ဘာစီလုိနာ တုိက္စစ္မွဴး ဆြာရက္စ္က စပိန္ကုိပါဖလား ဆီမီးဖုိင္နယ္ပဲြစဥ္မွာ အက္သလက္တီကုိ အသင္းကုိ (၃-၂) နဲ႔ ရႈံးခဲ့တာနဲ႔ ပက္သက္ၿပီး နည္းျပ ဗယ္ဗာဒီကုိ အျပစ္တင္ရမွာ မဟုတ္ေၾကာင္း နဲ႔ ကစားသမားေတြ အမွားျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။ ဘာကာအသင္းဟာ ကုိကီရဲ႕ အဖြင့္ဂုိးကုိ မက္ဆီ နဲ႔ ဆြာရက္စ္တုိ႔က ျပန္ေခ်ပၿပီး (၂-၁) နဲ႔ ဦးေဆာင္ခဲ့ေပမဲ့ မုိရာတာ နဲ႔ ေကာ္ရီယာတုိ႔ရဲ႕ သြင္းဂုိးကုိ ျပန္လည္ ခြင့္ျပဳခဲ့ရတာေၾကာင့္ (၃-၂) နဲ႔ ရႈံးျပီး ဆီမီးဖုိင္နယ္အဆင့္က ျပဳတ္ခဲ့ပါတယ္။

Photo Credit: Marca

ဘာစီလုိနာအသင္းဟာ မေန႔ညက ကစားခဲ့တဲ့ ပဲြစဥ္မွာ VAR ရဲ႕ဆုံးျဖတ္ခ်က္ေၾကာင့္ သြင္းဂုိး (၂) ဂုိး ပယ္ခ်ခံရၿပီး မက္ဆီရဲ႕ သြင္းဂုိးကုိ လက္ထိတယ္လုိ႔ ဆုံးျဖတ္ခ်က္နဲ႔ ပယ္ခ်ခဲ့သလုိ ပီေကးရဲ႕ သြင္းဂုိးကုိ လူကြ်ံတယ္လုိ႔ ဆုံးျဖတ္ခ်က္နဲ႔ ပယ္ခ်ခဲ့ပါတယ္။ ဘာစီလုိနာအသင္းဟာ ပဲြခ်ိန္ မိနစ္ (၈၀) အထိ (၂-၁) နဲ႔ ဦးေဆာင္ခဲ့ေပမဲ့ ေခ်ပဂုိး (၂) ဂုိးကုိ ခြင့္ျပဳခဲ့ရတာေၾကာင့္ (၃-၂) နဲ႔ ရႈံးခဲ့ၿပီး ဆြာရက္စ္က ရႈံးပဲြအတြက္ နည္းျပ ဗယ္ဗာဒီကုိ အျပစ္တင္ရမွာ မဟုတ္ဘူးလုိ႔ ေျပာသြားပါတယ္။

Photo Credit: Marca

ပဲြအျပီးမွာ ဘာစီလုိနာ တုိက္စစ္မွဴး ဆြာရက္စ္က “နည္းျပ ဗယ္ဗာဒီကုိ အျပစ္တင္ရမွာ မဟုတ္ပါဘူး။ ကစားသမားေတြရဲ႕ အမွားပါ။ ကြ်န္ေတာ္တုိ႔ အႏုိင္မရခဲ့တာပါ။ တီကုိအသင္း ရႈံးနိမ့္ရင္ ကြ်န္ေတာ္တုိ႔ တုိးတတ္ဖုိ႔ ကူညီေပးမလား ဆုိတာ ကြ်န္ေတာ္ မသိေပမဲ့ ဒီရႈံးပဲြက ျပင္စရာေတြ ရွိတယ္ ဆုိတာကုိ ျပသေပးခဲ့ပါတယ္။ ဒီပဲြစဥ္က ကြ်န္ေတာ္တုိ႔ မျပဳလုပ္သင့္တဲ့ အမွားေတြကုိ ျပဳလုပ္ခဲ့တယ္ ဆုိတာ ျပသခဲ့ပါတယ္။ ဘာလုိ႔လဲဆုိရင္ ကြ်န္ေတာ္တုိ႔ ၿပိဳင္ပဲြကုိ ထိန္းခ်ဳပ္ခဲ့ေပမဲ့ တန္ျပန္တုိက္စစ္ကေန ေခ်ပဂုိးေတြ ခြင့္ျပဳခဲ့ရပါတယ္”လုိ႔ အခုိင္အမာ ေျပာခဲ့တာ ျဖစ္ပါတယ္။

