MySport Myanmar

အန်တိုနီက သူ့အရည်အသွေးတွေအတွက် သက်သေပြရမယ်လို့ တန်ဟက်ဂ် သတိပေး

တောင်ပံကစားသမား အန်တိုနီ ဆန်းတို့စ်က အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ကစားသမားတစ်ယောက် ဖြစ်ပေမယ့် သူ့အနေနဲ့ သူရဲ့အရည်အသွေးတွေအတွက် သက်သေပြဖို့ လိုအပ်တယ်လို့ မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ်က သတိပေးလိုက်ပါတယ်။

ဘရာဇီးလ် ညာတောင်ပံကစားသမား အန်တိုနီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကတည်းက အေဂျက်စ်ကနေ ယူနိုက်တက်အသင်းဆီ ရောက်ရှိနေခဲ့ပေမယ့် လက်ရှိအချိန်ထိ အသင်းအတွက် ဘာမှ မယ်မယ်ရရ စွမ်းဆောင်နိုင်ခြင်း မရှိသေးပဲ ရုန်းကန်နေရပါတယ်။

Photo Credit : Football Transfers

နည်းပြ တန်ဟက်ဂ်က သူနဲ့ အေဂျက်စ်မှာ လက်တွဲခဲ့တဲ့ သူ့တပည့်ပေါင်း အန်တိုနီကို ယူရို သန်း(၁၀၀)နီးပါးအထိ အသုံးပြုပြီး ယူနိုက်တက်ဆီ ခေါ်ဆောင်ခဲ့ပေမယ့်လည်း အန်တိုနီရဲ့ ခြေစွမ်းပိုင်းတွေက ထက်မြက်လာခြင်း မရှိတဲ့အပြင် အခုဆို ပွဲကစားခွင့်တွေပါ နည်းသထက် နည်းလာခဲ့ရပါတယ်။

လက်ရှိမှာလည်း အသင်းရဲ့ ပူးတွဲပိုင်ရှင်ဖြစ်တဲ့ ဆာဂျင်ရက်ကလစ်ဖ်နဲ့ INEOS အဖွဲ့တို့က ယူနိုက်တက်ရဲ့ ဘောလုံးပိုင်းဆိုင်ရာတွေကို ကိုင်တွယ်သွားမှာဖြစ်ပြီး အသင်းမှာ ခြေစွမ်းမပြနိုင်တဲ့ ကစားသမားတွေကိုပါ ရှင်းထုတ်ဖို့ ရှိနေသလို ဒီထဲမှာ အန်တိုနီလည်း ပါဝင်လာနိုင်ဖွယ် ရှိနေရပါတယ်။

Photo Credit : The Sun

အန်တိုနီရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နည်းပြ တန်ဟက်ဂ်က “သူက အချက်တစ်ခုကို သက်သေပြရပါမယ်။ အဲ့ဒါက သူရဲ့ အရည်အသွေးနဲ့ ပတ်သက်ပြီး သက်သေပြဖို့ပါ။ ဒါကို သူလုပ်ဆောင်ပါလိမ့်မယ်။ သူ့မှာ ဘယ်လောက်အထိ အရည်အသွေးကောင်းတွေ ရှိနေတယ် ဆိုတာကို ကျွန်တော် သိထားတယ်။”

“ပြီးတော့ သူ့မှာ ကြီးမားတဲ့ အလားအလာကောင်းတွေလည်း ရှိနေတယ်။ ဒါကို သူ မပြသနိုင်သေးပဲ ဖြစ်နေပါတယ်။ နောက်ပြီး မန်ယူနိုက်တက်လို အသင်းမျိုးမှာကတော့ နေရာတိုင်းအတွက် အပြိုင်အဆိုင်တွေက အမြဲရှိနေမှာ။” လို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version