စပိန္ထိပ္သီးအသင္း တစ္သင္းျဖစ္တဲ့ ဘာစီလိုနာအသင္းဟာ အသင္းရဲ့ အဓိကတိုက္စစ္မွူး တစ္ဦးျဖစ္တဲ့ ဆြာရက္ဇ္တစ္ေယာက္ ရာသီကုန္ အထိ အနားယူရမယ့္ အေနအထားေၾကာင့္ ယခု ဇန္နဝါရီအေျပာင္းအေရႊ႕ ေစ်းကြက္အတြင္းမွာ တိုက္စစ္မွူးတစ္ဦးကို ရွာေဖြေနတာျဖစ္ၿပီး လက္ရွိမွာေတာ့ ေအဂ်က္အသင္းရဲ့ ကစားသမား တာဒစ္ကို ေခၚယူဖို႔အတြက္ စိတ္ဝင္စားလာတယ္လို႔ သိရွိရပါတယ္။
Photo Credit: Marca.com
ဘာစီလိုနာအသင္းဟာ ကနဦးမွာ မိုနာကိုရဲ့ ဘန္ယီဒါ ၊ ဗလင္စီယာရဲ့ ရိုဒရီဂို ၊ အာဆင္နယ္ ရဲ့ အူဘာမီယန္း အစရွိတဲ့ ထိပ္တန္း တိုက္စစ္ ကစားသမားေတြကို ေခၚယူဖို႔အတြက္ ႀကိဳးစားခဲ့ေသးေပမယ့္ မိုနာကို ၊ အာဆင္နယ္အသင္းတို႔က ကစားသမားေတြကို ေရာင္းခ်ဖို႔ ျငင္းဆိုခဲ့သလို ဗလင္စီယာအသင္းကေတာ့ ရိုဒရီဂိုအတြက္ မ်ားျပားတဲ့ ေျပာင္းေရႊ႕ေၾကးကို အလိုရွိတဲ့အေနအထားေၾကာင့္ အေျပာင္းအေရႊ႕ဟာ ပ်က္ျပယ္ခဲ့ရတာပါ။
Photo Credit: Marca.com
လက္ရွိမွာေတာ့ ဘာစီလိုနာအသင္းဟာ ေအဂ်က္အသင္းရဲ့ ဝါရင့္ တိုက္စစ္ကစားသမား တာဒစ္ကို ေခၚယူဖို႔အတြက္ မ်က္စိက်လာၿပီး အေျပာင္းအေရႊ႕အတြက္ ကမ္းလွမ္းမွုကို ယေန႔မွာပဲ ျပဳလုပ္ဖြယ္ရွိေၾကာင္း စပိန္အေျခစိုက္ သတင္းစာေတြကေရာ ၊ ယုံၾကည္စိတ္ခ်ရတဲ့ သတင္းဌာနေတြကပါ အသီးသီး ေဖာ္ျပခဲ့ၾကပါတယ္။
Photo Credit: Marca.com
အသက္ ၃၁ႏွစ္အရြယ္ တာဒစ္ဟာ လက္ရွိ ေဘာလုံးရာသီမွာ ေအဂ်က္အသင္းအတြက္ ထူးရွယ္ေျခစြမ္းေကာင္းတစ္ခုကို ထုတ္ျပထားနိုင္ခဲ့သူျဖစ္ၿပီး အမွတ္ေပးပြဲ ပြဲ၂၀ကစားထားရာမွာ ၈ဂိုးသြင္းယူထားကာ ၁၄ဂိုးဖန္တီးထားနိုင္သူပါ။ ဒါ့ေၾကာင့္ ဘာစီလိုနာအသင္းဟာ တာဒစ္ အတြက္ အနိမ့္ဆုံး ေျပာင္းေရႊ႕ေၾကး ေပါင္ ၃၀ သန္းဝန္းက်င္ကေန ေပါင္ ၄၅သန္းအထိ ေပးေခ်ရဖြယ္ရွိေနပါတယ္။
စပိန်ထိပ်သီးအသင်း တစ်သင်းဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ အသင်းရဲ့ အဓိကတိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ ဆွာရက်ဇ်တစ်ယောက် ရာသီကုန် အထိ အနားယူရမယ့် အနေအထားကြောင့် ယခု ဇန်နဝါရီအပြောင်းအရွှေ့ စျေးကွက်အတွင်းမှာ တိုက်စစ်မှူးတစ်ဦးကို ရှာဖွေနေတာဖြစ်ပြီး လက်ရှိမှာတော့ အေဂျက်အသင်းရဲ့ ကစားသမား တာဒစ်ကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားလာတယ်လို့ သိရှိရပါတယ်။
Photo Credit: Marca.com
ဘာစီလိုနာအသင်းဟာ ကနဦးမှာ မိုနာကိုရဲ့ ဘန်ယီဒါ ၊ ဗလင်စီယာရဲ့ ရိုဒရီဂို ၊ အာဆင်နယ် ရဲ့ အူဘာမီယန်း အစရှိတဲ့ ထိပ်တန်း တိုက်စစ် ကစားသမားတွေကို ခေါ်ယူဖို့အတွက် ကြိုးစားခဲ့သေးပေမယ့် မိုနာကို ၊ အာဆင်နယ်အသင်းတို့က ကစားသမားတွေကို ရောင်းချဖို့ ငြင်းဆိုခဲ့သလို ဗလင်စီယာအသင်းကတော့ ရိုဒရီဂိုအတွက် များပြားတဲ့ ပြောင်းရွှေ့ကြေးကို အလိုရှိတဲ့အနေအထားကြောင့် အပြောင်းအရွှေ့ဟာ ပျက်ပြယ်ခဲ့ရတာပါ။
Photo Credit: Marca.com
လက်ရှိမှာတော့ ဘာစီလိုနာအသင်းဟာ အေဂျက်အသင်းရဲ့ ဝါရင့် တိုက်စစ်ကစားသမား တာဒစ်ကို ခေါ်ယူဖို့အတွက် မျက်စိကျလာပြီး အပြောင်းအရွှေ့အတွက် ကမ်းလှမ်းမှုကို ယနေ့မှာပဲ ပြုလုပ်ဖွယ်ရှိကြောင်း စပိန်အခြေစိုက် သတင်းစာတွေကရော ၊ ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေကပါ အသီးသီး ဖော်ပြခဲ့ကြပါတယ်။
Photo Credit: Marca.com
အသက် ၃၁နှစ်အရွယ် တာဒစ်ဟာ လက်ရှိ ဘောလုံးရာသီမှာ အေဂျက်အသင်းအတွက် ထူးရှယ်ခြေစွမ်းကောင်းတစ်ခုကို ထုတ်ပြထားနိုင်ခဲ့သူဖြစ်ပြီး အမှတ်ပေးပွဲ ပွဲ၂၀ကစားထားရာမှာ ၈ဂိုးသွင်းယူထားကာ ၁၄ဂိုးဖန်တီးထားနိုင်သူပါ။ ဒါ့ကြောင့် ဘာစီလိုနာအသင်းဟာ တာဒစ် အတွက် အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ပေါင် ၃၀ သန်းဝန်းကျင်ကနေ ပေါင် ၄၅သန်းအထိ ပေးချေရဖွယ်ရှိနေပါတယ်။