မေန႔ညက ကစားသြားခဲ့တဲ့ မန္စီးတီးအသင္းနဲ႔ ေပါ့တ္ဗယ္လီအသင္းတို႔ရဲ့ ပြဲစဥ္မွာေတာ့ ေဘာလုံးပရိသတ္ေတြ စိတ္ဝင္စားခဲ့ၾကတဲ့ အေၾကာင္းအရာတစ္ခု ရွိပါတယ္။ အဲ့ဒါကေတာ့ ေပါ့တ္ဗယ္လီအသင္းတိုက္စစ္မွူး တြန္ပုတ္နဲ႔ မန္စီးတီးခံစစ္မွူး ဂၽြန္စတုန္းတို႔ရဲ့ ထိပ္တိုက္ ေတြ႕ဆုံမွုပဲ ျဖစ္ပါတယ္။

 

Photo Credit: Sky Sports.com

တြန္ပုတ္ဟာ ၿပီးခဲ့တဲ့ Nation League ၿပိဳင္ပြဲမွာ မန္စီးတီးခံစစ္မွူး ဂၽြန္စတုန္းျပဳလုပ္ခဲ့တဲ့ အမွားအေပၚ ျပင္းထန္စြာ ေဝဖန္ခဲ့သူျဖစ္ၿပီး သူသာ ဂၽြန္စတုန္းနဲ႔ ၿပိဳင္ဘက္အျဖစ္ တစ္ရာသီလုံး ကစားရပါက တစ္ရာသီကို သြင္းဂိုး၄၀ခန႔္ သြင္းယူနိုင္မယ္လို႔ ေျပာထားခဲ့ပါတယ္။ ဒါ့ေၾကာင့္လည္း မန္စီးတီးနဲ႔ ေပါ့တ္ဗယ္လီတို႔ ေတြ႕ဆုံတဲ့အခ်ိန္မွာ တြန္ပုတ္အေနနဲ႔ စတုန္းကို ျဖတ္ေက်ာ္ၿပီး သြင္းဂိုးသြင္းယူနိုင္ပါ့မလားဆိုတာကို အားလုံးက ေစာင့္ၾကည့္ခဲ့ၾကပါတယ္။

 

Photo Credit: Sky Sports.com

ဒါေပမယ့္ အသက္၃၄ႏွစ္အရြယ္ ရွိၿပီျဖစ္တဲ့ တြန္ပုတ္ဟာ သူ႔ရဲ့စကားကို တည္သြားခဲဲ့ၿပီး သူ႔ရဲ့ ေပါ့တ္ဗယ္လီအသင္းဟာ မန္စီးတီးအသင္းကို ေလးဂိုး တစ္ဂိုးဆိုတဲ့ရလဒ္နဲ႔ အေရးနိမ့္ခဲ့ေပမယ့္ သူကေတာ့ စတုန္းဦးေဆာင္တဲ့ မန္စီးတီးခံစစ္ကို ေက်ာ္ျဖတ္ကာ သြင္းဂိုးတစ္ဂိုး သြင္းယူေပးနိုင္ခဲ့ပါတယ္။ ပြဲၿပီးဆုံးခ်ိန္မွာေတာ့ တြန္ပုတ္ဟာ စတုန္းကို ထပ္မံေလွာင္ေျပာင္သြားခဲ့ၿပီး သူေျပာခဲ့တဲ့စကားဟာ မွားယြင္းခဲ့ေၾကာင္းနဲ႔ သူဟာ စတုန္းနဲ႔ရင္ဆိုင္ရပါက တစ္ရာသီကို ဂိုး၅၀ေလာက္သြင္းယူနိုင္မွာျဖစ္ေၾကာင္း ေျပာဆိုသြားခဲ့ပါတယ္။

Photo Credit: Sky Sports.com

စတုန္းနဲ႔ပတ္သတ္ၿပီး တြန္ပုတ္က ” လူတိုင္းကို စကားျပန္မေျပာနိုင္တဲ့အတြက္ ေတာင္းပန္ပါတယ္။ ကၽြန္ေတာ္မွားခဲ့တယ္ဆိုတာကို ကၽြန္ေတာ္ဝန္ခံပါတယ္။ ဘာလို႔လည္းဆိုေတာ့ ကၽြန္ေတာ္က ဂၽြန္စတုန္းပါတဲ့အသင္းကို ဂိုး၄၀သြင္းနိုင္တာ မဟုတ္ပါဘူး။ ဂိုး၅၀ေလာက္ သြင္းနိုင္တာပါ ” လို႔ ခနဲ႔သြားခဲ့တာပါ။

