လီဗာပူးလ္အသင္းရဲ႕ဂႏၱဝင္ကစားသမားႀကီးျဖစ္တဲ႔ အသင္းေခါင္းေဆာင္ေဟာင္း စတီဗင္ဂ်ရတ္ဟာ ေဘာလုံးသမားဘဝကေန အနားယူခဲ႔ၿပီးေနာက္မွာ  နည္းျပေလာကထဲကုိ အလ်င္အျမန္ဝင္ေရာက္လာခဲ႔ၿပီး စေကာ့တလန္ထိပ္သီးကလပ္ ရိန္းဂ်ားအသင္းရဲ႕နည္းျပအျဖစ္ ၂၀၁၈ခုႏွစ္ကေန စတင္ေဆာင္ရႊက္လာခဲ႔တာ အခုအခ်ိန္ထိပဲျဖစ္ပါတယ္။ လီဗာပူးလ္အသင္းမွာ အသင္းေခါင္းေဆာင္အျဖစ္ ပြဲေပါင္းမ်ားစြာ တာဝန္ယူေဆာင္ရႊက္ခဲ႔တဲ႔ ဂ်ရတ္ဟာ သူကုိင္တြယ္ေနတဲ႔ ရိန္းဂ်ားအသင္းအျပင္ ဆဲလ္တစ္အသင္းတုိ႔လုိ စေကာ့ထိပ္သီးအသင္းေတြကုိ လာမယ့္အနာဂတ္မွာ ပရီးမီးယားလိဂ္ၿပိဳင္ပြဲအတြင္း ျမင္ေတြ႕ခ်င္တယ္လုိ႔ ထုတ္ေဖာ္ေျပာဆုိသြားခဲ႔ပါတယ္။

Photo Credit : Sportbible

အသက္၃၉ႏွစ္အရႊယ္ အဂၤလန္လက္ေရြးစင္ေဟာင္း ဂ်ရတ္ဟာ လီဗာပူးလ္ကစားသမားဘဝကေန အနားယူခဲ႔ၿပီးေနာက္ အမ္ေကဒြန္းအသင္းမွာ နည္းျပအျဖစ္ ေဆာင္ရႊက္ဖုိ႔ ႀကိဳးပမ္းခဲ႔ေပမယ့္ မေအာင္ျမင္ခဲ့လုိ႔ ၂၀၁၇ခုႏွစ္မွာ လီဗာပူးလ္ ယူ-၁၈အသင္းရဲ႕နည္းျပအျဖစ္ စတင္တာဝန္ယူခဲ႔ပါတယ္။ အဲ႔ဒီကေနတစ္ဆင့္ ၂၀၁၈ခုႏွစ္မွာေတာ့ ဂ်ရတ္ဟာ စေကာ့ထိပ္သီးအသင္း ရိန္းဂ်ားရဲ႕နည္းျပတာဝန္ကုိ လက္ခံရယူခဲ႔ၿပီး ၄ႏွစ္စာခ်ဳပ္ခ်ဳပ္ဆုိခဲ႔သလုိ အသင္းကုိ စတင္ကုိင္တြယ္ခ်ိန္တုန္းက ၁၂ပြဲဆက္ ရွုံးပြဲမရွိေအာင္ စြမ္းေဆာင္ႏုိင္ခဲ႔ေပမယ့္ ဆဲလ္တစ္နဲ႔ ေတြ႕ဆုံရတဲ႔ စေကာ့ဒါဘီပြဲမွာ အရွံးေပးခဲ႔ရကာ ေဘာလုံးရာသီတုိင္း စေကာ့အမွတ္ေပးလိဂ္ရဲ႕ဒုတိယေနရာမွာသာ ရပ္တည္ခဲ႔ရပါတယ္။

