လီဗာပူးလ် ဘာစီလိုနာအသင်းတို့ရဲ့ ကစားသမားဟောင်းလည်းဖြစ် လက်ရှိ အသက်လက်တီကိုမက်ဒရစ်အသင်းမှာ ပါဝင်ကစားနေတဲ့ ဝါရင့်တိုက်စစ်မှူးကြီး လူးဝစ်ဆွာရက်ဇ်ဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ အသက်လက်တီကိုအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး သက်တမ်းလည်း တိုးဖွယ်မရှိတာကြောင့် အသင်းသစ် တစ်သင်းကို ပြောင်းရွှေ့ရဖွယ် ရှိနေပါတယ်။

Atletico Madrid marksman Luis Suarez is talking to two clubs about  potential summer transfers - Football Espana

Photo Credit : Football Espana

စပိန်အခြေစိုက် AS သတင်းမီဒီယာရဲ့ ဖော်ပြချက်တွေအရ အသက်(၃၅)နှစ်အရွှ့ယ် ဥရုဂွေး တိုက်စစ်ကစားသမားကြီး ဆွာရက်ဇ်ရဲ့အေးဂျင့်တွေက လက်ရှိမှာ တူရကီ ထိပ်သီးကလပ်အသင်းတွေဖြစ်တဲ့ ဖီနာဘာချီ ဘက်ဆစ်တက်အသင်းတွေ ဆွာရက်ဇ်နဲ့ သက်ဆိုင်တဲ့ အပြောင်းအရွှေ့ကိစ္စတွေကို ဆွေးနွေးနေကြတယ်လို့ သိရှိရပါတယ်။ အသက်(၃၅)နှစ်ကို ရောက်ရှိနေပြီ ဖြစ်ပေမယ့်လည်း ဝါရင့်ကစားသမားကြီး ဆွာရက်ဇ်က ကစားသမားဘဝကို အဆုံးမသတ်ချင်သေးပဲ အတွေ့အကြုံသစ်တွေကို ဆက်လက်ရှာဖွေသွားဖို့ ရှိနေတဲ့အတွက် လာမယ့်နွေမှာ သေချာပေါက်ကို အသင်းသစ်တစ်သင်း ရှာဖွေဖွယ် ရှိနိုင်ပါတယ်။

၂၀၁၄ခုနှစ်ကတည်းက စပိန်လာလီဂါမှာ ကျင်လည်နေတဲ့ ဆွာရက်ဇ်ဟာ ၂၀၂ဝခုနှစ်မှာ အသက်လက်တီကိုအသင်းဆီ ရောက်ရှိခဲ့ပြီး သူရဲ့ အသက်လက်တီကို ကစားသမားဘဝ ပထမဆုံးရာသီမှာပဲ အသင်းနဲ့အတူ လာလီဂါဆုဖလားကို ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ ဒါပေမယ့် အသင်းနဲ့ ဒုတိယရာသီအရာက်မှာတော့ ဆွာရက်ဇ်ရဲ့ အခန်းကဏ္ဍာက တဖြည်းဖြည်း နည်းပါးလာခဲ့ရသလို ရာသီအကုန်မှာလည်း အသင်းနဲ့က စာချုပ်သက်တမ်း ပြည့်မြောက်တော့မှာဖြစ်လို့ ဒီအခြေအနေအပေါ် စိတ်ကုန်လာတဲ့ ဆွာရက်ဇ်က အသက်လက်တီကိုနဲ့ လက်တွဲဖြုတ်သွားချင်နေတာ ဖြစ်ပါတယ်။ အသက်အရွှယ်အရ အကျပိုင်းကို ရောက်ရှိနေပြီ ဖြစ်ပေမယ့် ဂိုးသွင်းစွမ်းရည်ကောင်းတွေ ပိုင်ဆိုင်လို့နေတဲ့ ဆွာရက်ဇ်ကို ဥရောပ ကလပ်အသင်းတွေကနေ စိတ်ဝင်စားနေကြသလို ဖီနာဘာချီနဲ့ ဘက်ဆစ်တက်တို့လို တူရကီ ကလပ်အသင်းကြီးတွေပါ အသင်းရဲ့ တိုက်စစ်ပိုင်းတွေအတွက် ဆွာရက်ဇ်ကို အလိုရှိနေကြပါတယ်။ ဒီအသင်းတွေက ဥရောပမှာ လျှမ်းလျှမ်းတောက်ခဲ့ဖူးတဲ့ ကစားသမားဟောင်းကြီးတွေကို ပြန်လည်ခေါ်ယူလေ့ရှိတဲ့ အသင်းတွေပီပီ ဆွာရက်ဇ်လို အတွေ့အကြုံ့ရင့် ကစားသမားမျိုးကိုပါ အလိုရှိနေကြတာ ဖြစ်ပါတယ်။