ဘောလုံး အဖွဲ့ချုပ် (Football Association – FA) ကတော့ အင်္ဂလန်နိုင်ငံက ပရော်ဖယ်ရှင်နယ် ဘောလုံး ပြိုင်ပွဲ အားလုံးကို ဧပြီလ (၃၀) ရက်နေ့အထိ ရက်တိုး ရပ်နားလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံက ပရီးမီးယားလိဂ် ပြိုင်ပွဲကို အစက လာမယ့် ဧပြီလ (၄) ရက်နေ့အထိ ရပ်နားခဲ့ပေမဲ့ ကိုရိုနာ ဗိုင်းရပ် ကူးစက်မှု မြန်ဆန်လာတာကြောင့် ရပ်နားချိန်ကို ထပ်တိုးခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံဟာ လက်ရှိအချိန်မှာ ကိုရိုနာ ရောဂါ ကူးစက်ခံရသူ (၂) သောင်းနဲ့ အထက်ကို ကျော်လွန်နေပြီ ဖြစ်တာကြောင့် အန္တရာယ်ရှိတဲ့ အခြေအနေကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

Photo Credit: Goal

ဘောလုံး အဖွဲ့ချုပ် (FA) ဟာ ယနေ့၊ ကြာသပတေးနေ့မှာ အစက ဧပြီလ (၄) ရပ်နေ့အထိ ဘောလုံး ပြိုင်ပွဲ ရပ်နားထားတာကို ဧပြီလ (၃၀) ရက်နေ့အထိ ထပ်တိုးလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲက အာဆင်နယ် နည်းပြ အာတီတာ နဲ့ ချဲလ်ဆီး တောင်ပံ ကစားသမား အိုဒွိုင်းတို့ဟာ ကိုရိုနာ ဗိုင်းရပ် ရောဂါ ကူးစက်ခံရတဲ့ နာမည်ကြီးတွေ ဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် သေဆုံးသူ (၁၀၀) နဲ့ အထက်ကို ကျော်သွားပြီ ဖြစ်ပြီး ဘောလုံး အဖွဲ့ချုပ်က အင်္ဂလန် ဘောလုံး ပြိုင်ပွဲတွေကို ရက်တိုး ရပ်နားခဲ့ပါတယ်။

Photo Credit: Goal

ဘောလုံး အဖွဲ့ချုပ်က “အက်ဖ်အေ ပြိုင်ပွဲ၊ ပရီးမီးယားလိဂ် ပြိုင်ပွဲ၊ ကာရာဘောင်ဖလား ပြိုင်ပွဲ နဲ့ အမျိုးသမီး ဘောလုံး ပြိုင်တွေက ကြိုတင် ခန့်မှန်းလို့ မရနိုင်တဲ့ အခြေအနေမှာ ရှိနေကြပြီး ကိုရိုနာ ကူးစက်ခံရတဲ့ သူတွေအားလုံးအတွက် တွေးပေးရပါမယ်။ ကျွန်တော်တို့ (၂၀၁၉-၂၀) ဘောလုံးရာသီ ပြန်စနိုင်ဖို့ နဲ့ ပြည်တွင်း ပြိုင်ပွဲ၊ ဥရောပ ပြိုင်ပွဲ နဲ့ ဖလား ပြိုင်ပွဲတွေ အားလုံးကို ဖြစ်နိုင်သမျှ အမြန်ဆုံး ပြန်စနိုင်ဖို့ နည်းလမ်း ရှာခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ ဘုတ်အဖွဲ့အနေနဲ့ ရပ်နားချိန်ကို ထပ်တိုးဖို့ သဘောတူခဲ့ကြပါတယ်။ ကျွန်တော်တို့ အင်္ဂလန် နိုင်ငံက ဘောလုံး ပြိုင်ပွဲတွေ အားလုံးကို ဧပြီလ (၃၀) ရက်နေ့ထိ ရပ်နားဖို့ အားလုံး အတူတူ သဘောတူခဲ့ကြပါတယ်။ ကိုရိုနာရဲ့ ဖြစ်စဉ်က မသေချာသေးပါဘူး”လို့ ထုတ်ပြန်ခဲ့ပါတယ်။