MySport Myanmar

အဆင့်(၄)နေရာကို အာဆင်နယ်ထက် စပါးသာ ရရှိသွားမယ်လို့ စူပါကွန်ပျူတာ ဟောကိန်းထုတ်

၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ဘယ်အသင်းက အမှတ်ပေးချန်ပီယံ ဖြစ်မလဲ ဘယ်အသင်းတွေက ချန်ပီယံလိဂ်ဝင်ခွင့် ယူရိုပါလိဂ်ဝင်ခွင့် ကွန်းဖရန့်လိဂ်ဝင်ခွင့်တွေ ပိုင်ဆိုင်နိုင်မလဲ ဘယ်အသင်းတွေကတော့ ပရီးမီးယားလိဂ်ကနေ တန်းဆင်းရမလဲဆိုတာကို စူပါကွန်ပျူတာကနေ ထပ်မံတွက်ချက်လာခဲ့ရာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးပါနေတဲ့ အဆင့်(၄)နေရာကို အာဆင်နယ်ထက် စပါးအသင်းကသာ ရယူသွားနိုင်လိမ့်မယ်လို့ ဟောကိန်းထုတ်သွားခဲ့ပါတယ်။

Photo Credit : Cartilage Free Captain

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ ခရစ္စတယ်ပဲလေ့စ်ကို ဂိုးပြတ်အရေးနိမ့်ခဲ့ပြီး သူရဲ့ပြိုင်ဘက် စပါးအသင်းက နယူးကာဆယ်ကို ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ အပြတ်အသတ် အနိုင်ရခဲ့လို့ အာဆင်နယ်ရဲ့ အဆင့်(၄)နေရာကို စပါးအသင်းက ရမှတ်တူ ဂိုးကွာခြာချက်အသာနဲ့ ရပ်တည်နေနိုင်ခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်က စပါးအသင်းထက် တစ်ပွဲလျော့ ကစားထားရတာ ဆိုပေမယ့်လည်း အာဆင်နယ်ရဲ့ပွဲကျန်က ချယ်လ်ဆီးအသင်းနဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်ဖြစ်နေတာကြောင့် အမှတ်ပြည့်ရဖို့က ခက်ခဲစွာ ရုန်းကန်ရနိုင်သလို လာမယ့် မေလ(၁၂)ရက်နေ့မှာလည်း စပါးနဲ့အာဆင်နယ်တို့ ထိပ်တိုက်ရင်ဆိုင်ရဦးမယ့် ပွဲစဉ်လည်း ရှိနေသေးတာကြောင့် ဒီပွဲက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဆုံးအဖြတ် ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။

Photo Credit : The Sun

စူပါကွန်ပျူတာရဲ့ တွက်ချက်မှုတွေအရတော့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာ မန်ချက်စတာစီးတီးအသင်းက ဗိုလ်စွဲပြီး သူရဲ့အနီးဆုံးပြိုင်ဘက် လီဗာပူးလ်က ဒုုတိယ ချယ်လ်ဆီးက တတိယနဲ့ စတုတ္ထနေရာမှာတော့ အာဆင်နယ်ထက် စပါးအသင်းသာ ရပ်တည်နိုင်လိမ့်မယ်လို့ SBK အယ်လဂိုရီသမ်က တွက်ချက် ဟောကိန်းထုတ်သွားခဲ့ပါတယ်။ ချန်ပီယံလိဂ်မျှော်လင့်ချက် ရှိနေသေးတဲ့ အာဆင်နယ်အသင်းကတော့ အဆင့်(၅)နေရာမှာသာ ရှိနေရပြီး အာဆင်နယ်နဲ့အတူ ယူရိုပါလိဂ်ကို လိုက်ပါကစားရမယ့် အဆင့်(၆)နေရာအတွက် မန်ချက်စတာယူနိုက်တက်အသင်းကို ရွေးချယ်ထားပါတယ်။ ဝက်စ်ဟမ်းက အဆင့်(၇)နေရာနဲ့ ကွန်းဖရန့်နေရာကိုသာ ရရှိလိမ့်မယ်လို့ စူပါကွန်ပျူတာကနေ ဟောကိန်းထုတ်ခဲ့ပြီး လက်ရှိတန်းဆင်းဇုန်ထဲက အသင်း(၃)သင်းဖြစ်တဲ့ နောဝစ်ချ် ဝက်ဖို့ဒ်နဲ့ ဘန်လေတို့ကတော့ ရာသီအကုန်မှာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားရလိမ့်မယ်လို့ သတ်မှတ်သွားခဲ့ပါတယ်။

Exit mobile version