MySport Myanmar

ယူနိုက်တက်ကို ဗန်ဒယ်ဘိခ် ပြန်လည်ရောက်ရှိလာလိမ့်မယ်လို့ တန်ဟက်ဂ် အတည်ပြု

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြသစ် အဲရစ်တန်ဟက်ဂ်က ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ကာလအတွင်း အဲဗာတန်အသင်းဆီကို ရာသီကုန် အငှားစာချုပ်နဲ့ ပြောင်းရွှေ့ထားခဲ့သူ ဒွန်နီဗန်ဒယ်ဘိခ်အနေနဲ့ လာမယ့်ရာသီမှာ ယူနိုက်တက်အသင်းဆီ ပြန်လည်ရောက်ရှိလာလိမ့်မယ်လို့ အတည်ပြုသွားခဲ့ပြီး အေဂျက်စ်မှာကတည်းက လက်တွဲခဲ့ဖူးတဲ့ ဗန်ဒယ်ဘိခ်နဲ့ ယူနိုက်တက်မှာ ပြန်လည်လက်တွဲလိုတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Sub

အသက်(၂၅)နှစ်အရွှယ်ရှိ နယ်သာလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဗန်ဒယ်ဘိခ်ဟာ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီမှာပဲ နည်းပြတန်ဟက်ဂ်နဲ့အတူ အေဂျက်စ်အသင်းမှာ လက်တွဲခဲ့ပြီး အမှတ်ပေးဖလားနဲ့ ပြည်တွင်းရှုံးထွက်ဖလားတို့ကို ပိုင်ဆိုင်နိုင်ခဲ့ပြီး ၂၀၂ဝခုနှစ် သြဂုတ်မှာပဲ မန်ချက်စတာယူနိုက်တက်အသင်းဆီ ပေါင်(၃၅)သန်းနဲ့ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။ အေဂျက်စ်မှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ ဗန်ဒယ်ဘိခ်ဟာ ယူနိုက်တက်အသင်းမှာတော့ နေရာရဖို့ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပြီး အဲဗာတန်အသင်းဆီ အငှားနဲ့ပါ သွားရောက်ကစားခဲ့ရပေမယ့် လက်ရှိမှာတော့ အေဂျက်စ်နည်းပြဟောင်း တန်ဟက်ဂ်က ယူနိုက်တက်ဆီ ရောက်ရှိလာပြီဖြစ်လို့ ဗန်ဒယ်ဘိခ်အနေနဲ့ ယူနိုက်တက်မှာ ပြန်လည်နေရာရဖို့ အခွင့်အရေး ရရှိလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : SPORTbible

ဗန်ဒယ်ဘိခ်နဲ့ ပတ်သက်ပြီး တန်ဟက်ဂ်က “အဲ့ဒီအချိန်တုန်းက အေဂျက်စ်အသင်းမှာ ကျွန်တော်တို့က ကောင်းမွန်တောင့်တင်းတဲ့ လူစာရင်းမျိုးကို ပိုင်ဆိုင်ခဲ့ပါတယ်။ ကျွန်တော်နဲ့ သူ့ကြားမှာလည်း ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု ရှိထားပြီးတော့ သူနဲ့ ထပ်ဆုံရဖို့ကိုလည်း မျှော်လင့်ထားပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ယူနိုက်တက်မှာ နေရာရဖို့ ခက်ခဲလို့နေရတဲ့ ဗန်ဒယ်ဘိခ်ဟာ အေဂျက်စ်အသင်းမှာတော့ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပြီး သူရဲ့ အေဂျက်စ်ကစားသမားဘဝ နောက်ဆုံးနှစ်ရာသီအတွင်းမှာလည်း သွင်းဂိုး(၂၇)ဂိုးအထိ သွင်းယူနိုင်ခဲ့သလို ၂၀၁၉ခုနှစ်မှာလည်း ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း ရီးယဲလ်မက်ဒရစ် ဂျုဗင်တပ်စ်အသင်းတွေကို ရှုံးထွက်အဆင့်တွေမှာ ကျော်ဖြတ်ရင်း ဆီမီးဖိုင်နယ်အဆင့်ထိပါ တတ်လှမ်းနိုင်ခဲ့ပါသေးတယ်။ အဲ့ဒီအချိန်တုန်းက အေဂျက်စ်ကွင်းလယ်မှာ ဗန်ဒယ်ဘိခ်နဲ့ အတွဲအဖက်မိခဲ့သူ ဖရန့်ကီဒီဂျောင်ကိုပါ ယူနိုက်တက်အသင်းဆီ အရခေါ်ဆောင်သွားဖို့ နည်းပြတန်ဟက်ဂ်က အသေအချာကို ကြိုးပမ်းလုပ်ဆောင်လျက် ရှိနေပါတယ်။

Exit mobile version