောက် အသုံးပြုထားပေမယ့် အသင်းမှာက ခံစစ်ပိုင်း ယိုယွင်းနေသလို ဒီရာသီမှာလည်း အသင်းခံစစ်က ပရီးမီးယားလိဂ်ပွဲစဉ်တွေအတွင်း (၄၈)ဂိုးထိ ခွင့်ပြုထားရသလို ဒါဟာ ဒီရာသီရဲ့ ပရီးမီးယားလိဂ် (၁၀)သင်းအတွင်း ပေးဂိုးအများဆုံး ဖြစ်နေပါတယ်။ ဒါကြောင့် လေဗာကူဆင် ခံစစ်မှာ ခြေစွမ်းပြနေတဲ့ ဘာကီနာဖာဆို နောက်ခံလူ တက်ပ်ဆိုဘာကို ခေါ်ယူသင့်ပြီး တစ်ဦးချင်း ခံစစ်ပိုင်း ထူးချွန်တတ်တဲ့ သူရဲ့ခံစစ်အရည်အသွေးဟာ ယူနိုက်တက်ခံစစ်အတွက် အမှန်တကယ် အလိုအပ်ဆုံး ဖြစ်နေရပါတယ်။

မက်ဇရာအူယီ

Noussair Mazraoui, Ajax - NAC Breda, 02022018

ယူနိုက်တက်က ဗဟိုနောက်ခံနေရာမှာသာမကပဲ ခံစစ်ညာခြမ်းမှာလည်း ဒါလော့ ဝမ်ဘစ်ဆာခါတို့က အသင်းရဲ့ ခံစစ်အစွန်နေရာတွေအတွက် အရမ်းအားထားရတဲ့ ကစားသမားတွေ မဖြစ်နေသေးတာကြောင့် တန်ဟက်ဂ်အနေနဲ့ သူ့အသင်းဟောင်း အေဂျက်စ်အသင်းရဲ့ မော်ရိုကို ညာနောက်ခံလူ မက်ဇရာအူယီကို ခေါ်ယူသွားဖို့ စီစဉ်သင့်ပါတယ်။ wing back အဖြစ်ပါ ကစားတတ်တဲ့ မက်ဇရာအူယီဟာ ခံစစ်ပိုင်းမှာရော ခံစစ်အစွန်ကနေ ဖြတ်တင်ဘောတွေ ပြုလုပ်ရာမှာပါ ထူးချွန်သူ ဖြစ်ပါတယ်။

ဘစ်ဆူးမား

Yves Bissouma

ဘရိုက်တန်ကွင်းလယ်လူ ဘစ်ဆူးမားက ယူနိုက်တက် ကွင်းလယ်ပိုင်းမှာ လိုအပ်နေသမျှတွေကို ပိုင်ဆိုင်ထားတဲ့ ကစားသမား ဖြစ်ပါတယ်။ ဘစ်ဆူးမားက ပွဲကို ဖတ်ရှုလေ့လာတတ်သူဖြစ်သလို ဘောလုံးကို short pass နဲ့ long pass တွေထိပါ ကျွမ်းကျွင်ပိုင်နိုင်စွာ လုပ်ဆောင်နိုင်သူဖြစ်လို့ တန်ဟက်ဂ်ရဲ့ ၄-၃-၃ ကစားကွက်အတွက် အံ့ဝင်နိုင်သူဖြစ်လို့ အခြားသော ကလပ်အသင်းနဲ့အပြိုင် ကမ်းလှမ်းရမယ်ဆိုရင်တောင် အရခေါ်ယူသင့်ပါတယ်။

ဟိုင်ဒရာ

Amadou Haidara RB Leipzig

မာတစ် မာတာ ပေါ့ဘာ လင်ဂတ်တို့လို ကွင်းလယ်လူတွေ ဆုံးရှုံးရဖို့ ရှိနေတဲ့အပြင် ဖရက် တွမ်မီနေးတို့ရဲ့ ကစားပုံကလည်း အားရစရာ အနေအထားမှာ ရှိမနေတဲ့ ယူနိုက်တက်အနေနဲ့ ကွင်းလယ်ပိုင်းအတွက် ကစားသမား(၂)ဦးလောက်ကို ခေါ်ယူသွားသင့်ပါတယ်။ ဘစ်ဆူးမားလို မာလီနိုင်ငံသားဖြစ်တဲ့ ဟိုင်ဒရာက ဘစ်ဆူးမားနဲ့ ကစားပုံ မတူညီပဲ အသင်းရဲ့ ခံစစ်ပိုင်းရဲ့ အရှေ့မှာ ကွင်းလယ်ခံစစ်နေရာကနေ မားမားမတ်မတ် ကစားတတ်သူဖြစ်ပြီး pressing ပိုင်း ပိုင်နိုင်သူလည်း ဖြစ်ပါတယ်။

အိုဆင်မန်

Victor Osimhen Napoli

တန်ဟက်ဂ်က ဝက်စ်ဟမ်းမှာ ခြေစွမ်းမပြနိုင်တဲ့ ဟယ်လာကိုပါ အေဂျက်စ်မှာ အရမ်းတောက်ပအောင် လုပ်ဆောင်ပေးနိုင်တာဖြစ်လို့ တိုက်စစ်ပိုင်း အပြောင်းအလဲများစွာ ဖြစ်လာနို်င်တဲ့ ယူနိုက်တက်ရဲ့ တိုက်စစ်အတွက် အိုဆင်မန်လို တိုက်စစ်မှူးမျိုးကို အရခေါ်ယူသွားသင့်တယ်။ နာပိုလီ တိုက်စစ်ကစားသမား အိုဆင်မန်ဟာ ဒီရာသီမှာ နာပိုလီအတွက် သွင်းဂိုး(၁၆)ဂိုး သွင်းယူထားနိုင်တယ် ဆိုပေမယ့်လည်း သူသာ ဒဏ်ရာမရထားဘူးဆိုရင် တစ်ရာသီအတွင်း သွင်းဂိုး(၂၅)ဂိုး သွင်းဂိုး(၃၀)လောက် သွင်းယူနိုင်သူ ဖြစ်ပါတယ်။