ဒီႏွစ္ေဘာလုံးရာသီမွာ ခ်ယ္လ္ဆီးအသင္းက ကစားသမားေခၚယူဖုိ႔ ပိတ္ပင္တားျမစ္ခံထားရလုိ႔ အသင္းရဲ႕ လူငယ္ကစားသမားေတြကုိပဲ ေနရာေပးလာခဲ႔ၿပီး ဒီကစားသမားေတြထဲကမွ တုိက္စစ္မွဴးေလး တမ္မီေအဘရာဟမ္ကေတာ့ အသင္းအတြက္ အေကာင္းဆုံးအက်ိဳးျပဳနုိင္ဆုံး ကစားသမားတစ္ေယာက္ျဖစ္ခဲ႔ၿပီး အသင္းအတြက္လည္း ပရီးမီးယားလိဂ္ၿပိဳင္ပြဲအတြင္းမွာ သြင္းဂုိး၈ဂုိးအထိေတာင္ သြင္းယူထားႏုိင္ခဲ႔ပါတယ္။ ဒီလုိ အသင္းအတြက္ကုိ အရမ္းေတာက္ပထားႏုိင္ခဲ႔တဲ႔ ေအဘရာဟမ္ကုိ အဂၤလန္လက္ေရြးစင္အသင္းနည္းျပေဆာက္ဂိတ္ကေန အသင္းရဲ႕ လူစာရင္းမွာ ထည့္သြင္းေရြးခ်ယ္လာခဲ့ၿပီလုိ႔ သိရွိရပါတယ္။

Photo Credit : Getty Images

မႏွစ္က ေဘာလုံးရာသီမွာတုန္းက အက္စတြန္ဗီလာအသင္းမွာ တစ္ရာသီအငွားစာခ်ဳပ္နဲ႔ သြားေရာက္ကစားခဲ႔ၿပီး အသင္းကုိ ခ်န္ပီယံရွစ္ကေန ပရီးမီးယားလိဂ္ၿပိဳင္ပြဲဆီကုိ အဓိကပုိ႔ေဆာင္ေပးခဲ႔သူလည္းျဖစ္ပါတယ္။  အခုလည္း ခ်ယ္လ္ဆီးအသင္းအတြက္ သြင္းဂုိးေတြကုိ ဆက္တုိက္သြင္းယူေပးခဲ႔ႏုိင္တာေၾကာင့္ မၾကာခင္ရက္ပုိင္းအတြင္းမွာ ယူရုိ-၂၀၂၀ ေျခစစ္ပြဲေတြကုိ ဝင္ေရာက္ဆင္ႏြဲရေတာ့မယ့္ အဂၤလန္လက္ေရြးစင္အသင္းအတြက္ကုိပါ ေရြးခ်ယ္ခံလုိက္ရတာပဲျဖစ္ပါတယ္။ အခုလုိ အဂၤလန္အသင္းမွာ ပါဝင္ကစားရေတာ့မယ့္အေရးနဲ႔ပတ္သက္ၿပီး ေအဘရာဟမ္က “ ကြ်န္ေတာ့္ကုိ ႏုိင္ငံလက္ေရြးစင္အသင္းႀကီးကေန အၿပိဳင္အဆုိင္ အလုိရွိေနၾကတာကုိ ဝမ္းသာမိပါတယ္”

Photo Credit : Getty Images

“တကယ္တမ္းက်ေတာ့ ကြ်န္ေတာ္က အဂၤလန္လက္ေရြးစင္အသင္းအတြက္ကုိ ပါဝင္ကစားေစခ်င္တာပါ။ ကြ်န္ေတာ္ကုိယ္တုိင္ကုိက အဂၤလန္မွာေမြးၿပီးေတာ့ အဂၤလန္မွာပဲ ၾကီးျပင္းလာခဲ႔တာဆုိေတာ့ေလ။ အဂၤလန္အတြက္ ပါဝင္ႏုိင္ဖုိ႔က ကြ်န္ေတာ္ရဲ႕ အိမ္မက္တစ္ခုပါ။ ႏုိင္ဂ်ီးရီးယားကလည္း အသင္းႀကီးတစ္သင္းပါပဲ။ ကြ်န္ေတာ္ဒီအသင္းႏွစ္လုံးကုိ ခ်စ္ျမတ္ႏုိးပါတယ္။ ဒါေပမယ့္လည္း ကြ်န္ေတာ္အေနနဲ႔ကေတာ့ အဂၤလန္မွာပဲ ပုိမုိကစားခ်င္တာပါ” လို႔ ထုတ္ေဖာ္ေျပာဆုိလာခဲ႔ပါတယ္။ ဒါ့အျပင္ အဂၤလန္တုိက္စစ္ပုိင္းမွာ သူနဲ႔အၿပိဳင္အဆုိင္ျဖစ္လာရေတာ့မယ့္ ဟာရီကိန္းနဲ႔ပတ္သက္ၿပီးေတာ့ကုိလည္း ေအဘရာဟမ္က “ဟာရီကိန္းက ကြ်န္ေတာ္ခပ္ငယ္ငယ္ကတည္းကေန ေစာင့္ၾကည့္ခဲ႔ရတဲ႔ ကစားသမားတစ္ေယာက္ပါ”