(Unicode)

ဘာစီလိုနာ တိုက်စစ်မှူး ဆွာရက်စ်က စပိန်ကိုပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အက်သလက်တီကို အသင်းကို (၃-၂) နဲ့ ရှုံးခဲ့တာနဲ့ ပက်သက်ပြီး နည်းပြ ဗယ်ဗာဒီကို အပြစ်တင်ရမှာ မဟုတ်ကြောင်း နဲ့ ကစားသမားတွေ အမှားဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ဘာကာအသင်းဟာ ကိုကီရဲ့ အဖွင့်ဂိုးကို မက်ဆီ နဲ့ ဆွာရက်စ်တို့က ပြန်ချေပပြီး (၂-၁) နဲ့ ဦးဆောင်ခဲ့ပေမဲ့ မိုရာတာ နဲ့ ကော်ရီယာတို့ရဲ့ သွင်းဂိုးကို ပြန်လည် ခွင့်ပြုခဲ့ရတာကြောင့် (၃-၂) နဲ့ ရှုံးပြီး ဆီမီးဖိုင်နယ်အဆင့်က ပြုတ်ခဲ့ပါတယ်။

Photo Credit: Marca

ဘာစီလိုနာအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပွဲစဉ်မှာ VAR ရဲ့ဆုံးဖြတ်ချက်ကြောင့် သွင်းဂိုး (၂) ဂိုး ပယ်ချခံရပြီး မက်ဆီရဲ့ သွင်းဂိုးကို လက်ထိတယ်လို့ ဆုံးဖြတ်ချက်နဲ့ ပယ်ချခဲ့သလို ပီကေးရဲ့ သွင်းဂိုးကို လူကျွံတယ်လို့ ဆုံးဖြတ်ချက်နဲ့ ပယ်ချခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ပွဲချိန် မိနစ် (၈၀) အထိ (၂-၁) နဲ့ ဦးဆောင်ခဲ့ပေမဲ့ ချေပဂိုး (၂) ဂိုးကို ခွင့်ပြုခဲ့ရတာကြောင့် (၃-၂) နဲ့ ရှုံးခဲ့ပြီး ဆွာရက်စ်က ရှုံးပွဲအတွက် နည်းပြ ဗယ်ဗာဒီကို အပြစ်တင်ရမှာ မဟုတ်ဘူးလို့ ပြောသွားပါတယ်။

Photo Credit: Marca

ပွဲအပြီးမှာ ဘာစီလိုနာ တိုက်စစ်မှူး ဆွာရက်စ်က “နည်းပြ ဗယ်ဗာဒီကို အပြစ်တင်ရမှာ မဟုတ်ပါဘူး။ ကစားသမားတွေရဲ့ အမှားပါ။ ကျွန်တော်တို့ အနိုင်မရခဲ့တာပါ။ တီကိုအသင်း ရှုံးနိမ့်ရင် ကျွန်တော်တို့ တိုးတတ်ဖို့ ကူညီပေးမလား ဆိုတာ ကျွန်တော် မသိပေမဲ့ ဒီရှုံးပွဲက ပြင်စရာတွေ ရှိတယ် ဆိုတာကို ပြသပေးခဲ့ပါတယ်။ ဒီပွဲစဉ်က ကျွန်တော်တို့ မပြုလုပ်သင့်တဲ့ အမှားတွေကို ပြုလုပ်ခဲ့တယ် ဆိုတာ ပြသခဲ့ပါတယ်။ ဘာလို့လဲဆိုရင် ကျွန်တော်တို့ ပြိုင်ပွဲကို ထိန်းချုပ်ခဲ့ပေမဲ့ တန်ပြန်တိုက်စစ်ကနေ ချေပဂိုးတွေ ခွင့်ပြုခဲ့ရပါတယ်”လို့ အခိုင်အမာ ပြောခဲ့တာ ဖြစ်ပါတယ်။