မနေ့ညက ကစားသွားခဲ့တဲ့ မန်စီးတီးအသင်းနဲ့ ပေါ့တ်ဗယ်လီအသင်းတို့ရဲ့ ပွဲစဉ်မှာတော့ ဘောလုံးပရိသတ်တွေ စိတ်ဝင်စားခဲ့ကြတဲ့ အကြောင်းအရာတစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ ပေါ့တ်ဗယ်လီအသင်းတိုက်စစ်မှူး တွန်ပုတ်နဲ့ မန်စီးတီးခံစစ်မှူး ဂျွန်စတုန်းတို့ရဲ့ ထိပ်တိုက် တွေ့ဆုံမှုပဲ ဖြစ်ပါတယ်။

Photo Credit: Sky Sports.com

တွန်ပုတ်ဟာ ပြီးခဲ့တဲ့ Nation League ပြိုင်ပွဲမှာ မန်စီးတီးခံစစ်မှူး ဂျွန်စတုန်းပြုလုပ်ခဲ့တဲ့ အမှားအပေါ် ပြင်းထန်စွာ ဝေဖန်ခဲ့သူဖြစ်ပြီး သူသာ ဂျွန်စတုန်းနဲ့ ပြိုင်ဘက်အဖြစ် တစ်ရာသီလုံး ကစားရပါက တစ်ရာသီကို သွင်းဂိုး၄၀ခန့် သွင်းယူနိုင်မယ်လို့ ပြောထားခဲ့ပါတယ်။ ဒါ့ကြောင့်လည်း မန်စီးတီးနဲ့ ပေါ့တ်ဗယ်လီတို့ တွေ့ဆုံတဲ့အချိန်မှာ တွန်ပုတ်အနေနဲ့ စတုန်းကို ဖြတ်ကျော်ပြီး သွင်းဂိုးသွင်းယူနိုင်ပါ့မလားဆိုတာကို အားလုံးက စောင့်ကြည့်ခဲ့ကြပါတယ်။

Photo Credit: Sky Sports.com

ဒါပေမယ့် အသက်၃၄နှစ်အရွယ် ရှိပြီဖြစ်တဲ့ တွန်ပုတ်ဟာ သူ့ရဲ့စကားကို တည်သွားခဲဲ့ပြီး သူ့ရဲ့ ပေါ့တ်ဗယ်လီအသင်းဟာ မန်စီးတီးအသင်းကို လေးဂိုး တစ်ဂိုးဆိုတဲ့ရလဒ်နဲ့ အရေးနိမ့်ခဲ့ပေမယ့် သူကတော့ စတုန်းဦးဆောင်တဲ့ မန်စီးတီးခံစစ်ကို ကျော်ဖြတ်ကာ သွင်းဂိုးတစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ပွဲပြီးဆုံးချိန်မှာတော့ တွန်ပုတ်ဟာ စတုန်းကို ထပ်မံလှောင်ပြောင်သွားခဲ့ပြီး သူပြောခဲ့တဲ့စကားဟာ မှားယွင်းခဲ့ကြောင်းနဲ့ သူဟာ စတုန်းနဲ့ရင်ဆိုင်ရပါက တစ်ရာသီကို ဂိုး၅၀လောက်သွင်းယူနိုင်မှာဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Sky Sports.com

စတုန်းနဲ့ပတ်သတ်ပြီး တွန်ပုတ်က ” လူတိုင်းကို စကားပြန်မပြောနိုင်တဲ့အတွက် တောင်းပန်ပါတယ်။ ကျွန်တော်မှားခဲ့တယ်ဆိုတာကို ကျွန်တော်ဝန်ခံပါတယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော်က ဂျွန်စတုန်းပါတဲ့အသင်းကို ဂိုး၄၀သွင်းနိုင်တာ မဟုတ်ပါဘူး။ ဂိုး၅၀လောက် သွင်းနိုင်တာပါ ” လို့ ခနဲ့သွားခဲ့တာပါ။