Photo Credit : Getty Images

“ကြ်န္ေတာ့္အတြက္ေတာ့ သူက ကမာၻေပၚက အေကာင္းဆုံးတုိက္စစ္မွဴးတစ္ေယာက္ပါ။ အခု ကြ်န္ေတာ္အဂၤလန္အသင္းဆီကုိ ေရာက္လာခဲ့ၿပီဆုိေတာ့ သူေလ့က်င္ခန္းဆင္းတာကုိလည္း အနီးကပ္ေလ့လာႏုိင္မယ္။ သူနဲ႔လည္းအတူတူ ေလ့က်င့္ခန္းဆင္းႏုိင္မယ္။ သူနဲ႔ပါ တြဲကစားရလာတဲ႔အထိကုိ အခြင့္အေရးေတြ ရလာခ်င္ပါတယ္။  သူက ကြ်န္ေတာာ္ရဲ႕ အၿမဲတမ္းေလးစားအားက်ရသူတစ္ေယာက္အျဖစ္ ဆက္လက္ရွိေနဦးမွာပါ” လုိ႔ ဖြင့္ဟေျပာဆုိလာခဲ႔ပါတယ္။ ေအဘရာဟမ္ဟာ အဂၤလန္အသင္းရဲ႕ ေျခစမ္းပြဲ၂ပြဲကုိသာ ပါဝင္ကစားထားခဲ႔ဖူးတာျဖစ္ၿပီး အခုမွသာ အဂၤလန္အသင္းအတြက္ တရားဝင္ၿပိဳင္ပြဲတစ္ခုကုိ ဝင္ေရာက္ကစားခြင့္ရတာပဲျဖစ္ပါတယ္ခင္ဗ်ာ။

(Unicode)

အင်္ဂလန်မှာ ပါဝင်ကစားရဖို့အတွက် အမြဲတမ်းအိမ်မက်မက်ခဲ့ရတာလို့ အေဘရာဟမ်ဖွင့်ဟလာ

ဒီနှစ်ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းက ကစားသမားခေါ်ယူဖို့ ပိတ်ပင်တားမြစ်ခံထားရလို့ အသင်းရဲ့ လူငယ်ကစားသမားတွေကိုပဲ နေရာပေးလာခဲ့ပြီး ဒီကစားသမားတွေထဲကမှ တိုက်စစ်မှူးလေး တမ်မီအေဘရာဟမ်ကတော့ အသင်းအတွက် အကောင်းဆုံးအကျိုးပြုနိုင်ဆုံး ကစားသမားတစ်ယောက်ဖြစ်ခဲ့ပြီး အသင်းအတွက်လည်း ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်းမှာ သွင်းဂိုး၈ဂိုးအထိတောင် သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒီလို အသင်းအတွက်ကို အရမ်းတောက်ပထားနိုင်ခဲ့တဲ့ အေဘရာဟမ်ကို အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြဆောက်ဂိတ်ကနေ အသင်းရဲ့ လူစာရင်းမှာ ထည့်သွင်းရွေးချယ်လာခဲ့ပြီလို့ သိရှိရပါတယ်။

