ယခုလ ၁၂ရက်နေ့မှ စတင်ကာ ဥရောပ တလွှားမှာ ခြိမ့်ခြိမ့်သဲ ကျင်းပနေတဲ့ ယူရို ၂၀၂၀ပြိုင်ပွဲကတော့ လက်ရှိမှာ ရှုံးထွက်အဆင့်ကို ရောက်ရှိနေပါပြီ။ အုပ်စုအဆင့်ကို အသင်းပေါင်း ၂၄သင်း ရောက်ရှိလာရာ ကနေ ၁၆သင်းသာ ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီး လက်ရှိမှာတော့ ဝေးလ်အသင်းနဲ့ ဩစတီးယားအသင်းတို့ဟာ ဒိန်းမတ်အသင်းနဲ့ အီတလီအသင်းတို့ကို အရေးနိမ့်ပြီး ၁၆သင်းအဆင့် ကနေပဲ လက်ပြ နှုတ်ဆက်ခဲ့ရပါတယ်။

ကျန်ရှိနေတဲ့ ၁၆သင်းအဆင့် ပွဲစဉ် ၆ပွဲမှာတော့ အင်္ဂလန်အသင်းနဲ့ ဂျာမဏီအသင်း ၊ ဘယ်လ်ဂျီယံအသင်းနဲ့ ပေါ်တူဂီအသင်းတို့ တွေ့ဆုံနေတဲ့ ပွဲစဉ်၂ပွဲဟာ အသင်းကြီး ၂သင်း ထိပ်တိုက် တွေ့ဆုံနေကြတဲ့ ပွဲစဉ်တွေ ဖြစ်ပြီး ကြည့်လို့ကောင်းမယ့် ပွဲစဉ်တွေလည်း ဖြစ်ပါတယ်။

Photo Credit: Mirror

လက်ရှိမှာတော့ လက်ကျန်အဆင့်တွေ အတွက် ပွဲစဉ်ဇယားလည်း ထွက်ပေါ်ပြီးပြီ ဖြစ်တာကြောင့် ဘယ်အသင်းတွေက ဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်မလဲ ၊ ဘယ်အသင်းက ဗိုလ်စွဲနိုင်မလဲ ဆိုတာတွေနဲ့ ပတ်သတ်ပြီး ခန့်မှန်းချက်တွေ အမျိုးမျိုး ထွက်ပေါ်နေကာ Bettingxperts.com က ပိုင်ဆိုင်တဲ့ စူပါကွန်ပြူတာ ကတော့ အုပ်စုအဆင့် ပွဲစဉ်တွေမှာ အားရစရာ ခြေစွမ်းမျိုး မပြသနိုင်ခဲ့တဲ့ အင်္ဂလန်အသင်းဟာ ဖိုင်နယ်အထိ တက်လှမ်းနိုင်မယ်လို့ ခန့်မှန်းသွားခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ၁၆သင်း အဆင့်မှာ အစဉ်အလာ ပြိုင်ဘက် ဂျာမဏီအသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပေမယ့် အကယ်၍ ဂျာမဏီအသင်းကိုသာ အနိုင်ရပါက ကွာတားဖိုင်နယ် အဆင့်မှာတော့ ယူကရိန်းနဲ့ ဆွီဒင် ၊ နှစ်သင်းထဲက တသင်းနဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်တာကြောင့် သူတို့အနေနဲ့ ဂျာမဏီအသင်းကိုသာ ဖြတ်ကျော်နိုင်ရင် ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ဖို့ အလားအလာ များနေပါတယ်။ ဒါပေမယ့် အင်္ဂလန် အသင်းရဲ့ ခြေစွမ်းပိုင်းဟာ လက်ရှိအချိန်အထိ အားရစရာ မရှိသေးတာကြောင့် ဂျာမဏီအသင်းကို အနိုင်ရဖို့ဟာ အတော်လေးကို ခက်ခဲဖွယ် ရှိနေပါတယ်။

Photo Credit: Mirror

ဒါပေမယ့် စူပါကွန်ပြူတာ ကတော့ အင်္ဂလန်အသင်းဟာ ဂျာမဏီအသင်းကို အနိုင်ရမှာ ဖြစ်သလို ကွာတားဖိုင်နယ်မှာလည်း ဆွီဒင်အသင်းကို ထပ်မံ အနိုင်ရဦးမှာ ဖြစ်ပြီး ဆီမီးဖိုင်နယ်မှာတော့ နယ်သာလန် အသင်းနဲ့ တွေ့ဆုံကာ ကျဉ်းမြောင်းတဲ့ နိုင်ပွဲတပွဲ ရမယ်လို့ ခန့်မှန်းထားပါတယ်။ သို့သော် ဖိုင်နယ်မှာတော့ အင်္ဂလန်အသင်းဟာ လက်ရှိ ကမ္ဘာ့ဖလား ချန်ပီယံ ပြင်သစ်အသင်းနဲ့ တွေ့ဆုံကာ အရေးနိမ့်ပြီး ဒုတိယဆုနဲ့သာ ကျေနပ်ရမယ်လို့လည်း စူပါကွန်ပြူတာက သုံးသပ်ထားပါတယ်။ တလက်စတည်း ကျွန်တော့်အနေနဲ့ စူပါကွန်ပြူတာရဲ့ ခန့်မှန်းသုံးသပ်ချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

စူပါကွန်ပြူတာရဲ့ ခန့်မှန်းသုံးသပ်ချက်တွေ ကတော့ –

၁၆သင်းအဆင့်
၁။ အီတလီနဲ့ ဩစတီးယား – အီတလီနိုင်
၂။ ဘယ်လ်ဂျီယံနဲ့ ပေါ်တူဂီ – ဘယ်လ်ဂျီယံနိုင်
၃။ ပြင်သစ်နဲ့ ဆွစ်ဇာလန် – ပြင်သစ်နိုင်
၄။ ခရိအေးရှားနဲ့ စပိန် – စပိန်နိုင်
၅။ ဆွီဒင်နဲ့ ယူကရိန်း – ဆွီဒင်နိုင်
၆။ အင်္ဂလန်နဲ့ ဂျာမဏီ – အင်္ဂလန်နိုင်
၇။ နယ်သာလန်နဲ့ ချက် – နယ်သာလန်နိုင်
၈။ ဝေးလ်နဲ့ ဒိန်းမတ် – ဒိန်းမတ်နိုင်

Photo Credit: Mirror

ကွာတားဖိုင်နယ်အဆင့်
၁။ အီတလီနဲ့ ဘယ်လ်ဂျီယံ – အီတလီနိုင်
၂။ ပြင်သစ်နဲ့ စပိန် – ပြင်သစ်နိုင်
၃။ ဆွီဒင်နဲ့ အင်္ဂလန် – အင်္ဂလန်နိုင်
၄။ ဒိန်းမတ်နဲ့ နယ်သာလန် – နယ်သာလန်နိုင်

ဆီမီးဖိုင်နယ်
၁။ အီတလီနဲ့ ပြင်သစ် – ပြင်သစ်နိုင်
၂။ အင်္ဂလန်နဲ့ နယ်သာလန် – အင်္ဂလန်နိုင်

ဖိုင်နယ်
၁။ ပြင်သစ်နဲ့ အင်္ဂလန် – ပြင်သစ်နိုင်