ဘာစီလိုနာ တိုက်စစ်မှူး ဆွာရက်စ်ကတော့ ဘာစီလိုနာအသင်းအနေနဲ့ အင်တာမီလန်အသင်းရဲ့ လူငယ် တိုက်စစ်မှူး မာတီနက်စ်ကို ခေါ်ယူသင့်တယ်လို့ အခိုင်အမာ ပြောကြားလိုက်ပါတယ်။ တိုက်စစ်မှူး မာတီနက်စ်ဟာ လက်ရှိမှာ အင်တာမီလန်အသင်းဖော် တိုက်စစ်မှူး လူကာကူနဲ့ တွဲဖက် ကစားရာမှာ ခြေစွမ်းပြလျက် ရှိပြီး အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ခံနေရပါတယ်။ တိုက်စစ်မှူး မာတီနက်စ်ဟာ လက်ရှိရာသီ (၂၀၁၉-၂၀) ခုနှစ်မှာ ပြိုင်ပွဲစုံ (၃၀) ပွဲ ကစားပြီးရာမှာ သွင်းဂိုး (၁၆) ဂိုး သွင်းယူခဲ့ပြီး တည်ငြိမ်တဲ့ ခြေစွမ်းကို ဆက်လက် ပြနေဆဲ ဖြစ်ပါတယ်။

Photo Credit: Gettyimage

တိုက်စစ်မှူး မာတီနက်စ်ဟာ ပြီးခဲ့တဲ့ ရာသီမှာ တိုက်စစ်မှူး အီကာဒီ မရှိမှ ပပွဲထွက် ကစားရတာ ဖြစ်ပြီး လက်ရှိရာသီမှာတော့ တိုက်စစ်မှူး အီကာဒီကို ကျော်ပြီး ပွဲထွက်ကစားခွင့် ရရှိသွားခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ တိုက်စစ်မှူး ဆွာရက်စ်ရဲ့ နေရာမှာ အစားထိုးဖို့ တိုက်စစ်မှူးအသစ် ရှာဖွေ့လျက် ရှိပြီး လွန်ခဲ့တဲ့ လတွေကတည်းက မာတီနက်စ်နဲ့ ချိန်ဆက်နေလျက် ရှိပါတယ်။ တိုက်စစ်မှူး ဆွာရက်စ် ကိုယ်တိုင်ကလည်း သူ ဘာစီလိုနာအသင်းက ထွက်သွားတဲ့ အချိန်မှာ အသင့်သုံးလို့ ရတဲ့ တိုက်စစ်မှူး ရှိနိုင်ဖို့ မာတီနက်စ်ကို ခေါ်ယူသင့်တယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Gettyimage

ဆွာရက်စ်က “မာတီနက်စ်က အလွန်ကို အရည်အချင်းရှိတဲ့ ကစားသမားပါပဲ။ သူက အီတလီနိုင်ငံမှာ ဒုတိယမြောက်ရာသီကို ကစားနေပြီး အဆင့်အတန်း ရှိရှိနဲ့ ကစားနေပါတယ်။ ဒါပေမဲ့ ကစားသမားတွေက ဆုံးဖြတ်ချက် ချလို့ မရပါဘူး။ ကျွန်တော် လူငယ် တိုက်စစ်မှူးကို ခေါ်ရင် ကောင်းမယ်လို့ လွန်ခဲ့တဲ့ (၂) နှစ် ကတည်းက ပြောနေခဲ့ပါတယ်။ ကျွန်တော် ထွက်သွားပြီးတဲ့ အချိန်မှာ သူ့အနေနဲ့ အခြေကျပြီး သင်ယူပြီးပြီ ဖြစ်မှာပါ။ တစ်ခါတစ်လေ ဘောလုံးကစားနေတဲ့ အခါမှာ လူစားလဲဖို့ လိုပြီလို့ ပြောတာတွေကို ကြားရမှာပါ။ ဒါက ဘောလုံး နည်းလမ်းပါပဲ။ ဘောလုံးပွဲ မကစားရတဲ့ အချိန်မှာ လူတွေက ကိုယ့်ရဲ့ တန်ဖိုးကို နားလည်ကြပါတယ်။ ဒါက နှိမ့်သိမ်မှုပါပဲ။ လူသစ်တွေ ရောက်ရှိလာတာက ကစားသမားတွေအတွက် ကောင်းပါတယ်”လို့ ပြောပါတယ်။