ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူး မက်ဆီဟာ ဘာစီလိုနာအသင်းကနေ ထွက်သွားနိုင်ပါတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပေမယ့်လည်း စာချုပ် ဖျက်သိမ်းကြေး ယူရို သန်း (၇၀၀) ပေးနိုင်မှသာ ခေါ်ယူနိုင်မှာ ဖြစ်တယ်လို့ လာလီဂါ အဖွဲ့ချုပ်က စာစောင်နဲ့ အတိသလင် ထုတ်ပြန်သွားခဲ့ပါတယ်။ တိုက်စစ်မှူး မက်ဆီကို စာချုပ် ဖျက်သိမ်းကြေး ယူရို သန်း (၇၀၀) နဲ့ ခေါ်ယူနိုင်ဖို့ ဆိုတာက အချို့ အသင်းအကြီးတွေတောင် လုံးဝ မတတ်နိုင်တဲ့ ပြောင်းရွှေ့ကြေး ဖြစ်တာကြောင့် အသင်းလတ် နဲ့ အသင်းငယ်တွေအတွက်တော့ လုံးဝကို စိတ်ကူးလို့ မရတဲ့ ပြောင်းရွှေ့ကြေး တစ်ခုသာ ဖြစ်ပါတယ်။

Photo Credit: Dailymail

လက်ရှိမှာ မက်ဆီကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြတဲ့ အသင်းတွေကလည်း ငွေကြေး သုံးဖြုန်းနိုင်တဲ့ မန်စီးတီးအသင်း၊ ပီအက်စ်ဂျီအသင်း၊ အင်တာမီလန်အသင်း နဲ့ ဂျုဗင်တပ်အသင်းတို့တွေ ဖြစ်ကြပြီး မက်ဆီအနေနဲ့လည်း ဒီအသင်း (၄) သင်းထဲက တစ်သင်းကို ပြောင်းနိုင်ချေ အများဆုံး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စတုဂတ်အသင်းရဲ့ ပရိသတ် ဖြစ်သူ တင် အာမန်း (Tim Aarmann) ကတော့ သူ အားပေးတဲ့ စဂုဂတ်အသင်းအနေနဲ့ မက်ဆီကို ခေါ်ယူနိုင်ဖို့အတွက် ရန်ပုံငွေ ယူရို သန်း (၉၀၀) အထိ ရှာဖွေဖို့ ကြိုးစားနေတာ ဖြစ်ပြီး (၅) ရက်အကြာမှာတော့ ယူရို (၂၆၂) ရရှိနေပြီ ဖြစ်ပါတယ်။

Photo Credit: Dailymail

တင် အာမန်းက လူမှုကွန်ရက်မှာ “ကျွန်တော်တို့ စတုဂတ်အသင်းရဲ့ ပရိသတ်တွေအနေနဲ့ မက်ဆီရဲ့ ပြောင်းရွှေ့ကြေးကို ပေးနိုင်ဖို့ အလှူငွေ ကောက်ခံနေပါတယ်။ သတ်မှတ်ထားတဲ့ ငွေကြေးတွေကို အချိန်မှီ မရဘူး၊ ဒါမှမဟုတ် မက်ဆီက အခြားအသင်းကို ပြောင်းရွှေ့သွားမယ် ဆိုရင် ကောက်ခံရတဲ့ ငွေကြေးတွေ အားလုံးကို ရေပရဟိတအဖွဲ့ကို လှူသွားပါမယ်”လို့ ရေးသား ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ စတုဂတ် ပရိသတ်တွေရဲ့ လုပ်ရပ်ကို လူမှုကွန်ရက်၊ အထူးသဖြင့်၊ တွစ်တာပေါ်မှာ ချီးကျူးခဲ့ကြပြီး အချို့ကတော့ “ဒီနေ့ တစ်နေကုန် ငါ မြင်ခဲ့သမျှထဲမှာ ဒီဟာက အကောင်းဆုံး လုပ်ရပ်ပဲ။ အခုတော့ ဒီဟာက ဂန္တဝင် လုပ်ရပ်ပါပဲ” စသဖြင့် မှတ်ချက်တွေ ပေးကြ၊ Share တွေ ပြုလုပ်ကြ၊ ချီးကျူးခဲ့ကြပါတယ်။