စူပါကွန်ပျူတာရဲ့ တွက်ချက်မှုတွေအရ လီယွန်နယ်မက်ဆီရဲ့ အာဂျင်တီးနားလက်ရွေးစင်အသင်းနဲ့ ခရစ္စတီယာနိုရော်နယ်လ်ဒိုရဲ့ ပေါ်တူဂီလက်ရွေးစင်အသင်းတို့ဟာ ၂၀၂၂ခုနှစ် ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဆင့်မှာ ထိပ်တိုက် တွေ့ဆုံကြမှာဖြစ်ကြောင်းနဲ့ အာဂျင်တီးနားအသင်းက ၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်လာလိမ့်မယ်လို့ သိရှိရပါတယ်။

World Cup 2022: Schedule, kick-off times, final & everything you need to  know | Goal.com English Oman

Photo Credit : Goal

စူပါကွန်ပျူတာဟာ EA Sport FIFA 2023 ဂိမ်းထဲမှာ ပါဝင်နေတဲ့ ကစားသမားတွေရဲ့ ကိန်းဂဏန်း အချက်အလက်တွေနဲ့ နောက်ဆုံး (၄)ကြိမ် ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတွေအတွင်း ကစားခဲ့တဲ့ အုပ်စုပွဲစဉ်ပေါင်း (၁၉၂)ပွဲနဲ့ ရှုံးထွက်ပွဲပေါင်း (၆၄)ပွဲတို့ကို အခြေခံပြီး တွက်ချက်ခဲ့ရာ အာဂျင်တီးနားနဲ့ ပေါ်တူဂီအသင်းတို့က ဗိုလ်လုပွဲကို တတ်ရောက်လာမှာဖြစ်ကာ အသင်းနှစ်သင်းက ပင်နယ်တီ အဆုံးအဖြတ်ထိ ကစားရမှာဖြစ်ပြီး ပင်နယ်တီနဲ့ အာဂျင်တီးနားအသင်းက အနိုင်ရ ဗိုလ်စွဲလိမ့်မယ်လို့ တွက်ချက်ထားခဲ့ပါတယ်။

Twitter 上的Lionel Messi Stuff:"Happy New Year! This is the year Lionel Messi  wins the FIFA World Cup 🏆 https://t.co/ah9YcmNbIa" / Twitter

Photo Credit : Twitter

အခု ကမ္ဘာ့ဖလားပြိုင်ပွဲဟာလည်း လက်ရှိ ကမ္ဘာ့ဖလားဘောလုံးလောကရဲ့ GOAT ကြီး နှစ်ဦးဖြစ်တဲ့ မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ရဲ့ နောက်ဆုံးသော ကမ္ဘာ့ဖလားဖြစ်တာကြောင့် သူတို့ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကစားသမားတစ်ဦးဦးကိုတော့ ဆုဖလားကိုင်မြှောက်သွားတာမျိုး ဖြစ်စေချင်နေကြပြီး အခု စူပါကွန်ပျူတာရဲ့ တွက်ချက်မှုအရဆိုရင်တော့ မက်ဆီက world cup winner ဖြစ်လာနိုင်မယ့် အလားအလာမှာ ရှိနေပါတယ်။ လက်ရှိ အခြေအနေအရဆိုရင်လည်း နည်းပြစကာလိုနီလက်ထက် ပွဲဆက်များစွာ ရှုံးပွဲမရှိထားတဲ့ အာဂျင်တီးနားဟာ မက်ဆီ စကာလိုနီတို့ရဲ့ ဦးဆောင်မှုတို့နဲ့အတူ ကာတာကမ္ဘာ့ဖလားမှာ တစ်ခုခု လုပ်ပြနိုင်မယ့် အနေအထားမှာ သေချာပေါက် ရှိနေသလို ဗိုလ်စွဲနိုင်မယ့် အသင်းအဖြစ်နဲ့ပါ ရေပန်းစားလို့နေပါတယ်။ အခု စူပါ ကွန်ပျူတာ တွက်ချက်ထားသလို GOAT ကြီး နှစ်ဦးက ကမ္ဘာ့ဖလားဖိုင်နယ်မှာ ထိပ်တိုက် တွေ့ဆုံဖို့ဆိုတာက လက်တွေ့မှာ မလွယ်လောက်ပေမယ့်လည်း တကယ်သာ အဲ့ဒီလို ရင်ဆိုင်ရမယ်ဆိုရင်တော့ ကမ္ဘာတစ်ဝန်းလုံးက ဘောလုံးပရိသတ်တွေအတွက် အလွန် စိတ်လှုပ်ရှားစေရမှာ အသေအချာပါပဲ။ ၂၀၂၂ခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကိုတော့ လာမယ့် နိုဝင်ဘာလ (၂၀)ရက်နေ့တွင် စတင် ကျင်းပသွားမှာပဲ ဖြစ်ပါတယ်။