MySport Myanmar

ပရီးမီးယားလိဂ် ကလပ်အသင်းတွေရဲ့ Summer Tour ခရီးစဉ်များ

လာမယ့် ဇူလိုင်လကနေ စတင်ပြီး ကလပ်အသင်းတွေရဲ့ ရာသီကြို ပြင်ဆင်မှုအဖြစ် ဖိတ်ခေါ်ပြိုင်ပွဲတွေ ခြေစမ်းပွဲတွေ စတင် ကျင်းပပါတော့မယ်။ ဒါကြောင့် ပရီးမီးယားလိဂ် ထိပ်သီး ကလပ်အသင်းတွေထဲကမှ ဘယ်အသင်းတွေက ဘယ်လို အစီအစဉ်တွေမှာ ပါဝင် ဆင်နွဲမလဲဆိုတာကို ဖော်ပြပေးသွားချင်ပါတယ်။

အာဆင်နယ်

အာဆင်နယ်ကတော့ အမေရိကမှာ (၃)ပွဲကစားမယ်။ ဘာစီလိုနာနဲ့ Soccer Champions Tour ကို ဆင်နွဲဖို့လည်း ရှိနေသလို US မှာပဲ မန်ယူနိုက်တက်နဲ့လည်း ရင်ဆိုင်ရပါမယ်။

နုရင်ဘတ် နဲ့ အာဆင်နယ် (ဇူလိုင် ၁၃ရက်နေ့)

မေဂျာလိဂ်အောစတား နဲ့ အာဆင်နယ် (ဇူလိုင် ၁၉ရက်နေ့)

မန်ယူနိုက်တက် နဲ့ အာဆင်နယ် (ဇူလိုင် ၂၂ရက်နေ့)

ဘာစီလိုနာ နဲ့ အာဆင်နယ် (ဇူလိုင် ၂၆ရက်နေ့)

အာဆင်နယ် နဲ့ မိုနာကို (သြဂုတ် ၂ရက်နေ့)

ချယ်လ်ဆီး

ချယ်လ်ဆီးကလည်း အမေရိကန်မှာပဲ ခြေစွမ်းပွဲနဲ့ Premier League Summer Series ပွဲကိုလည်း ဝင်ရောက် ဆင်နွဲဖြစ်ပါမယ်။

ဝရက်ဇ်ဟမ်း နဲ့ ချယ်လ်ဆီး (ဇူလိုင် ၁၉ရက်နေ့)

ဘရိုက်တန် နဲ့ ချယ်လ်ဆီး (ဇူလိုင် ၂၂ရက်နေ့)

နယူးကာဆယ် နဲ့ ချယ်လ်ဆီး (ဇူလိုင် ၂၆ရက်နေ့)

ဖူလ်ဟမ် နဲ့ ချယ်လ်ဆီး (ဇူလိုင် ၃၀ရက်နေ့)

ဒေါ့မွန် နဲ့ ချယ်လ်ဆီး (သြဂုတ် ၂ရက်နေ့)

လီဗာပူးလ်

လီဗာပူးလ်က ဂျာမနီမှာ ခြေစမ်းပွဲ (၂)ပွဲ စင်ကာပူမှာ ခြေစမ်းပွဲ (၂)ပွဲ ကစားသွားမှာ ဖြစ်ပါတယ်။

ကာလ်ရူဟာ နဲ့ လီဗာပူးလ် (ဇူလိုင် ၁၉ရက်နေ့)

ဂရိုင်သာဖက်သ် နဲ့ လီဗာပူးလ် (ဇူလိုင် ၂၄ရက်နေ့)

လက်စတာ နဲ့ လီဗာပူးလ် (ဇူလိုင် ၃၀ရက်နေ့)

ဘိုင်ယန်မြူးနစ် နဲ့ လီဗာပူးလ် (သြဂုတ် ၂ရက်နေ့)

မန်စီးတီး

Treble Champions ကြီး မန်စီးတီးကတော့ ဂျပန် နဲ့ တောင်ကိုရီးယားတို့မှာ ခြေစမ်းပွဲတွေ ကစားပါမယ်။ ဂျပန်မြေမှာ ဘိုင်ယန်နဲ့ ချန်ပီယံလိဂ် မကျေပွဲကိုလည်း ပြန်နွွှရဲရပါလိမ့်မယ်။

ယိုကိုဟားမားမာရီနို့စ် နဲ့ မန်စီးတီး (ဇူလိုင် ၂၃ရက်နေ့)

ဘိုင်ယန်မြူးနစ် နဲ့ မန်စီးတီး (ဇူလိုင် ၂၆ရက်နေ့)

အသက်လက်တီကို နဲ့ မန်စီးတီး (ဇူလိုင် ၃၀ရက်နေ့)

မန်ယူနိုက်တက်

ယူနိုက်တက်ကတော့ ဒီနွေမှာ ခြေစမ်းပွဲများစွာ ဆင်နွဲပါမယ်။ နော်ဝေမှာ (၁)ပွဲ စကော့တလန်မှာ (၁)ပွဲနဲ့ အမေရိကန်မှာ (၄)ပွဲအထိ ယှဉ်ပြိုင်သွားပါမယ်။

လိဒ်စ် နဲ့ ယူနိုက်တက် (ဇူလိုင် ၁၂ရက်နေ့)

လိုင်ယွန် နဲ့ ယူနိုက်တက် (ဇူလိုင် ၁၉ရက်နေ့)

အာဆင်နယ် နဲ့ ယူနိုက်တက် (ဇူလိုင် ၂၂ရက်နေ့)

ဝရက်ဇ်ဟမ်း နဲ့ ယူနိုက်တက် (ဇူလိုင်၂၅ရက်နေ့)

ရီးယဲလ် နဲ့ ယူနိုက်တက် (ဇူလိုင် ၂၆ရက်နေ့)

ဒေါ့မွန် နဲ့ ယူနိုက်တက် (ဇူလိုင် ၃၀ရက်နေ့)

နယူးကာဆယ်

ငှက်ကျားတွေကတော့ စကော့မှာ ရိန်းဂျားစ်နဲ့ ခြေစမ်းပြီးမှ အမေရိကသွားပြီး PL Summer Series ဖိတ်ခေါ်ပြိုင်ပွဲကို ဝင် join ပါမယ်။

ရိန်းဂျားစ် နဲ့ နယူးကာဆယ် (ဇူလိုင် ၁၈ရက်နေ့)

ဗီလာ နဲ့ နယူးကာဆယ် (ဇူလိုင် ၂၃ရက်နေ့)

ချယ်လ်ဆီး နဲ့ နယူးကာဆယ် (ဇူလိုင် ၂၆ရက်နေ့)

ဘရိုက်တန် နဲ့ နယူးကာဆယ် (ဇူလိုင် ၂၈ရက်နေ့)

စပါး

စပါးအသင်းကတော့ အာရှ-ပစိဖိတ် ခရီးစဉ်နဲ့အတူ သြစတြေးလျ ထိုင်း စင်ကာပူတို့ကို ခရီးနှင်မှာဖြစ်ပြီး စင်ကာပူမှာတော့ သူတို့ရဲ့ နည်းပြဟောင်း မော်ရင်ဟိုနဲ့ ထိပ်တိုက် ပြန်ဆုံပါလိမ့်မယ်။

ဝက်စ်ဟမ်း နဲ့ စပါး (ဇူလိုင် ၁၈ရက်နေ့)

လက်စတာ နဲ့ စပါး (ဇူလိုင် ၂၃ရက်နေ့)

ရိုးမား နဲ့ စပါး (ဇူလိုင် ၂၆ရက်နေ့)

Exit mobile version