Photo Credit : Sportbible

ပေရာ္ဖက္ရွင္နယ္ နည္းျပသက္တမ္း ၂ႏွစ္နီးပါးေလာက္ရွိလာခဲ႔တဲ႔ ဂ်ရတ္ဟာ သူရဲ႕ရိန္းဂ်ားအသင္း ဆဲလ္တစ္အသင္းအပါအဝင္ အရည္အေသြးရွိတဲ႔ အသင္းေတြ ေတာ္ေတာ္မ်ားမ်ားကုိ ေဘာလုံးဇာတ္ခုံေပၚမွာ ပုိမုိထင္ရွားလာေစႏုိင္ဖုိ႔အတြက္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ျမင္ေတြ႕လုိေၾကာင္း ထုတ္ေဖာ္ေျပာဆုိလာခဲ႔ပါတယ္။ ပရီးမီးယားလိဂ္ၿပိဳင္ပြဲဟာ အဂၤလန္အေျခစုိက္အသင္းေတြပဲ ယွဥ္ၿပိဳင္ၾကတဲ႔ အသင္းေတြဆုိေပမယ့္ ၿဗိတိန္အဖြဲ႕ဝင္ ႏုိင္ငံတစ္ခုျဖစ္တဲ႔ ေဝးလ္အေျခစုိက္အသင္းေတြျဖစ္ေသာ ဆြမ္ဆီး ကာဒစ္အသင္းေတြမွာလည္း ပရီးမီးယားလိဂ္မွာ ယွဥ္ၿပိဳင္ခဲ႔ဖူးသလုိ လက္ရွိ အဂၤလန္အမွတ္ေပးလိဂ္ေတြမွာပါ ဆက္လက္ယွဥ္ၿပိဳင္ေနရလုိ႔ ဂ်ရတ္က ၿဗိတိန္အဖြဲ႕ဝင္ စေကာ့တလန္ကလပ္အသင္းေတြကုိပါ ပရီးမီးယားလိဂ္မွာပါ ျမင္ေတြ႕ခ်င္ေနတာျဖစ္ပါတယ္။ ဂ်ရတ္က စေကာ့ေဘာလုံးၿပိဳင္ပြဲကုုိ ဒီထက္ဖြံၿဖိဳးတုိးတတ္ေစခ်င္ၿပီး တကယ္လုိ႔ ပရီးမီးယားလိဂ္မွာသာ ဆဲလ္တစ္နဲ႔ရိန္းဂ်ားအသင္းတုိ႔ရဲ႕ Old Firm ဒါဘီပြဲကုိ ျမင္ေတြ႕ရမယ္ဆုိရင္ အရမ္းကုိ စိတ္လႈပ္ရွားစရာေကာင္းမွာေသခ်ာေၾကာင္း ဖြင့္ဟေျပာဆုိသြားခဲ႔ပါတယ္။ ဂ်ရတ္ဟာ သူအေနနဲ႔ လီဗာပူးလ္နည္းျပေနရာ ဆက္ခံဖုိ႔အတြက္ အဆင့္သင့္မျဖစ္ေသးပဲ ရိန္းဂ်ားအသင္းကုိ အရင္ဆုံး အမွတ္ေပးခ်န္ပီယံျဖစ္ေအာင္ စြမ္းေဆာင္ဖုိ႔ လုိအပ္ေနေသးတယ္လုိ႔ ထုတ္ေဖာ္ေျပာဆုိသြားခဲ႔ပါတယ္။

(Unicode)

စကော့ထိပ်သီးအသင်းတွေကို ပရီးမီးယားလိဂ်မှာ မြင်တွေ့ချင်တယ်လို့ ဂျရတ်ဖွင့်ဟ

လီဗာပူးလ်အသင်းရဲ့ဂန္တဝင်ကစားသမားကြီးဖြစ်တဲ့ အသင်းခေါင်းဆောင်ဟောင်း စတီဗင်ဂျရတ်ဟာ ဘောလုံးသမားဘဝကနေ အနားယူခဲ့ပြီးနောက်မှာ  နည်းပြလောကထဲကို အလျင်အမြန်ဝင်ရောက်လာခဲ့ပြီး စကော့တလန်ထိပ်သီးကလပ် ရိန်းဂျားအသင်းရဲ့နည်းပြအဖြစ် ၂၀၁၈ခုနှစ်ကနေ စတင်ဆောင်ရွှက်လာခဲ့တာ အခုအချိန်ထိပဲဖြစ်ပါတယ်။ လီဗာပူးလ်အသင်းမှာ အသင်းခေါင်းဆောင်အဖြစ် ပွဲပေါင်းများစွာ တာဝန်ယူဆောင်ရွှက်ခဲ့တဲ့ ဂျရတ်ဟာ သူကိုင်တွယ်နေတဲ့ ရိန်းဂျားအသင်းအပြင် ဆဲလ်တစ်အသင်းတို့လို စကော့ထိပ်သီးအသင်းတွေကို လာမယ့်အနာဂတ်မှာ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း မြင်တွေ့ချင်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Sportbible

