ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ကစားသမားကြီး လူးဝစ်ဆွာရက်ဇ်က သူရဲ့တစ်လုံးတည်းသောသွင်းဂိုးနဲ့ ကတ်တလန်မြို့ခံပြိုင်ဘက်အသင်း အက်စပန်ညိုကို အနိုင်ရလိုက်ပေမယ့်လည်း စပိန်လာလီဂါချန်ပီယံဆုဖလားကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက် လက်ကျန်ပွဲအားလုံးကို အနိုင်ယူဖို့ လိုအပ်နေတဲ့အပြင် အမှတ်ပေးဇယားထိပ်မှာ ရပ်တည်နေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့လည်း ရမှတ်ဆုံးရှံးမှုတွေ ဖြစ်လာဖို့လိုတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Photo Credit : AS English

ဘာစီလိုနာအသင်းဟာ မနေ့ညက ကျင်းပခဲ့တဲ့ လာလီဂါပွဲစဉ်(၃၅)မှာ အမှတ်ပေးဇယားအောက်ကို ရောက်ရှိနေတဲ့ မြို့ခံဒါဘီအသင်း အက်စပန်ညိုနဲ့ ရင်ဆိုင်ကစားခဲ့ရတာဖြစ်ပြီး အက်စပန်ညိုရဲ့ရုန်းအားတွေကြောင့် ခက်ခဲတဲ့ပွဲစဉ်ဖြစ်ခဲရသလို တစ်ဖက်ကို ကစားသမားတစ်ယောက်ဆီပါ ထုတ်ပယ်ခံခဲ့ရပြီး ဒုတိယပိုင်းမှာ သွင်းယူခဲ့တဲ့ ဆွာရက်ဇ်ရဲ့တစ်လုံးတည်းသော နိုင်ပွဲရသွားခဲ့ရပါတယ်။ ပွဲအပြီး အင်တာဗျူးတစ်ခုမှာတော့ ဆွာရက်ဇ်က “ကျွန်တော်တို့အသင်းရဲ့ လတ်တလော ရည်မှန်းချက်ကတော့ လက်ကျန်လိဂ်ပွဲ(၃)ပွဲလုံးကို အနိုင်ကစားဖို့ပါပဲ”

Photo Credit : AS English

“ပြီးရင်တော့ ကျွန်တော်တို့ရဲ့ အနီးဆုံးပြိုင်ဘက် ခြေချော်မလားဆိုတာကိုလည်း စောင့်ကြည့်ရပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့က ကိုယ့်အသင်းရဲ့ပွဲတွေကိုပဲ အာရုံစိုက်ထားတာပါ။ အက်စပန်ညိုနဲ့ပွဲစဉ်ကလည်း ကျွန်တော်တို့အတွက် အတော်လေးကို ခက်ခဲခဲ့ပါတယ်။ ဒါကလည်း သူတို့ရဲ့လက်ရှိအခြေအနေတွေကြောင့် ကျွန်တော်တို့ ရင်ဆိုင်ရ ပိုခက်ခဲသွားခဲ့ရတာပါ။ ဗီလာရီးရဲလ်ကို အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ကျွန်တော်တို့အသင်းက အားအင်တွေ ကုန်ခမ်းတာမျိုးတွေ ရှိခဲ့တာကြောင့် ဒီပွဲမှာ ရုန်းကန်နေခဲ့ရတာပါ။ အသင်းအတွက် အရေးကြီးတာကတော့ နိုင်ပွဲရဖို့နဲ့ ရမှတ်တွေ များများစုဆောင်းနိုင်ဖို့ပါပဲ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် ဆွာရက်ဇ်က အသင်းရဲ့ဆက်တီယန်အနေနဲ့ အသင်းအတွက် ကောင်းမွန်တဲ့စနစ်တစ်ခုကို ရှာဖွေလို့ လိုအပ်နေပြီး ကစားသမားတွေရဲ့ အထောက်အပံ့တွေကိုလည်း လိုအပ်နေတယ်လို့ပါ ပြောဆိုလာခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ဗယ်လာဒိုးလစ် အိုဆာဆူနာ အလာဗက်စ်အသင်းတို့နဲ့ လာလီဂါလက်ကျန်ပွဲတွေကို ရင်ဆိုင်သွားရဦးမှာဖြစ်သလို သူတို့အသင်းရဲ့ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အသင်းကတော့ အလာဗက်စ် ဂရန်နာဒါ ဗီလာရီးရဲလ် လီဟာနက်စ်အသင်းတို့နဲ့ ကစားဖို့ ကျန်ရှိနေသေးပြီး လက်ရှိမှာ ဘာစီလိုနာထက် တစ်ပွဲလျော့ကာ တစ်မှတ်ဖြတ်ထားနိုင်ခဲ့ပါတယ်။