Roger Federer လို့ပြောလိုက်တာနဲ့ တင်းနစ်လောကကို သရဖူဆောင်းနိုင်တဲ့ အမျိုးသားတင်းနစ်အားကစားတစ်ယောက်ကို ပြေးမြင်မှာပါ။ ရုပ်ရှည်လှပပြီး ကောင်းမွန်တဲ့ကစားဟန်တွေကြောင့် အောင်မြင်ကျော်ကြားနေတာလည်းဖြစ်ပါတယ်။

Source: wallpapercave.com

သူ့ကိုတော့ (၁၉၈၁) ခုနနှစ် သြဂုတ်လ (၈) ရက်နေ့မှာ ဆွတ်ဇလန်နိုင်ငံ၊ ဘေဆယ်မြို့မှာမွေးဖွားခဲ့ပါတယ်။ ပရော်ဖတ်ရှင်နယ် ကစားသမားဘ၀ကိုတော့ (၁၉၉၈) ခုနှစ်မှာ ၀င်ရောက်ခဲ့ပါတယ်။ သူရဲ့ ပြိုင်ပွဲဆုကြေးအားလုံးပေါင်းဟာ ဒေါ်လာ (၁၁၆) သိန်းကျော်ရှိပါတယ်။

Source: wallpapercave.com

Grand Slam Singles ဖလားကို ၂၀ ၊ သြစတြေးလျတင်းနစ်ပြိုင်ပွဲကို ၆ ကြိမ်နဲ့အခြားသော ဖလားတွေများစွာလည်း ရရှိခဲ့ပါတယ်။ သူရဲ့အသက်ဟာ ယခုအချိန်မှာတော့  ၃၆ နှစ်ရှိနေပြီဖြစ်ပြီး နိုင်ပွဲတွေကိုတော့ ဆက်လက်ရှာဖွေနေဆဲပါပဲ။ သူဟာ (၂၀၀၄) ခုနှစ်ကနေ (၂၀၀၈) ခုနှစ် ကမ္ဘာ့အကောင်းဆုံးတင်းနစ်ရိုက်သမားဆိုတဲ့ ဂုဏ်ကို ကြာရှည်စွာယူလာခဲ့တာလည်းဖြစ်ပါတယ်။

Source: wallpapercave.com

သူရဲ့ပြင်ထန်လှတဲ့ရိုက်ချက်နဲ့ ဗျူဟာကြွယ်လှတဲ့ကစားပုံတွေကတေ့ ပရိသတ်ကို အမြဲလိုလို ဖျော်ဖြေပေးနေမှာဖြစ်ပြီး အကောင်းဆုံးတင်းနစ်ကစားသမားတစ်ယောက်လို့ ဖော်ညွန်းလိုက်ရပါတယ်ဗျာ။