Photo Credit : Getty Images

မနှစ်က ဘောလုံးရာသီမှာတုန်းက အက်စတွန်ဗီလာအသင်းမှာ တစ်ရာသီအငှားစာချုပ်နဲ့ သွားရောက်ကစားခဲ့ပြီး အသင်းကို ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို အဓိကပို့ဆောင်ပေးခဲ့သူလည်းဖြစ်ပါတယ်။  အခုလည်း ချယ်လ်ဆီးအသင်းအတွက် သွင်းဂိုးတွေကို ဆက်တိုက်သွင်းယူပေးခဲ့နိုင်တာကြောင့် မကြာခင်ရက်ပိုင်းအတွင်းမှာ ယူရို-၂၀၂၀ ခြေစစ်ပွဲတွေကို ဝင်ရောက်ဆင်နွဲရတော့မယ့် အင်္ဂလန်လက်ရွေးစင်အသင်းအတွက်ကိုပါ ရွေးချယ်ခံလိုက်ရတာပဲဖြစ်ပါတယ်။ အခုလို အင်္ဂလန်အသင်းမှာ ပါဝင်ကစားရတော့မယ့်အရေးနဲ့ပတ်သက်ပြီး အေဘရာဟမ်က “ ကျွန်တော့်ကို နိုင်ငံလက်ရွေးစင်အသင်းကြီးကနေ အပြိုင်အဆိုင် အလိုရှိနေကြတာကို ဝမ်းသာမိပါတယ်”

Photo Credit : Getty Images

“တကယ်တမ်းကျတော့ ကျွန်တော်က အင်္ဂလန်လက်ရွေးစင်အသင်းအတွက်ကို ပါဝင်ကစားစေချင်တာပါ။ ကျွန်တော်ကိုယ်တိုင်ကိုက အင်္ဂလန်မှာမွေးပြီးတော့ အင်္ဂလန်မှာပဲ ကြီးပြင်းလာခဲ့တာဆိုတော့လေ။ အင်္ဂလန်အတွက် ပါဝင်နိုင်ဖို့က ကျွန်တော်ရဲ့ အိမ်မက်တစ်ခုပါ။ နိုင်ဂျီးရီးယားကလည်း အသင်းကြီးတစ်သင်းပါပဲ။ ကျွန်တော်ဒီအသင်းနှစ်လုံးကို ချစ်မြတ်နိုးပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်အနေနဲ့ကတော့ အင်္ဂလန်မှာပဲ ပိုမိုကစားချင်တာပါ” လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ ဒါ့အပြင် အင်္ဂလန်တိုက်စစ်ပိုင်းမှာ သူနဲ့အပြိုင်အဆိုင်ဖြစ်လာရတော့မယ့် ဟာရီကိန်းနဲ့ပတ်သက်ပြီးတော့ကိုလည်း အေဘရာဟမ်က “ဟာရီကိန်းက ကျွန်တော်ခပ်ငယ်ငယ်ကတည်းကနေ စောင့်ကြည့်ခဲ့ရတဲ့ ကစားသမားတစ်ယောက်ပါ”

Photo Credit : Getty Images

“ကျွန်တော့်အတွက်တော့ သူက ကမ္ဘာပေါ်က အကောင်းဆုံးတိုက်စစ်မှူးတစ်ယောက်ပါ။ အခု ကျွန်တော်အင်္ဂလန်အသင်းဆီကို ရောက်လာခဲ့ပြီဆိုတော့ သူလေ့ကျင်ခန်းဆင်းတာကိုလည်း အနီးကပ်လေ့လာနိုင်မယ်။ သူနဲ့လည်းအတူတူ လေ့ကျင့်ခန်းဆင်းနိုင်မယ်။ သူနဲ့ပါ တွဲကစားရလာတဲ့အထိကို အခွင့်အရေးတွေ ရလာချင်ပါတယ်။  သူက ကျွန်တောာ်ရဲ့ အမြဲတမ်းလေးစားအားကျရသူတစ်ယောက်အဖြစ် ဆက်လက်ရှိနေဦးမှာပါ” လို့ ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။ အေဘရာဟမ်ဟာ အင်္ဂလန်အသင်းရဲ့ ခြေစမ်းပွဲ၂ပွဲကိုသာ ပါဝင်ကစားထားခဲ့ဖူးတာဖြစ်ပြီး အခုမှသာ အင်္ဂလန်အသင်းအတွက် တရားဝင်ပြိုင်ပွဲတစ်ခုကို ဝင်ရောက်ကစားခွင့်ရတာပဲဖြစ်ပါတယ်ခင်ဗျာ။