ပရိသတ်တွေရော၊ ဘောလုံး ကျွမ်းကျင် သုံးသပ်သူတွေကရော ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ မစတင်ခင် အချိန်ကတည်းက ချန်ပီယံလိဂ် ဖလားကို အရယူနိုင်မယ့် ရေပန်းအစားဆုံး အသင်းအဖြစ် မန်ချက်စတာ စီးတီး အသင်းကို သတ်မှတ်ထားခဲ့ကြတယ်ဆိုတာ မှတ်မိကြမယ် ထင်ပါတယ်။ အခုတစ်ခေါက် စူပါကွန်ပျုတာ ရဲ့ ခန့်မှန်းချက် အသစ်မှာလည်း မန်စီးတီး အသင်းအနေနဲ့ သူတို့ရဲ့ သမိုင်းတစ်လျှောက် တစ်ခါမှ မရရှိဖူးတဲ့ ချန်ပီယံလိဂ် ဖလားကို ဆွတ်ခူး နိုင်လိမ့်မယ်လို့ ပေါ်ထွက်လာခဲ့ပါတယ်။ အခြားသော အသင်းကြီး တချို့ရဲ့ ခန့်မှန်းချက်တွေကိုလည်း အောက်မှာ ဖော်ပြ ပေးလိုက်ရပါတယ်။

Photo Credit: SportBible

မန်ချက်စတာယူနိုက်တက် – စူပါကွန်ပျုတာရဲ့ ခန့်မှန်းချက် အရ မန်ယူ အသင်းအနေနဲ့ ၁၆ သင်းအဆင့်ကို တက်လှမ်းနိုင်ဖို့ ရာခိုင်နှုန်းက ၅၄ % မှာရှိပြီး၊ ကွာတားဖိုင်နယ်ကို တက်လှမ်းနိုင်ဖို့က ၂၄ % မှာရှိနေကာ၊ ဆီမီးဖိုင်နယ် ကို တက်လှမ်းနိုင်ဖို့ ရာခိုင်နှုန်းကတော့ ၁၁ % မှာရှိနေပါတယ်။ ဖိုင်နယ်ပထိ တက်လှမ်းနိုင်ဖို့ ရာခိုင်နှုန်းကတော့ ၄ % သာရှိကာ ဖလားဆွတ်ခူးဖို့ ကတော့ ၂ % မှာသာ ရှိနေပါတယ်။ ဂျုဗင်တပ် – ဂျုဗီ အနေနဲ့ ၁၆ သင်းအဆင့်ကိုတော့ အေးအေးဆေးဆေး တက်လှမ်းနိုင်ပါတယ်။ ကွာတားဖိုင်နယ်ကို ရောက်ရှိဖို့က ၃၇ % မှာရှိပြီး၊ ဆီမီးဖိုင်နယ်ကို‌ရောက်ဖို့ကတော့ ၁၅ % မှာ ရှိနေကာ ဖိုင်နယ် ကို ရောက်ရှိဖို့ ကတော့ ၁၆ % မှာရှိနေပါတယ်။ ဒီရာသီ ဖလားရရှိဖို့ ရာခိုင်နှုန်းကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ အတူ ၂ % မှာ ရှိနေပါတယ်။ ရီးရဲလ်မက်ဒရစ် – ရီးရဲလ်မက်ဒရစ် အသင်းအနေနဲ့ ၁၆ သင်းအဆင့်ကို ရောက်ရှိဖို့က ၆၇ % မှာရှိနေကာ၊ ကွာတားဖိုင်နယ်ကို တက်ရောက်ဖို့ကတော့ ၃၆ % မှာရှိနေပါတယ်။ ဆီမီးဖိုင်နယ်ကို ရောက်ရှိဖို့ ရာခိုင်နှုန်းကတော့ ၁၆ % မှာ ရှိနေပြီးတော့ ဖိုင်နယ် ကိုတက်လှမ်းဖို့ကတော့ ၇ % မှာသာ ရှိနေကာ ဖလား ရရှိဖို့အတွက်တော့ ၃ % မှာသာ ရှိနေပါတယ်။

