ပြင်သစ်လာလီဂါ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ မိုနာကိုရဲ့ အဓိက ကွင်းလယ်ခံစစ် ကစားသမား ချူအိုမီနီ ကတော့ လာမယ့် နွေအပြောင်းအရွှေ့မှာ စပိန်လာလီဂါ အင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ စိတ်ကူးရှိတာကြောင့် ပရီးမီးယားလိဂ် ထိပ်သီးကလပ် လီဗာပူးရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချလိုက်ကြောင်း ပြင်သစ်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၂နှစ် အရွယ် ပြင်သစ်လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ချူအိုမီနီဟာ ပြင်သစ် လီဂူးဝမ်းပြိုင်ပွဲရဲ့ အကောင်းဆုံး ကွင်းလယ်ခံစစ် ကစားသမား တဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး သူက လာမယ့် နွေအပြောင်းအရွှေ့မှာ မိုနာကိုကနေ ကျိန်းသေပေါက် ထွက်ခွာဖို့ ဆုံးဖြတ်ထားသူလည်း ဖြစ်ပါတယ်။

Photo Credit: 90 Mins

ချူအိုမီနီက နည်းစနစ်ပိုင်းအရ ထိပ်တန်းအဆင့် ရှိတဲ့ ကွင်းလယ်လူ တဦး ဖြစ်သလို ကြံ့ခိုင်မှုပိုင်းလည်း ကောင်းမွန်သူ ဖြစ်တာကြောင့် ဥရောပရဲ့ ထိပ်သီးအသင်းတွေ ဖြစ်ကြတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ လီဗာပူးတို့က သူ့ကို ခေါ်ယူနိုင်ဖို့ အစွမ်းကုန် ကြိုးပမ်းနေကြပါတယ်။

စပိန်နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Marca သတင်းဌာနရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်နဲ့ လီဗာပူးတို့ နှစ်သင်းစလုံးက ချူအိုမီနီကို ခေါ်ယူနိုင်ဖို့ သူ့ရဲ့ အေးဂျင့်ဖြစ်သူနဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်ထားသလို နှစ်သင်းစလုံးကလည်း မိုနာကိုဘက်က ချူအိုမီနီ အတွက် တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ယူရို ၇၀သန်းကို ပေးချေဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။

Photo Credit: 90 Mins

ဒါပေမယ့် ချူအိုမီနီကတော့ သီယာဂိုနဲ့ ဖာဘင်ဟိုတို့ ရှိနေတာကြောင့် ပုံမှန် ပွဲထွက်ခွင့် ရဖို့ မသေချာတဲ့ လီဗာပူးထက် သူ့အတွက် ပုံမှန် ပွဲထွက်ခွင့် ရမယ့် ရီးရဲလ်မက်ဒရစ်ဆီသာ ပြောင်းရွှေ့ချင်နေပြီး ချူအိုမီနီရဲ့ အေးဂျင့်ဖြစ်သူက လီဗာပူးရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချလိုက်ကြောင်း နာမည်ကြီး ပြင်သစ်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ RMC Sportsက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ကနဦးမှာ ရီးရဲလ်မက်ဒရစ်က ပီအက်စ်ဂျီ တိုက်စစ်မှူး အမ်ဘာပေကို ခေါ်ယူချင်တာကြောင့် ချူအိုမီနီကို လာမယ့် နွေအပြောင်းအရွှေ့မှသာ ခေါ်ယူဖို့ စီစဉ်ခဲ့ပေမယ့် အမ်ဘာပေကို လက်လွှတ်ရပြီးနောက် ချူအိုမီနီကို ခေါ်ယူဖို့ ခပ်မြန်မြန် ကြိုးပမ်းလာခဲ့တာ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်က ချူအိုမီနီကို ခေါ်ယူနိုင်မယ်လို့ တထစ်ချ ယုံကြည်ထားကြောင်း ရီးရဲလ်မက်ဒရစ်နဲ့ နီးစပ်တဲ့ သတင်းထောက်တွေက ပြောကြားထားပါတယ်။