မန်ချက်စတာ ယူနိုက်တက်အသင်းနည်းပြ အဲရစ် တန်ဟက်ဂ်က သူ့အနေနဲ့ ယူနိုက်တက်အသင်းကို ကိုင်တွယ်နေစဉ် ကာလတစ်လျှောက်လုံး အတောင့်တင်းဆုံး ပွဲထွက်ကစားသမားစာရင်းကို တစ်ကြိမ်တစ်ခါလေးပဲ အသုံးပြုခဲ့ရဖူးတယ်လို့ ဖွင့်ဟ ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီရာသီထဲမှာ ဒဏ်ရာရ ကစားသမားတွေ အလွန် များပြားနေခြင်းကြောင့် ကစားသမား အသုံးပြုမှုမှာလည်း အဆင်ပြေသလို သုံးစွဲနေရပါတယ်။ ဒီလို အခြေအနေမှာ အသင်းရဲ့ စွမ်းဆောင်ရည်ပိုင်းတွေ တည်ငြိမ်မှု မရှိသလို ရလဒ်ပိုင်းမှာလည်း ကောင်းမွန်ခြင်း မရှိပဲ ရုန်းကန်ခဲ့ရပါတယ်။

Man United are hit with THREE more injuries ahead of their FA Cup  semi-final against Coventry with Harry Maguire Erik ten Hag's ONLY fit  senior centre back for Wembley showdown | Daily

Photo Credit : Daily Mail

အခု ကိုဗင်ထရီအသင်းနဲ့ ရင်ဆိုင်ရမယ့် အက်ဖ်အေဖလား ပွဲစဉ်မှာလည်း ယူနိုက်တက်ရဲ့ ဗဟိုခံစစ်ပိုင်းအတွက် မက်ဂွိုင်းယား တစ်ဦးတည်းသာ fit ဖြစ်နေတာကြောင့် အကယ်ဒမီထွက် လူငယ် ကစားသမားလေးတွေကို ပွဲထုတ် အသုံးပြုလာရဖွယ်ပါ ရှိနေရပါတယ်။

ဒီလို အခြေအနေမျိုးမှာ နည်းပြ တန်ဟက်ဂ်က သူ ယူနိုက်တက်ကို ကိုင်တွယ်ခဲ့တဲ့ ကာလအတွင်း သူ့အတွက် အတောင့်တင်းဆုံး ပွဲထွက်လူစာရင်းကို အသုံးပြုခဲ့ရတဲ့ပွဲဆိုလည်း မနှစ်က မန်စီးတီးအသင်းကို အိမ်ကွင်းမှာ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်တစ်ပွဲသာ ရှိခဲ့ကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။

Photo Credit : Sky Sports

အဲ့ဒီ မန်ချက်စတာဒါဘီပွဲမှာ ယူနိုက်တက်က မန်စီးတီးအသင်းကို (၂)ဂိုး (၁)ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အသင်းရဲ့ပွဲထွက်လူစာရင်းမှာလည်း ဒီဂီယာ ဝမ်ဘစ်ဆာခါ ဗာရန်း လုခ်ရှော မာလာစီယာ ကက်စီမဲရိုး အဲရစ်ဆင် ဖာနန်ဒက်စ် ဖရက်ဒ် မာရှယ်နဲ့ ရပ်ရှ်ဖို့ဒ်တို့ ပါဝင်သွားခဲ့ပါတယ်။

အဲ့ဒီပွဲမှာ တန်ဟက်ဂ်က လုခ်ရှောကို ဗဟိုခံစစ်နေရာမှာ အသုံးပြုပြီး ကွင်းလယ်မှာ ဖရက်ဒ်နဲ့ ကက်စီမဲရိုးတို့ကို ထားခဲ့သလို ဘရူနို ဖာနန်ဒက်စ်ကိုတော့ ညာတောင်ပံ ရပ်ရှ်ဖို့ဒ်ကို ဘယ်တောင်ပံနဲ့ မာရှယ်ကို အထောင်တိုက်စစ် အဲရစ်ဆင်ကို နံပါတ်(၁၀)နေရာတွေမှာ အသုံးပြုခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီပွဲမှာ ယူနိုက်တက်က ဖာနန်ဒက်စ် ရပ်ရှ်ဖို့ဒ်တို့ရဲ့ ဂိုးတွေနဲ့ Comeback နိုင်ပွဲကိုပါ ပိုင်ဆိုင်ခဲ့ရပါတယ်