လာလီဂါ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ် အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်တဲ့ လူးဝစ်စ် ဆွာရက်ဇ် ကတော့ သူ့ရဲ့ အသင်းဖော်ဟောင်း ဖြစ်သူ လီယွန်နယ် မက်ဆီကို အက်သလက်တီကို မက်ဒရစ် အသင်းထံ လာရောက်ဖို့ စည်းရုံးသိမ်းသွင်းမှာ မဟုတ်ကြောင်းနဲ့ အကယ်၍ မက်ဆီသာ ဘာစီလိုနာကနေ ထွက်ခွာပြီး ပြောင်းလာခဲ့မယ် ဆိုရင်လည်း ပျော်ရွှင်စွာနဲ့ပဲ ထောက်ခံ ကြိုဆိုသွားမယ်လို့ ဆိုလာပါတယ်။ မက်ဆီနဲ့ ဘာစီလိုနာအသင်း ချုပ်ဆိုထားတဲ့ ရဲ့ စာချုပ်ဟာ လာမယ့် ၂၀၂၁ခုနှစ် ဇွန်လမှာ ကုန်ဆုံးမှာဖြစ်တာကြောင့် ဘာစီလိုနာ အသင်းမှာ မက်ဆီရဲ့ အနာဂါတ်ဟာ မရေမရာ ဖြစ်နေပါတယ်။ ဘာစီလိုနာ အသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေကတော့ မက်ဆီ အနေနဲ့ အသင်းမှာ ဆက်လက် ကစားချင်စိတ် ရှိသေးရင် လစာ လျှော့ယူရဖို့ ရှိတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကမှ ထုတ်ပြန် ပြောဆို ထားပါတယ်။

Photo Credit: Marca

လူးဝစ်ဆွာရက်ဇ် ကတော့ မက်ဆီနဲ့ ပတ်သက်ပြီး အခုလို ပြောဆိုထားပါတယ်။ “ ကျွန်တော် အဲ့ဒါကို အမြဲပြောဖူးပါတယ်။ လီယို က လိုအပ်တဲ့ ဆုံးဖြတ်ချက်တွေကို သူကိုယ်တိုင် ချမှတ်ဖို့ အတွက် ရင့်ကျက်နေပါပြီ။ ကျွန်တော်ကတော့ သူ့ကို ဘာလုပ်ပါဆိုပြီးတော့ ပြောမှာ မဟုတ်ပါဘူး။ သူ့အတွက် ‌အကောင်းဆုံ းဖြစ်မယ့် ဆုံးဖြတ်ချက်ကိုပဲ ကျွန်တော် ထောက်ခံ အားပေးသွားပါမယ်။ သူ့အနေနဲ့ အသင်းနဲ့ စကားပြောကြည့်သင့်တယ်လို့ မြင်ပါတယ်။ သူ့ကို အကြံပေးချင်တာက ဆုံးဖြတ်ချက်တစ်ခုခု ချမှတ်ရပါမယ်။ သူ့အတွက် အပျော်ရွှင်ရဆုံးနေရာက သူ့အတွက် အကောင်းဆုံးနေရာလို့ မြင်ပါတယ် ”

Photo Credit: Marca

“ ကျွန်တော့် အတွက်တော့ မက်ဆီက အရင်ကအတိုင်း စိတ်ဆန္ဒတွေ ပြင်းထန်နေတုန်းပါပဲ။ ဘောလုံးကစားရတာကို အခုချိန်ထိ သဘောကျနေတုန်းဖြစ်ပြီး အခုချိန်ထိ တိုက်ပွဲဝင်နေတုန်းပါ။ ဘောလုံးက ဂိုးထဲကို မဝင်ချင်ရင်တောင် သူက ဆက်ကြိုးစားနေတတ်တဲ့ ကစားသမားမျိုးပါ။ လီယွန်က သူနဲ့ တွဲဆော့တဲ့ ဘယ်ကစားသမားကို မဆို တ‌လေးတစားနဲ့ ပြောဆိုလေ့ရှိပါတယ်။ သူကိုယ်တိုင် ဘယ်လောက် တော်ကြောင်းလဲ ကြွားဝါလေ့ မရှိပါဘူး။ လီယွန်က လူငယ်ကစားသမားတွေကိုလည်း အကြံအချို့ ပေးလေ့ရှိပါသေးတယ်။ သူနဲ့ တွဲကစားရတဲ့ သူတွေကလည်း သူ့ကို တလေးတစားနဲ့ ပြန်ဆက်ဆံကြပါတယ်။ သူ့လိုမျိုး စိတ်သဘောထားကောင်းတဲ့ ကစားသမား အကြောင်းက ပြောစရာအများကြီးပါပဲ ” လို့ ဆိုခဲ့ပါတယ်။