ရိုးမားအသင်းရဲ့ တိုက်စစ်ကစားသမား တမ်မီအေဘရာဟမ်ဟာ အခုနှစ် နွေဈေးကွက်အတွင်း သူ့ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေကြတဲ့ ပရီးမီးယားလိဂ် ကလပ်အသင်းတွေဆီကို ပြောင်းရွှေ့ကစားဖို့ ဆန္ဒမရှိသလို ကမ်းလှမ်းမှုအချို့ကိုလည်း ပယ်ချထားခဲ့ကာ ရိုးမားအသင်းမှာပဲ ဆက်လက်ရှိနေသွားမယ်လို့ သိရှိရပါတယ်။

What Tammy Abraham did in Europa Conference League final to recreate iconic  David Luiz moment - football.london

Photo Credit : Football London

ပြီးခဲ့တဲ့နွေရာသီကမှ ချယ်လ်ဆီးကနေ ရိုးမားအသင်းဆီ ရောက်ရှိလာခဲ့သူ အင်္ဂလန် တိုက်စစ်ကစားသမား အေဘရာဟမ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရိုးမားအသင်းအတွက် အကောင်းဆုံး ခြေစွမ်းတွေ ပြသနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ (၂၇)ဂိုးအထိကို သွင်းယူနိုင်ခဲ့သလို ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့တဲ့ ယူရိုပါကွန်းဖရန့်စ်လိဂ်ပြိုင်ပွဲမှာလည်း ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့တဲ့ အေဘရာဟမ်ကို မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတွေက ပရီးမီးယားလိဂ်ဆီ ပြန်လည်ခေါ်ဆောင်သွားဖို့ စိတ်ဝင်စားလာခဲ့ပေမယ့် အေဘရာဟမ်ကိုယ်တိုင်ကတော့ ရိုးမားမှာပဲ ဆက်လက်ရှိသွားချင်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Tammy Abraham: Why I had to leave Chelsea and how Jose Mourinho has already  made me a better player | Evening Standard

Photo Credit : Evening Standard

အသက်(၂၄)နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား အေဘရာဟမ်ဟာ ချယ်လ်ဆီးအသင်းရဲ့ လူငယ်အကယ်ဒမီကနေ ကစားသမားဘဝကို စတင်ခဲ့တာဖြစ်ပြီး ဘရစ္စတိုးလ် ဆွမ်ဆီးနဲ့ အက်စတွန်ဗီလာအသင်းတွေမှာ အငှားနဲ့ သွားရောက်ကစားခဲ့ပြီးမှ ချယ်လ်ဆီးစီနီယာအသင်းမှာ နေရာ စတင်ရရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးမှာ (၂)ရာသီသာ ပါဝင်ခဲ့ရပြီး ချယ်လ်ဆီးကို လူကာကူ ပြန်လည်ရောက်ရှိလာချိန်မှာတော့ အေဘရာဟမ်လည်း ရိုးမားအသင်းဆီ ရောင်းချခံလိုက်ရပါတယ်။ အေဘရာဟမ်ဟာ ရိုးမားအသင်းမှာတော့ ချယ်လ်ဆီးနည်းပြဟောင်း ဂျိုဆေးမော်ရင်ဟိုနဲ့ တွဲဖက်ပြီး သူရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တဲ့အပြင် စီးရီးအေမှာလည်း သွင်းဂိုး (၁၇)ဂိုးနဲ့ ကွန်းဖရန့်စ်လိဂ်မှာလည်း (၉)ဂိုးအထိကို သွင်းယူနိုင်ခဲ့ပါတယ်။ ဒီလို သွင်းဂိုးစွမ်းရည်တွေကြောင့် အေဘရာဟမ်ကို ယူနိုက်တက်အသင်းက အဓိက စိတ်ဝင်စားလာခဲ့တာဖြစ်ပြီး ခရစ္စတီယာနိုရော်နယ်လ်ဒို နေရာမှာ အစားထိုးသွားချင်နေပေမယ့် အေဘရာဟမ်ကိုယ်တိုင်ကတော့ ယူနိုက်တက် အပါအဝင် ဘယ်ပရီးမီးယားလိဂ် ကလပ်အသင်းကိုမှ မပြောင်းရွှေ့ချင်ပဲ ကမ်းလှမ်းမှု တချို့ကိုပါ ပယ်ချထားခဲ့ပါသေးတယ်။ အေဘရာဟမ်က လက်ရှိမှာ အင်္ဂလန်ကိုပြန်ပြီး အသင်းအပြောင်းအလဲ လုပ်ဆောင်သွားဖို့ ဆန္ဒမရှိပဲ သူရဲ့ကလပ်အသင်းဖြစ်တဲ့ ရိုးမားအတွက်ကိုပဲ အာရုံစိုက်လျက် ရှိနေတယ်လို့ သိရပါတယ်။