ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နိုင်ပွဲတွေပျောက်နေပြီး သရေပွဲတွေပဲ များပြားလို့နေတဲ့ အာဆင်နယ်အသင်းကတော့ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်၂၅မှာလည်း ဘန်လေအသင်းနဲ့ ဂိုးမရှိသရေထပ်ကျခဲ့လို့ ပရီးမီးယားလိဂ်မှာ ၄ပွဲဆက်တိုက် သရေကျခဲ့ရပြီး နိုင်ပွဲထပ်ပျောက်ဆုံးခဲ့ရသလို ဒီရာသီ ပရီးမီးယားလိဂ်မှာ သရေပွဲအများဆုံးအသင်းလည်း ဖြစ်နေခဲ့ရပါတယ်။ ပိုဆိုးတာကတော့ အာဆင်နယ်အသင်းဟာ အာတီတာနဲ့ လက်တွဲပြီးနောက်မှာ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ဂိုးကန်ချက်အကြိမ်ရေ အနည်းဆုံးအသင်းတွေစာရင်းမှာပါ ပါဝင်လာခဲ့ရတာပါပဲ။

Photo Credit : Getty Images

အချက်အလက် ရှာဖွေစုဆောင်းသူတွေရဲ့ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ သူတို့ရဲ့ကစားသမားဟောင်း အာတီတာကို နည်းပြအဖြစ် ခန့်အပ်ပြီးနောက်ပိုင်း ပရီးမီးယားလိဂ်ပြိုင်ပွဲဲမှာ ဂိုးကန်ချက်အကြိမ်ရေက ၆၈ပဲရှိခဲ့တာကြောင့် ရှက်ဖီးယူနိုက်တက်(၆၆ကြိမ်)နဲ့ ခရစ္စတယ်ပဲလေ့စ်(အကြိမ်၆၀)တို့ပြီးနောက် ပရီးမီးယားလိဂ်ရဲ့တတိယမြောက် ဂိုးကန်ချက်အနည်းဆုံးအသင်း ဖြစ်လာခဲ့ရပါတယ်။ ဒါဟာ အာဆင်နယ်တိုက်စစ်မှူးတွေရဲ့ စွမ်းဆောင်ရည်တွေ ကျဆင်းနေတယ်ဆိုတာကို ထောက်ပြနေတဲ့ အချက်တစ်ခုဖြစ်ပြီး အဓိကတော့ တိုက်စစ်မှာ လာကာဇက်ရဲ့ခြေစွမ်းကျဆင်းလာမှုတွေက ဒီနောက်ပိုင်းပွဲတွေမှာ မကြာခဏကို မြင်တွေ့လာရပါတယ်။

Photo Credit : Getty Images

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာတော့ အသင်းရဲ့အဓိကတိုက်စစ်ကစားသမား အူဘာမီယန်း အနီကတ်ပြစ်ဒဏ်ကြောင့် လွဲချော်ခဲ့ရပေမယ့်လည်း ဘန်လေနဲ့ပွဲမှာတော့ ပွဲပယ်ပြစ်ဒဏ်စေ့လို့ ပြန်လည်ပါဝင်လာခဲ့ပြီး ခြေစွမ်းတော့မပြနိုင်ခဲ့သလို အခွင့်အရေးတွေကိုလည်း ဖြုန်းတီးပစ်ခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ နည်ဒပြဟောင်းအူနိုင်းအမ်မရီနဲ့ လက်တွွဲဖြတ်ပြီး အာတီတာကို နည်းပြသစ်အဖြစ် ခန့်အပ်ပြီးတဲ့နောက် ပရီးမီးယားလိဂ်မှာ နိုင်ပွဲ၁ပွဲသာ ရှိနေသေးပြီး ပွဲအများစုကတော့ သရေပွဲတွေသာ ဖြစ်နေခဲ့ရပါတယ်။ ဒါ့အပြင် အာတီတာကိုင်တွယ်ပြီးနောက်မှာ ကစားအားတတ်လာတယ်လို့ ထင်ခဲ့ရတဲ့ အာဆင်နယ်အသင်းရဲ့ ဂျာမန်ကွင်းလယ်ကစားသမား အိုဇေးမှာလည်း နောက်ပိုင်းမှာ သူရဲ့ခြေစွမ်းတွေက ပြန်လည်ကျဆင်းလာခဲ့ရပြီး နောက်ဆုံးကစားခဲ့တဲ့ ၁၁ပွဲမှာ ၁ဂိုးပဲဖန်တီးပေးနိုင်ခဲ့ကာ သွင်းဂိုးလည်းရယူနိုင်ခဲ့ခြင်း မရှိထားပါဘူး။