ဒီတစ်ပတ်မှာတော့ ပရီးမီးယားလိဂ်က ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်လာခဲ့တဲ့ ဆောင်းရာသီနားရက်ကြောင့် ပွဲဲစဉ်(၂၆)ကို တဝက်သာ ကျင်းပခဲ့ပြီး အခြားသောလိဂ်တွေကတော့ ပုံမှန်အတိုင်းပဲ ကျင်းပနေတာဖြစ်ပါတယ်။ ဒီနေ့ညမှာလည်း စီးရီးအေ လာလီဂါ ဘွန်ဒက်လီဂါနဲ့ လီဂူးပွဲစဉ်တွေကို ဆက်လက်ကျင်းပဦးမှာဖြစ်ပြီး ဒီလိဂ်ပွဲတွေကမှ ကျွန်တော်တို့လို ဘောလုံးဝါသနာရှင်တွေအတွက် လက်မလွတ်စတမ်း စောင့်ကြည့်သွားရမယ့် ပွဲကြီးပွဲကောင်းက (၂)ပွဲအထိကို ရှိလို့နေပါတယ်။ အဲ့ဒီပွဲ(၂)ပွဲအကြောင်းကို အသေးစိတ်တင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။

Photo Credit : Bundesliga

ဘိုင်ယန်မြူးနစ် နဲ့ လိုက်ပ်ဇစ် (ည၁၁နာရီခွဲ)
ဘိုင်ယန်ရဲ့နိုင်ပွဲတွေကတော့ ဒီဇင်ဘာလယ်ကနေ စတင်လာခဲ့တာ ဖေဖော်ဝါရီလဆန်းပိုင်းအထိ တောက်လျှောက်ကို ဆက်တိုက်အောင်ပွဲခံနေခဲ့လို့ အမှတ်ပေးဇယားထိပ်ကိုတောင် ပြန်ရောက်လာနိုင်ခဲ့ပါတယ်။ အခု သူတို့အသင်းနဲ့ ရင်ဆိုင်ရမယ့်အသင်းက ဘိုင်ယန်ရဲဲ့ ဒုတိယနေရာမှာရှိနေတဲ့ လိုက်ပ်ဇစ်အသင်းဖြစ်ပြီး ဒီရာသီမှာ ဘွန်ဒက်လီဂါ အဝေးကွင်းအကောင်းဆုံးအသင်းဖြစ်နေသလို ဘိုင်ယန်နဲ့ကလည်း ၁မှတ်ပဲ ကွာဟနေတာဖြစ်လို့ အကြိတ်အနယ်ရှိမှာ သေချာပါတယ်။ ဒီပွဲမတိုင်ခင် ဒေါ့မွန်ကလည်း လေဗာကူဆင်ကို အရေးနိမ့်ထားတာဖြစ်လို့ အခုပွဲကကို နိုင်လိုက်မယ့်အသင်းက အကျိုးခံစားခွင့်တွေ ပိုများနိုင်ပါတယ်။ လက်ရှိခြေစွမ်းတွေနဲဲ့ ရလဒ်တွေအရတော့ ဘိုင်ယန်ကိုပဲ ပိုသဘောကျမိပါတယ်။ ဒါပေမယ့် ဂိုးပြတ်ဖို့ခဲယဉ်းတာကြောင့် လိုက်ပ်ဇစ်နဲ့ပဲ စွန့်စားချင်ပါတယ်။

Photo Credit : AC Milan

အင်တာမီလန် နဲ့ အေစီမီလန် (မနက်၂နာရီ၁၅မိနစ်)
မီလန်ဒါဘီက ဒီနောက်ပိုင်းမှာ အရှိန်အဝါကျဆင်းလာခဲ့ရပြီး ဒီနှစ်မှာ တွေ့ဆုံရမယ့် ဒါဘီပွဲကတော့ ယခင်မီလန်ဒါဘီတွေလို ပြိုင်ဆိုင်မှုပြင်းထန်မှာ သေချာပါတယ်။ ဒီပွဲက အေစီထက် အင်တာမီလန်အသင်းက ပိုပြီးရလဒ်ကောင်းဖို့ လိုအပ်နေပြီး မနေ့ညက ဂျုဗင်တပ်စ်အသင်း ရှုံးပွဲတွေ့ခဲ့တာကို အခွင့်ကောင်းယူနိုင်ဖို့ မဖြစ်မနေကို လိုအပ်လျက်ရှိနေပါတယ်။ ဒါပေမယ့် အေစီမီလန်ကလည်း နောက်ပိုင်းပွဲတွေမှာ ဆက်တိုက်ဆိုသလို ရှံုးပွဲမရှိအောင် ကစားလာနိုင်ခဲ့ပြီး ပုံစံကောင်းတစ်ခုကို ပြန်ရနေတယ်လို့ ဆိုရမှာပါ။ အင်တာမီလန်အသင်းကတော့ လူကာကူအပေါ်မှာ အရမ်းမှီခိုလွန်းနေပြီး ဒီပွဲမှာ မာတီနက်ဇ်ကလည်း ပွဲပယ်ပြစ်ဒဏ်ထိနေရလို့ ဆက်လက်လွဲချော်ရဦးမှာပါ။ ဒါ့အပြင် ဂိုးသမားဟန်ဒါနိုဗစ်လည်း ဒီပွဲကို ဆက်လက်လွဲချော်ရနိုင်တာကြောင့် ဒီပွဲမှာ အေစီမီလန်ပဲ ရလဒ်ကောင်းနိုင်မယ်လို့ ထင်မိပါတယ်။