ဒီနှစ် ဘောလုံးရာသီမှာ ချန်ပီယံရှစ် ကလပ် ဆန်းဒါးလန်းအသင်းဆီ တစ်ရာသီ အငှားနဲ့ သွားရောက် ကစားခဲ့ရသူ လူငယ် တောင်ပံ ကစားသမားလေး အာမတ်ဒီယဲလ်လိုဟာ လာမယ့်ရာသီမှာတော့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပြန်လည် ပူးပေါင်းရဖို့ ရှိနိုင်တယ်လို့ ယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်ဂ်က ပြောဆိုသွားခဲ့ပါတယ်။

weallfollowunited.com/wp-content/uploads/2021/01/G...

Photo Credit : Manchester United

အသက်(၂၀)အရွယ်ရှိ အိုင်ဗရီကို့စ် လက်ရွေးစင် ကစားသမားလေး အာမတ်ဟာ ၂၀၂၁ခုနှစ်ကမှ အတ္တလန်တာကနေ ယူနိုက်တက်အသင်းဆီ ရောက်ရှိလာခဲ့ပြီး သူရဲ့ ပထမဆုံး ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ (၈)ပွဲသာ ကစားခွင့်ရခဲ့ကာ နောက်ထပ် တစ်ရာသီမှာတော့ (၁)ပွဲလေးသာ ကစားခဲ့ရရင်း ရိန်းဂျားစ်အသင်းဆီ ရာသီကုန်အထိ အငှားနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ ရိန်းဂျားစ်အသင်းမှာ စကော့တလန်ဖလားနဲ့ ယူရိုပါလိဂ် ဒုတိယဆုတို့ကို ပိုင်ဆိုင်ခဲ့တဲ့ အာမတ်ဟာ ရိန်းဂျားစ်နဲ့ အငှား ပြည့်သွားချိန်မှာတော့ ချန်ပီယံရှစ်ကလပ် ဆန်းဒါးလန်းအသင်းဆီ အငှားနဲ့ ထပ်မံ ပြောင်းရွှေ့ရပါတော့တယ်။

Special player' - Manchester United fans send Amad Diallo message after  outstanding Sunderland performance - Manchester Evening News

Photo Credit : Manchester Evening News

ဆန်းဒါးလန်းအသင်းဆီ တစ်ရာသီ အငှားနဲ့ ပြောင်းရွှေ့ခဲ့တဲ့ အာမတ်ဟာ ဆန်းဒါးလန်းအတွက် ချန်ပီယံရှစ် ပွဲပေါင်း (၃၇)ပွဲ ကစားထားပြီး (၁၃)ဂိုး သွင်းယူပေးရင်း (၃)ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။ (၃၇)ပွဲမှာ (၁၆)ဂိုး ပါဝင်ပတ်သက်ထားပြီး အသင်းကို ချန်ပီယံရှစ် ပလေးအော့အဆင့်ထိ ပို့ဆောင်ထားနိုင်တဲ့ အာမတ်ဟာ ဆန်းဒါးလန်းအသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး လူငယ် ကစားသမားဆုကိုပါ ပိုင်ဆိုင်ထားခဲ့ရပါသေးတယ်။ ဒီလို အရည်အသွေးကောင်းတွေ ပြသထားနိုင်တဲ့ အာမတ်နဲ့ ပတ်သက်ပြီး ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က “ဟုတ်ပါတယ်။ သူရဲ့ အနာဂတ်က မန်ချက်စတာယူနိုက်တက်မှာပဲ ရှိနေပါတယ်။ ကျွန်တော်တို့ဘက်ကနေ ကစားသမားတွေကို အငှားချရတာက ကစားသမားတွေရဲ့ စွမ်းဆောင်ရည်တွေ တိုးတတ်လာဖို့နဲ့ ဒီလို တိုးတတ်လာချိန်မှာ အသင်းဆီ ပြန်ခေါ်ယူဖို့ပါပဲ။ ဒါ ကစားသမားတွေကို အငှားချရတဲ့ ရည်ရွယ်ချက်ပါပဲ” လို့ ပြောဆိုသွားခဲ့ပါတယ်။

 

Photo Credit : The Mirror

လက်ရှိ ယူနိုက်တက်အသင်းရဲ့ တောင်ပံတွေမှာ ရပ်ရှ်ဖို့ဒ် ဆန်ချို အန်တိုနီ ဂနာချိုတို့လို winger တွေ ရှိနေပေမယ့််လည်း အာမတ်က တောင်ပံကိုမှ ဘယ်ညာ နှစ်ဖက်လုံး ကစားတတ်သူ ဖြစ်တဲ့အပြင် ဆန်းဒါးလန်းမှာတုန်းက တိုက်စစ် နောက်ချန်တိုက်စစ်နဲ့ ကွင်းလယ်တိုက်စစ် နေရာတွေထိပါ ကစားခဲ့ရတာမို့ နေရာအစုံမှာ အသုံးပြနိုင်တဲ့အတွက် လာမယ့် ရာသီမှာတော့ အသင်းအတွက် အသုံးပြုသွားဖွယ် ရှိနေပါတယ်။