မန်ချက်စတာ ယူနိုက်တက်အသင်းက အင်တာမီလန်အသင်းရဲ့ ကင်မရွန်း ဂိုးသမား အန်ဒရေ အိုနာနာကို ခေါ်ယူထားခဲ့ပြီးနောက် အိုနာနာရဲ့ အရန်အဖြစ် အသုံးပြုဖို့အတွက် ဂိုးသမား တစ်ဦးကို ထပ်မံ ရှာဖွေနေရာနေ ဂျပန် ဂိုးသမားလေး ဇီယွန် ဆူဇူကီးကို ပေါင် (၅)သန်းနဲ့ ကမ်းလှမ်းထားပေမယ့်လည်း ကစားသမားဖြစ်သူကတော့ ဒီကမ်းလှမ်းမှုကို ပယ်ချသွားခဲ့တယ်လို့ သိရပါတယ်။

Out of nowhere! Man Utd tipped to land Japanese goalkeeper Zion Suzuki in £5m deal | Goal.com US

Photo Credit : Goal

အသက် (၂၀)အရွယ်သာ ရှိနေသေးတဲ့ ဂျပန် ဂျေလိဂ်ကလပ် အူဝါရာရက်စ် ဒိုင်းမွန်းအသင်းရဲ့ ဂိုးသမားလေး ဆူဇူကီးကို ယူနိုက်တက်အသင်းက လွန်ခဲ့တဲ့ ၂၀၁၇ခုနှစ်ကတည်းကနေ စတင် စောင့်ကြည့်လာခဲ့တာဖြစ်ပြီး ဆူဇူးကီးအတွက်ကိုလည်း ပြောင်းရွှေ့ကြေး ပေါင် (၅)သန်းနဲ့ ကမ်းလှမ်းထားတယ်လို့ သိရှိရပါတယ်။

ယူနိုက်တက်က ဒီနွေမှာ ဒီဟေးယားကို အသင်းကနေ ထွက်ခွာခွင့်ပြုပြီး ဟန်ဒါဆန် နဲ့ ဘစ်ရှော့တို့ကိုပါ ဆက်လက် ထွက်ခွာပြုဖို့ ရှိနေသလို တွမ် ဟီတန်ကိုလည်း တန်းတတ် ကလပ် လူတန်တောင်းအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဒါ့အပြင် အရန် ဂိုးသမားလေး ကိုဗာကိုပါ ထပ်မံ အငှားချဖို့ ရှိနေတာကြောင့် အိုနာနာအတွက် back-up ဂိုးသမားတစ်ဦးက မဖြစ်မနေ လိုအပ်လာခဲ့ပါတယ်။

Photo Credit : Twitter

ဒီအခြေအနေကြောင့် ယူနိုက်တက်က သူတို့ (၆)နှစ်အထိ အချိန်ယူ စောင့်ကြည့်နေရတဲ့ ဂိုးသမား ဆူဇူကီးကို ကမ်းလှမ်းထားခဲ့ပေမယ့်လည်း ၂၀၂၄ခုနှစ်မှာ ကျင်းပမယ့် ပဲရစ် အိုလံပစ်မှာ ဂျပန် အိုလံပစ်အသင်းနဲ့ ဝင်ရောက် ဆင်နွဲခွင့် ရရှိဖို့အတွက် ကလပ်အသင်းမှာပါ ပုံမှန် ပွဲကစားခွင့်တွေ များစွာ လိုအပ်မှာ ဖြစ်တာကြောင့် ယူနိုက်တက်ရဲ့ ကမ်းလှမ်းချက်ကို ပယ်ချခဲ့ရတာ ဖြစ်တယ်လို့ ဂျပန် outlet တစ်ခုကနေ ဖော်ပြခဲ့ပါတယ်။

ဒါကြောင့် ယူနိုက်တက်က ဖီနာဘာချီရဲ့ တူရကီ ဂိုးသမား ဘာယင်ဒါကိုပဲ ပြောင်းလဲ ပစ်မှတ်ထားလာဖို့ ရှိနေပြီး ဒီဂိုးသမားအတွက်ကိုလည်း ပေါင် (၅)သန်းနဲ့သာ ကမ်းလှမ်းဖို့ ရှိနေပါတယ်။ ဒါပေမယ့် ဘာယင်ဒါကိုလည်း အေဂျက်စ်အသင်းက စိတ်ဝင်စားနေတာမို့ အပြိုင် ကမ်းလှမ်းမှု လုပ်ဆောင်ရဖွယ် ရှိနေပါတယ်။