Photo Credit: SportBible

ချယ်လ်ဆီး – ချယ်လ်ဆီး အသင်းကတော့ ၁၆ သင်းအဆင့်ကို အေးဆေး တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ချယ်လ်ဆီး အသင်းအနေနဲ့ ကွာတားဖိုင်နယ်ကို ရောက်ရှိဖို့က ၆၂ % မှာရှိကာ ဆီမီးဖိုင်နယ် အတွက်တော့ ၃၁ % သာရှိပါတယ်။ ဖိုင်နယ်အထိ ရောက်ရှိဖို့ကတော့ ၁၄ % မှာ ရှိနေပြီး ဖလားရရှိဖို့ကတော့ ၆ % မှာ ရှိနေပါတယ်။ လီဗာပူး – လီဗာပူး အသင်းအနေနဲ့လည်း ၁၆ သင်းအဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ကြိုးကြာနီတွေ အနေနဲ့ ကွာတားဖိုင်နယ်ကို ရောက်ရှိဖို့က ၆၄ % မှာ ရှိနေပြီး ဆီမီးဖိုင်နယ်ကို ရောက်ရှိဖို့ကတော့ ၃၂ % မှာ ရှိနေပါတယ်။ ဖလားရရှိဖို့ကတော့ ၇ % မှာသာ ရှိနေပါတယ်။ ဘာစီလိုနာ – ဘာစီလိုနာ အသင်းအနေနဲ့ကလည်း ၁၆ သင်းအဆင့်ကို တက်လှမ်းထားပြီ ဖြစ်ပါတယ်။ ကွာတားဖိုင်နယ်ကို ရောက်ဖို့ ရာခိုင်နှုန်းကတော့ ၇၃ % မှာ ရှိနေပြီး ဆီမီးဖိုင်နယ်ကို တက်လှမ်းဖို့ကတော့ ၄၆ % မှာရှိနေပါတယ်။ ဖိုင်နယ်ကို ရောက်ရှိဖို့ကတော့ ၂၈ % မှာရှိနေကာ ဖလား ရရှိဖို့ကတော့ ၁၅ % မှာရှိနေပါတယ်။

Photo Credit: SportBible

ဘိုင်ယန်မြူးနစ် – ဘိုင်ယန်မြူးနစ် အသင်း ကလည်း ၁၆ သင်းအဆင့်ကို တက်လှမ်းထားပြီ ဖြစ်ပါတယ်။ ဘိုင်ယန် အနေနဲ့ ကွာတားဖိုင်နယ်ကို ရောက်ရှိဖို့အတွက် ရာခိုင်နှုန်းကတော့ ၇၇ % မှာရှိနေပြီး ဆီမီးဖိုင်နယ် ကို တက်ရောက်ဖို့ကတော့ ၅၁ % မှာရှိနေပါတယ်။ ဖိုင်နယ်အထိ ရောက်ရှိဖို့ကတော့ ၃၂ % မှာရှိနေကာ ဖလား ရရှိဖို့ကတော့ ၁၈ % မှာ ရှိနေပါတယ်။ မန်ချက်စတာ စီးတီး – မန်စီးတီး အသင်းအနေနဲ့လည်း ၁၆ သင်းအဆင့်ကို တက်လှမ်းထားပြီး ဖြစ်ပါတယ်။ မန်စီးတီး အသင်းအနေနဲ့ ကွာတားဖိုင်နယ်ကို ရောက်ရှိဖို့ ရာခိုင်နှုန်းက ၇၈ % မှာ ရှိကာ၊ ဆီမီးဖိုင်နယ် တက်ရောက်ဖို့ ကတော့ ၅၅ % မှာ ရှိနေပါတယ်။ ဖိုင်နယ် အထိ ‌တက်ရောက်ဖို့ကတော့ ၃၆ % မှာ ရှိနေပြီး ဖလားရယူနိုင်ဖို့ကတော့ ၂၂ % မှာ ရှိနေပါတယ်။