MySport Myanmar

အဲဗာတန်အသင်းက တန်းဆင်းခြင်းကနေ ရှောင်ရှားနိုင်လိမ့်မယ်လို့ လမ်းပတ် ယုံကြည်

အဲဗာတန်အသင်းဟာ မနေ့့ညက ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအသင်းနဲ့ ရင်ဆိုင်ကစားခဲ့ရာ (၂)ဂိုး (၁)ဂိုးနဲ့ အရေးနိမ့်သွားခဲ့ရတဲ့အတွက် တန်းဆင်းဇုန်နဲ့ အမှတ် အတော်လေးကို ကပ်သွားခဲ့ရပြီး တန်းဆင်းရမယ့် အန္တရာယ်မျိုးနဲ့ နီးစပ်လာခဲ့ပေမယ့်လည်း အဲဗာတန်နည်းပြ ဖရန့်လမ်းပတ်ကတော့ သူတို့အသင်းအနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကနေ တန်းဆင်းရတဲ့ အဖြစ်မျိုးက သေချာပေါက်ကို ရှောင်ရှားနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Sky Sports

ချယ်လ်ဆီးနည်းပြဟောင်း လမ်းပတ်ရဲ့ အဲဗာတန်အသင်းဟာ လမ်းပတ်လက်ထက်မှာလည်း ရလဒ်ပိုင်းတွေက ထူးခြားကောင်းမွန်လာခြင်း မရှိပဲ ဒီနှစ်ရာသီကုန်ဖို့အတွက် လက်ကျန်(၁၀)ပွဲသာ ဆက်လက်ကျန်ရှိနေတဲ့အချိန်မှာ အသင်းက တန်းဆင်းဇုန်နဲ့ (၃)မှတ်လေးသာ ကွာဟတော့တဲ့ အခြေအနေထိ ဆိုးရွှားနေခဲ့ရပါတယ်။ ဒါပေမယ့် မတ်လကမှ အသင်းကို စတင်ကိုင်တွယ်ဖြစ်ခဲ့တဲ့ လမ်းပတ်က သူရဲ့အသင်းဟာ ကစားရမယ့် ပွဲစဉ်တွေ ကျန်ရှိနေသေးတဲ့အတွက် အသင်းအနေနဲ့ တန်းဆင်းရမယ့် အနေအထားကနေ ရှေုာင်ရှားနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

Photo Credit : SportMax

လမ်းပတ်က “ပွဲစဉ်တွေက အများကြီး ကျန်ရှိနေပါသေးတယ်။ ကျွန်တော်တို့ရဲ့ ကံကြမာ အလှည့်အပြောင်းလေး ဖြစ်မယ်ဆိုရင် နယူးကာဆယ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပုံစံမျိုးအတိုင်း ဆက်သွားနေမယ်ဆိုရင် ကျွန်တော်တို့တွေ အဆင်ပြေလာလိမ့်မယ်လို့ ခိုင်မာတဲ့ ယုံကြည်ချက်မျိုး ရှိပါတယ်။ အခု ဒါတွေကို ပြောဆိုနေတာက ဘာမှ အဓိပ္ပါယ် မရှိသေးပါဘူး။ ကျွန်တော်တို့က ကိုယ့်ကိုကိုယ်ပဲ အာရုံစိုက်ရမှာ။ နောက်တစ်ပွဲကလည်း ဘန်လေအသင်းနဲ့ တွေ့ဆုံရမှာမို့ ကြီးမားတဲ့ပွဲစဉ်ပါ။ ဒီပွဲပြီးရင်တော့ ကျွန်တော်တို့တွေ မန်ချက်စတာယူနိုက်တက်နဲ့ ဆက်လက်ရင်ဆိုင်ရပါမယ်။ ခင်ဗျားတို့ ပွဲတွေကို အနိုင်ယူချင်ကြမှာပါ။ ဒီနေ့ကတော့ ပျော်စရာမကောင်းခဲ့ဘူး။ အသင်းလိုက် စုစည်းမှု မရှိနေဘူး အရှုံးကနေ သင်ယူစရာတွေ ရှာမတွေ့ဘူးဆိုရင် ပျော်ရွှင်မှုတွေ ရှိနိုင််မှာ မဟုတ်ပါဘူး။ ဒီလို ပျော်စရာမကောင်းတဲ့ ရလဒ်တွေက ကျွန်တော် ဒီကို ရောက်လာတုန်း (၂)ကြိမ်လောက်ပဲ ဖြစ်ခဲ့ရပေမယ့် ဒါက ကျွန်တော် ဒီကို ရောက်လာတဲ့အချိန်မှာ ရှောင်လွဲလို့မရတဲ့ အခြေအနေတစ်ခု ဖြစ်နေရပါတယ်”

Photo Credit : Goal

“ဝက်စ်ဟမ်းအသင်းကို ကြည့်လိုက်ပါ။ ဒီနေ့မှာ သူတို့ အရမ်းတောင့်တင်းနေပေမယ့် လွန်ခဲ့တဲ့ (၂)နှစ် (၃)နှစ်က သူတို့ဟာ တန်းဆင်းဖို့တောင် ကြုံခဲ့ရပါတယ်။ နောက်ပိုင်းမှာ သူတို့အသင်းကို ပြန်တည်ဆောက်တယ်။ တစုတစည်းတည်း ရှိနေတယ်။ ကစားသမားသစ်တွေ ဖြည့်တင်းတယ်။ ပြီးတော့ ဒီလို အခြေအနေ ဖြစ်လာတယ်။ အဲဗာတန်ကလည်း ကြီးမားတဲ့ သမိုင်းကြောင်းနဲ့ ပရိသတ် အခိုင်အမာ ရှိထားတဲ့ အသင်းတစ်သင်းပါ။ လောလောဆယ်မှာတော့ ဒီအခိုက်အတန့်ကို ဖြတ်ကျော်ဖို့အတွက် ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ကျွန်တော်ကိုယ်တိုင်နဲ့ ကစားသမားတွေက အသင်းအတွက် အရာအားလုံးကို ပေးဆပ်နေပါတယ်။ ကျွန်တော်တို့တွေ ဒီ(၁၀)ပွဲကို သေချာကျော်ဖြတ်နိုင်ရင် ကျွန်တော်တို့ အဆင်ပြေသွားမှာဆိုတာကို ပရိသတ်တွေ သိနိုင်ပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

Exit mobile version