ကစားသမားဟောင်းဖြစ်သူ အာတီတာကို အသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့အပြီးမှာ ခြေစွမ်းကောင်းတွေကို ပြန်လည်ရရှိလာခဲ့တဲ့ အာဆင်နယ်အသင်းကတော့ သူတို့အသင်းရဲ့ ခံစစ်ပိုင်းကို ပြုပြင်ဖို့အတွက် လာမယ့်နွေရာသီမှာ ဂျာမန်ဘွန်ဒက်စ်လီဂါ ကလပ်အသင်း ဖြစ်တဲ့ လီဗာကူဆင်အသင်းရဲ့ အသက် ၂၄နှစ် အရွယ် ဗဟိုနောက်ခံလူ ဂျိုနသန် တာ့ချ်ကို ခေါ်ယူဖို့အတွက် ကြိုးပမ်းလာတယ်လို့ ဂျာမန် သတင်းစာတွေက ဖော်ပြခဲ့ကြပါတယ်။ တာ့ချ် ဟာ ဂျာမဏီလက်ရွေးစင်အသင်းရဲ့ အနာဂတ် ကစားသမားအဖြစ် သတ်မှတ်ခံထားရသူလ​ည်း ဖြစ်ပါတယ်။

Photo Credit: Blind.com

လက်ရှိ အာဆင်နယ်အသင်းမှာ မူစတာဖီ ၊ လူးဝစ် ၊ ဟိုးဒင်း ၊ ပါပါစတာသိုစတဲ့ ခံစစ်မှူးတွေ ရှိနေသလို လာမယ့် နွေရာသီမှာလည်း စိန့်အက်တီယန်အသင်းကို အငှားချထားတဲ့ ဆာလီဘာက အသင်းကို ပြန်ရောက်လာမှာ ဖြစ်ပေမယ့် နည်းပြအာတီတာကတော့ အသင်းရဲ့ ခံစစ်စုဖွဲ့မှုကို သဘောကျခြင်းမရှိသေးပဲ ဘောလုံးကိုင်ကစားနိုင်တဲ့ နောက်ခံလူကို အလိုရှိနေတာကြောင့် အာဆင်နယ်အသင်းဟာ တာ့ချ်ကို ခေါ်ယူဖို့ ကြိုးပမ်းလာတာဖြစ်တယ်လို့ ဂျာမဏီသတင်းထောက်တွေက ဆိုထားပါတယ်။

Photo Credit: Blind.com

ထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ ဂျိုနသန်တာ့ချ်ရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ပေါင် ၃၃သန်းသာ ရှိတာကြောင့် အာဆင်နယ်အသင်း အနေနဲ့ တာ့ချ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ကြောင်းနဲ့ တာ့ချ်ကို ဝယ်ယူပြီးပါက အသင်းရဲ့ ဝါရင့်နောက်ခံလူတွေဖြစ်တဲ့ ဒေးဗစ်လူးဝစ်နဲ့ ပါပါစတာသိုတို့ကို ရောင်းထုတ်သွားဖို့ ကြိုးစားနေကြောင်းလည်း သိရပါတယ်။ အခြားသတင်းတွေအရ အာဆင်နယ်အသင်းဟာ တာ့ချ်အပြင် ရက်ဘူးလ်လစ်ဇက်အသင်း နောက်ခံလူ အူပါကာမီနိုကိုလည်း စောင့်ကြည့်နေကြောင်း သိထားရပါသေးတယ်။

[/fusion_text][/fusion_builder_column][/fusion_builder_row][/fusion_builder_container]