အသက်၃၉နှစ်အရွှယ် အင်္ဂလန်လက်ရွေးစင်ဟောင်း ဂျရတ်ဟာ လီဗာပူးလ်ကစားသမားဘဝကနေ အနားယူခဲ့ပြီးနောက် အမ်ကေဒွန်းအသင်းမှာ နည်းပြအဖြစ် ဆောင်ရွှက်ဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့လို့ ၂၀၁၇ခုနှစ်မှာ လီဗာပူးလ် ယူ-၁၈အသင်းရဲ့နည်းပြအဖြစ် စတင်တာဝန်ယူခဲ့ပါတယ်။ အဲ့ဒီကနေတစ်ဆင့် ၂၀၁၈ခုနှစ်မှာတော့ ဂျရတ်ဟာ စကော့ထိပ်သီးအသင်း ရိန်းဂျားရဲ့နည်းပြတာဝန်ကို လက်ခံရယူခဲ့ပြီး ၄နှစ်စာချုပ်ချုပ်ဆိုခဲ့သလို အသင်းကို စတင်ကိုင်တွယ်ချိန်တုန်းက ၁၂ပွဲဆက် ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် ဆဲလ်တစ်နဲ့ တွေ့ဆုံရတဲ့ စကော့ဒါဘီပွဲမှာ အရှံးပေးခဲ့ရကာ ဘောလုံးရာသီတိုင်း စကော့အမှတ်ပေးလိဂ်ရဲ့ဒုတိယနေရာမှာသာ ရပ်တည်ခဲ့ရပါတယ်။

Photo Credit : Sportbible

ပရော်ဖက်ရှင်နယ် နည်းပြသက်တမ်း ၂နှစ်နီးပါးလောက်ရှိလာခဲ့တဲ့ ဂျရတ်ဟာ သူရဲ့ရိန်းဂျားအသင်း ဆဲလ်တစ်အသင်းအပါအဝင် အရည်အသွေးရှိတဲ့ အသင်းတွေ တော်တော်များများကို ဘောလုံးဇာတ်ခုံပေါ်မှာ ပိုမိုထင်ရှားလာစေနိုင်ဖို့အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မြင်တွေ့လိုကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ အင်္ဂလန်အခြေစိုက်အသင်းတွေပဲ ယှဉ်ပြိုင်ကြတဲ့ အသင်းတွေဆိုပေမယ့် ဗြိတိန်အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်တဲ့ ဝေးလ်အခြေစိုက်အသင်းတွေဖြစ်သော ဆွမ်ဆီး ကာဒစ်အသင်းတွေမှာလည်း ပရီးမီးယားလိဂ်မှာ ယှဉ်ပြိုင်ခဲ့ဖူးသလို လက်ရှိ အင်္ဂလန်အမှတ်ပေးလိဂ်တွေမှာပါ ဆက်လက်ယှဉ်ပြိုင်နေရလို့ ဂျရတ်က ဗြိတိန်အဖွဲ့ဝင် စကော့တလန်ကလပ်အသင်းတွေကိုပါ ပရီးမီးယားလိဂ်မှာပါ မြင်တွေ့ချင်နေတာဖြစ်ပါတယ်။ ဂျရတ်က စကော့ဘောလုံးပြိုင်ပွဲကုုိ ဒီထက်ဖွံဖြိုးတိုးတတ်စေချင်ပြီး တကယ်လို့ ပရီးမီးယားလိဂ်မှာသာ ဆဲလ်တစ်နဲ့ရိန်းဂျားအသင်းတို့ရဲ့ Old Firm ဒါဘီပွဲကို မြင်တွေ့ရမယ်ဆိုရင် အရမ်းကို စိတ်လှုပ်ရှားစရာကောင်းမှာသေချာကြောင်း ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။ ဂျရတ်ဟာ သူအနေနဲ့ လီဗာပူးလ်နည်းပြနေရာ ဆက်ခံဖို့အတွက် အဆင့်သင့်မဖြစ်သေးပဲ ရိန်းဂျားအသင်းကို အရင်ဆုံး အမှတ်ပေးချန်ပီယံဖြစ်အောင် စွမ်းဆောင်ဖို့ လိုအပ်နေသေးတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။