မန်စီးတီး တောင်ပံ ကစားသမား စတာလင်ကတော့ ယနေ့ည (၁၁း၀၀) အချိန် မန်ယူအသင်းနဲ့ ကစားသွားမယ့် ပွဲစဉ် မတိုင်ခင်မှာ ယနေ့ညပွဲစဉ်က စပြီး ရာသီကုန်အထိ ပွဲစဉ်တွေ အားလုံံးကို အနိုင်ကစားသွားမှာ ဖြစ်တယ်လို့ ပြိုင်ဘက်အသင်းတွေကို စိန်ခေါ်သွားလိုက်တာ ဖြစ်ပါတယ်။ နည်းပြ ပက် ဂွါဒီုလာရဲ့ မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် ဆုဖလားကို (၂) နှစ်ဆက် ရရှိနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ ဖြစ်ပေမဲ့လည်း လက်ရှိ ရာသီမှာ လီဗာပူးလ်အသင်းနဲ့ ရမှတ် (၂၅) မှတ်အထိ ကွာဟနေပြီး တစ်ပွဲလျှော့နဲ့ အဆင့် (၂) နေရာမှာ ရပ်တည်လျက် ဖြစ်ပါတယ်။

Photo Credit: SkySports

မန်စီးတီးအသင်းဟာ အာဆင်နယ်အသင်းနဲ့ ကစားရမယ့် ပွဲစဉ်ကို ရွေ့ဆိုင်းပြီး ကာရာဘောင် ဖလား ဗိုလ်လုပွဲစဉ် ကစားခဲ့တာကြောင့် အာဆင်နယ်အသင်းနဲ့ ကစားရမယ့် ပရီးမီးယားလိဂ် ပွဲစဉ် တစ်ပွဲ ကျန်ရှိနေသေးပြီး လာမယ့် (၁၂) ရက်နေ့မှာ ပြန်ကစားသွားကြမှာပဲ ဖြစ်ပါတယ်။ နည်းပြ ပက် ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ ကာရာဘောင် ဖလား ဗိုလ်လုပွဲစဉ်မှာ ဗီလာ အသင်းကို အနိုင်ရခဲ့တာကြောင့် ကာရာဘောင် ဖလားကို ရရှိခဲ့ပြီး စတာလင်ကတော့ ယနေ့ည ကစားမယ့် ပွဲစဉ်က စပြီး ရာသီကုန်အထိ နိုင်ပွဲ ဆက်ပြမယ်လို့ ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: SkySports

မန်စီးတီး တောင်ပံ ကစားသမား စတာလင်က “လီဗာပူးလ်အသင်းက ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အခြားအသင်းတွေထက် ပို ကောင်းပြီး ခြေစွမ်း တည်ငြိမ်တာကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ ကျွန်တော်တို့အသင်းက ခြေချော်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ အဆင့်အတန်းကို မထိန်းနိုင်ခဲ့ပါဘူး။ ကျွန်တေ်ာတို့ ဒါကို ထိန်းနိုင်မယ် ဆိုတာ သိကြပါတယ်။ အခုချိန်က စပြီး ရာသီကုန်အထိ ကျွန်တေ်ာတို့အနေနဲ့ ပွဲတိုင်းကို အနိုင်ရဖို့ ကြိုးသွားမှာ ဖြစ်ပြီး ဘယ်လိုပဲ ဖြစ်ဖြစ် ဖြစ်အောင် လုပ်မှာပါ။ အခုအချိန်ကတော့ ပရီးမီးယားလိဂ်က လီဗာပူးလ်ရဲ့ လက်ခုပ်ထဲမှာပဲ ရှိပါတယ်။ ကျွန်တော်တို့ လိဂ်ဖလားကို (၂) ရာသီဆက် ရရှိခဲ့ပြီး လီဗာပူးလ်အသင်းက လက်ရှိအချိန်မှာ အနိုင်ရနေပြီး ဦးဆောင်နေပါတယ်”လို့ ပြောခဲ့တာပဲ ဖြစ်ပါတယ်။