မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က ဘယ်ခြမ်း ခံစစ်နေရာအတွက် သူ့တပည့်ဟောင်းဖြစ်သူ ဘယ်နောက်ခံ ကစားသမား နီကိုလပ်စ် တာဂလီယာဖီဂိုကိုပါ ချိန်ရွယ်လျက် ရှိနေတယ်လို့ သိရပါတယ်။

အာဂျင်တီးနား ဘယ်ခြမ်း ခံစစ်ကစားသမား တာဂလီယာဖီဂိုက လက်ရှိ လိုင်ယွန်အသင်းမှာ ပါဝင်နေပေမယ့် အသင်းဟောင်း အေဂျက်စ်မှာ နည်းပြ တန်ဟက်ဂ်နဲ့ အတူ လက်တွဲခဲ့ဖူးပါတယ်။

Photo Credit : TEAMtalk

လက်ရှိ ယူနိုက်တက်အသင်းရဲ့ ဘယ်ခြမ်း ခံစစ်မှာ လုခ်ရှော နဲ့ မာလာစီယာတို့ဟာ ဒဏ်ရာ အခြေအနေတွေ အသီးသီးနဲ့ ကြုံတွေ့နေရပြီး လူငယ် ဘယ်နောက်ခံလူ ဖာနန်ဒက်ဇ်ဟာလည်း ဂရန်နာဒါအသင်းဆီ အငှားနဲ့ ပြောင်းရွှေ့ဖို့ နီးစပ်နေတာမို့ အခုလို ဘယ်နောက်ခံလူတစ်ဦးကို အငှား ကမ်းလှမ်းမှုနဲ့ ခေါ်ယူဖို့ စီစဉ်လာခဲ့ပါတယ်။

ယူနိုက်တက်က ဘယ်ခြမ်း ခံစစ်နေရာအတွက် ချယ်လ်ဆီးက ကူကူရယ်လာ ၊ စပါးက ရယ်ဂီလွန် နဲ့ ဘာစီလိုနာက အလွန်ဆိုတို့ စပိန် ဘယ်နောက်ခံလူ (၃)ဦးကို စိတ်ဝင်စားနေပြီး ကူကူရယ်လာ နဲ့ အလွန်ဆိုတို့ကိုပါ ဆက်သွယ်မှုတွေ လုပ်ဆောင်ထားခဲ့ပါသေးတယ်။

Photo Credit : United in Focus

ဒီလို ဆက်သွယ်မှုတွေ လုပ်ဆောင်ထားရင်း ယူနိုက်တက် နည်းပြ တန်ဟက်ဂ်က သူ့တပည့်ဟောင်း တာဂလီယာဖီဂိုရဲ့ အခြေအနေကိုပါ စုံစမ်းပေးဖို့ အသင်းထံ တောင်းဆိုထားခဲ့ပါသေးတယ်။

အသက် (၃၀)အရွယ် အာဂျင်တီးနား လက်ရွေးစင် ကစားသမား တာဂလီယာဖီဂိုဟာ သူရဲ့လက်ရှိကလပ် လိုင်ယွန်အသင်းမှာ အဓိက ကစားသမားတစ်ဦး ဖြစ်နေပြီး ဒီရာသီမှာလည်း လီဂူး (၃)ပွဲလုံး ပွဲချိန်ပြည့် ကစားထားခဲ့ရလို့ ဒီကစားသမားကို အငှားချဖို့က ဖြစ်နိုင်ခြေ အလွန်နည်းပါးနိုင်ပါတယ်။