မန်စီးတီးအသင်းရဲ့ နောက်ခံ ကစားသမား ဂျွန် စတုန်းစ်ကတော့ လက်ရှိရာသီမှာ ပရီးမီးယားလိဂ် ဆုဖလားကို လီဗာပူးလ်အသင်းက ရရှိသွားခဲ့တာ ဖြစ်ပေမယ့်လည်း မန်စီးတီးအသင်းက ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အကောင်းဆုံး အသင်း ဖြစ်နေသေးတယ်လို့ ပြောကြားသွားပါတယ်။ နည်းပြ ပက် ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ လက်ရှိရာသီမှာ ပရီးမီးယားလိဂ် ဆုဖလားကို (၃) နှစ်ဆက် ရရှိနိုင်မယ်လို့ မျှော်လင့်ထားပေမယ့်လည်း မျှော်လင့်ထားသလို မဖြစ်လာခဲ့ဘဲ နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းက အသင်းရဲ့ သမိုင်းမှာ ပထမဆုံး ရရှိသွားခဲ့ပါတယ်။

Photo Credit: Goal

မန်စီးတီးအသင်းဟာ လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ လက်ရှိအချိန်အထိ ပရီးမီးယားလိဂ် ပွဲစဉ် (၈) ပွဲ ရှုံးနိမ့်ခဲ့တာကြောင့် ရမှတ် များစွာ ဆုံးရှုံးခဲ့ပြီး အသင်းရဲ့ နည်းပြ ဂွါဒီယိုလာကလည်း နည်းပြဘဝမှာ ပထမဆုံး အကြိမ် အဖြစ် အဝေးကွင်း လိဂ်ပွဲစဉ် (၃) ပွဲဆက် ရှုံးနိမ့်ခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ လက်ရှိအချိန်မှာ အဆင့် (၁) နေရာက လီဗာပူးလ်အသင်းနဲ့ ရမှတ် (၂၃) မှတ်ကွာဟနေပေမယ့်လည်း မန်စီးတီး ဗဟိုခံစစ်မှူး ဂျွန် စတုန်းစ်ကတော့ မန်စီးတီးအသင်းက လက်ရှိရာသီမှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး အသင်း ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Goal

ဂျွန် စတုန်းစ်ဟာ BelN Sports မှာ မန်စီးတီးအသင်းက ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အကောင်းဆုံး အသင်း ဖြစ်တယ်လို့ ယုံကြည်သေးသလားလို့ အမေးခံရတဲ့ အချိန်မှာ “ကျွန်တော့်အထင်တော့ ဟုတ်ပါတယ်။ အတော် ယုံကြည်မှုရှိပါတယ်။ ကျွန်တော်တို့ ကိုယ့်အရည်အချင်းကို သိပါတယ်။ ကျွန်တော်တို့က အဝတ်လဲခန်းမှာ ကိုယ့်ရဲ့ အဆင့်ကို (၃) ရက်၊ (၄) ရက်ခြား တည်ဆောက်ပြီး လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ အဆင့်အတန်းမြင့်မြင့်နဲ့ ကစားခဲ့ကြပါတယ်။ ကစားသမားတစ်ယောက်အနေနဲ့ အလွန် ဂုဏ်ယူပါတယ်။ ဒါက ကျွန်တော်တို့ ဆက်လုပ်သွားမယ့် အရာ ဖြစ်ပြီး နောက်ရာသီအထိ သယ်ဆောင်သွားပါမယ်။ လက်ရှိရာသီကို ကိုယ့်ရဲ့ အဆင့်အတန်းကို ထိန်းပြီး ရာသီကုန်ဆုံးသွားပါမယ်။ ပိုကောင်းအောင်လည်း ကြိုးစားရမယ်”လို့ ပြောခဲ့ပါတယ်။