MySport Myanmar

အနိုင်ဂိုးဖြစ်မယ့် ပင်နယ်တီကို ပေးကန်လို့ ရိုနယ်ဒိုအား ကျေးဇူးတင်နေတဲ့ တယ်လစ္စကာ

ဆော်ဒီ စူပါလိဂ်ရဲ့ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အယ် နက်ဆာရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ တယ်လစ္စကာက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အယ် နက်ဆာ ၂-၁ အက်ဘ်ဟာ ပွဲစဉ်ဟာ အသင်းရဲ့ အနိုင်ဂိုး ဖြစ်မယ့် ပင်နယ်တီကို ကန်သွင်းခွင့် ရခဲ့လို့ အသင်းဖော် ခရစ္စတီယာနို ရိုနယ်ဒိုအား ကျေးဇူးတင်ကြောင်း ပွဲပြီးအင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

တယ်လစ္စကာနဲ့ ရိုနယ်ဒိုတို့ရဲ့ အယ် နက်ဆာက ဆော်ဒီလိဂ်ရဲ့ ပွဲစဉ်(၂၁) အဖြစ် လိဂ်ရဲ့ အလယ်အလတ်အသင်း တသင်း ဖြစ်တဲ့ အက်ဘ်ဟာကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရာ ဦးဆောင်ဂိုး ခွင့်ပြုခဲ့ရပေမယ့် ရိုနယ်ဒိုနဲ့ တယ်လစ္စကာတို့ရဲ့ သွင်းဂိုးတွေကြောင့် ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

Photo Credit: Sky Sports

အယ် နက်ဆာ ၂-၁ အက်ဘ်ဟာ ပွဲစဉ်မှာ တယ်လစ္စကာနဲ့ ရိုနယ်ဒိုတို့က အယ် နက်ဆာရဲ့ တိုက်စစ်ကို အဓိက ဦးဆောင်ခဲ့ကြပြီး အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုက ပွဲချိန် ၇၈မိနစ်မှာ ပြစ်ဒဏ်ဘော ကနေ တဆင့် အသင်းအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။

အဲ့ဒီနောက် ပွဲချိန် ၈၅မိနစ် ဝန်းကျင်မှာတော့ အယ် နက်ဆာက ပင်နယ်တီ ကန်သွင်းခွင့် ရခဲ့ပြီး ရိုနယ်ဒိုဟာ အယ် နက်ဆာရဲ့ ပထမဦးစားပေး ပင်နယ်တီ ကန်သွင်းရသူ ဖြစ်ပေမယ့် သူ သွင်းယူရမယ့် ပင်နယ်တီကို ဒဏ်ရာကနေ ပြန်လည် သက်သာလာတဲ့ အသင်းဖော် တယ်လစ္စကာကို ကန်သွင်းခွင့် ပေးခဲ့ပြီး တယ်လစ္စကာကလည်း ရရှိလာတဲ့ ပင်နယ်တီကို အကောင်းဆုံး ကန်သွင်းကာ အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

အယ် နက်ဆာ ၂-၁ အက်ဘ်ဟာ ပွဲအပြီးမှာတော့ တယ်လစ္စကာက သူ့ကို ပင်နယ်တီ ပေးကန်ခဲ့တဲ့ ရိုနယ်ဒိုကို ကျေးဇူးတင်စကား ပြောကြားသွားခဲ့ပါတယ်။ တယ်လစ္စကာက – “ရိုနယ်ဒိုက အရမ်းကို ကောင်းတဲ့ ပုဂ္ဂိုလ် တဦး ဖြစ်သလို လေးစားစရာ ကောင်းတဲ့ လူသား တယောက်ပါ။ သူက ကျွန်တော့်ကို ပင်နယ်တီ ကန်ခွင့် ပေးတဲ့ အချိန်မှာ လေးလေးစားစား ဆက်ဆံခဲ့ပါတယ်။ ကျွန်တော်တို့က မိသားစုဝင်တွေပါ” လို့ ကျေးဇူးတင်သွားခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version