MySport Myanmar

ဘရူနိုက ယူနိုက်တက် အသင်းခေါင်းဆောင်အဖြစ် ဆက်ရှိမယ်လို့ တန်ဟက်ဂ် ဆို

လက်ရှိ မန်ယူနိုက်တက်အသင်းမှာ အသင်းခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဖြစ်လာပေါ်လာနိုင်တယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာခဲ့ပေမယ့် အသင်းနည်းပြ အဲရစ်တန်ဟက်ဂ်ကတော့ အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ဆက်ရှိနေလိမ့်မယ်လို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Sky Sports

အသင်း ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်နဲ့ ပတ်သတ်ပြီး တန်ဟက်ဂ်က “ဘရူနိုဖာနန်ဒက်စ်ကို အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခွင့်ရခဲ့လို့ ဝမ်းသာပါတတယ်။ သူက အသင်းခေါင်းဆောင် ဖြစ်နေတုန်းပဲဆိုတာ သေချာပါတယ်။ သူက အရမ်းကောင်းတဲ့ ရာသီတစ်ခုကို ဖြတ်သန်းနေတယ်လို့ ထင်ပါတယ်။ သူက ဒီရာသီမှာ အသင်းအတွက် အရေးပါတဲ့ အခန်းတဏ္ဍတစ်ခုကနေ ပါဝင်နေပါတယ်။ သူက အသင်းအတွက် ခွန်အားတွေ ပေးပြီး ပြင်းထန်တဲ့ ကြိုးစားအားထုတ်မှုအပြည့်နဲ့ အသင်းကို အကူအညီပြုနေတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Twitter

“ကျွန်တော် ဘရူနိုနဲ့ တွဲဖက်ကစားရတာ ပျော်ရွှင်မိပါတယ်။ ဒါကို ခင်ဗျားတို့ စိတ်ကူးကြည့်နိုင်ပါတယ်။ ကျွန်တော် သူ့နောက်မှာ ရာနှုန်းပြည့် ရှိနေပါတယ်။ ဘရူနိုက တခြား ကစားသမားတွေကို ပိုကောင်းတဲ့ ခေါင်းဆောင်တွေ ဖြစ်လာအောင် ကူညီပေးခဲ့ပါတယ်” လို့ ဖာနန်ဒက်စ်ရဲ့ အသင်းဖော် မားကပ်စ်ရပ်ရှ်ဖို့ဒ်က ပြောဆိုသွားခဲ့ပါတယ်။ ဒီရာသီမှာ အသင်းခေါင်းဆောင်အဖြစ် နောက်ခံလူ ဟယ်ရီမက်ဂွိုင်းယားကို ဆက်လက် တာဝန်ပေးထားခဲ့ပေမယ့်လည်း ခံစစ်မှာ မက်ဂွိုင်းယားထက် ဗာရန်း မာတီနက်ဇ်တို့ကိုသာ ပိုမို နေရာပေးဖြစ်တာကြောင့် အသင်းခေါင်းဆောင် တာဝန်ကိုလည်း ဖာနန်ဒက်စ်ကိုပဲ လွှဲပြောင်းထားခဲ့ရပါတယ်။ လီဗာပူးလ်နဲ့ပွဲစဉ်မှာ ဖာနန်ဒက်စ်ရဲ့ အပြုအမှုတွေနဲ့ ပတ်သတ်ပြီး မေးခွန်းထုတ်စရာတွေ ဖြစ်ခဲ့ရပေမယ့် နည်းပြတန်ဟက်ဂ်ကတော့ အသင်းခေါင်းဆောင်အဖြစ် ဖာနန်ဒက်စ်ကိုပဲ ဆက်လက် တာဝန်ပေးသွားမှာဖြစ်ကြောင်းနဲ့ ဖာနန်ဒက်စ်ကလည်း အသင်းရဲ့ အရေးကြီးတဲ့ ကစားသမားတစ်ဦး ဆက်ရှိနေမယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version