လက်ရှိမှာ ဟယ်ရီကိန်း ဒယ်လီအလီတို့လို အဓိက ကစားသမားတွေ ဒဏ်ရာရနေသလို ဒမ်ဘီလီကလည်း တရုတ်ကိုပြောင်းရွှေ့သွားလို့ ကစားသမားပိုင်းမှာ အားနည်းနေတဲ့ တော့တင်ဟမ်စပါးအသင်းဟာ ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက် မပိတ်သိမ်းခင် ရက်ပိုင်းအလိုမှာ ပီအက်စ်ဂျီအသင်းရဲ့ ကွင်းလယ်လူ အက်ဒရီယန်ရာဘီအော့ကို ပေါင်သန်း၂၀လောက်နဲ့ ကမ်းလှမ်းသွားတော့မယ်လို့ သိရှိရပါတယ်
ပီအက်စ်ဂျီအသင်းဟာ အရင်ကတည်းက သူတို့ရဲ့ကစားသမားဟောင်း လူးကပ်မော်ရာကို စပါးအသင်းဆီ ရောင်းချခဲ့ဖူးသလို အခု ရာဘီအော့အတွက် စပါးအသင်းဘက်ကနေ ကမ်းလှမ်းလာမယ့် ပြောင်းရွှေ့ကြေးကလည်း သူတို့စိတ်တိုင်းကျ ပမာဏာလောက် ဖြစ်နေတယ်ဆိုပေမယ့်လည်း ရာဘီအော့နေရာအတွက် သူတို့ပစ်မှတ်ထားထားတဲ့ အဲဗာတန်ကွင်းလယ်လူ ဂါနာဂူရီကို အရခေါ်ယူနိုင်မှသာ ရာဘီအော့ကို လက်လွတ်မှာဖြစ်လို့ ဒီဈေးကွက်အတွင်း စပါးတို့ ရာဘီအော့ကို ခေါ်ယူဖို့က ခက်ခဲကောင်း ခက်ခဲနိုင်ပါတယ်။
(Unicode)
လက်ရှိမှာ ဟယ်ရီကိန်း ဒယ်လီအလီတို့လို အဓိက ကစားသမားတွေ ဒဏ်ရာရနေသလို ဒမ်ဘီလီကလည်း တရုတ်ကိုပြောင်းရွှေ့သွားလို့ ကစားသမားပိုင်းမှာ အားနည်းနေတဲ့ တော့တင်ဟမ်စပါးအသင်းဟာ ဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက် မပိတ်သိမ်းခင် ရက်ပိုင်းအလိုမှာ ပီအက်စ်ဂျီအသင်းရဲ့ ကွင်းလယ်လူ အက်ဒရီယန်ရာဘီအော့ကို ပေါင်သန်း၂၀လောက်နဲ့ ကမ်းလှမ်းသွားတော့မယ်လို့ သိရှိရပါတယ်
အသက် ၂၃နှစ်အရွှယ် ပြင်သစ်ကွင်းလယ်ကစားသမားလေး ရာဘီအော့ဟာ ရာသီကုန်ရင် အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်သလို အသင်းဘက်ကနေ ကမ်းလှမ်းထားတဲ့ စာချုပ်သက်တမ်းတိုးမယ့် ကိစ္စကိုလည်း ငြင်းဆန်ထားခဲ့သူဖြစ်ပါတယ်။ ပီအက်စ်ဂျီနည်းပြ သောမတ်တူချယ်ကတော့ ရာဘီအော့ကို ယူ-၂၃အသင်းနဲ့ပင် လေ့ကျင့်ခန်းဆင်းခိုင်းထားခဲ့တာကြောင့် ရာဘီအော့နဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ အခြေအနေက အဆိုးဆုံးကို ရောက်ရှိနေပြီး ဒီစျေးကွက်အတွင်းမှာ အသင်းကနေ အပြီးသတ်ရောင်းချသွားချင်နေတာဖြစ်ပါတယ်။
ရာဘီအော့ကို ဘာစီလိုနာအသင်းကနေ ပထမဆုံး ကမ်းလှမ်းခဲ့တာဖြစ်ပေမယ့်လည်း အဆင်မပြေခဲ့လို့ အခုဆိုရင် ဘာစီလိုနာက အေဂျက်စ်ကွင်းလယ်ကစားသမား ဖရန်ကီဒီဂျောင်ကိုသာ ခေါ်ယူသွားခဲ့ပါတယ်။ ဒါပေမယ့် ရာဘီအော့ကို ဥရောပအသင်းပေါင်းများစွာက ပစ်မှတ်ထားနေဆဲဖြစ်ပြီး ဒဏ်ရာရ ကစားသမားတွေ များပြားနေသလို ချန်ပီယံလိဂ်ဝင်ခွင့်ကိုလည်း ခိုင်ခိုင်မာမာ ရယူထားဖို့ လိုအပ်နေတဲ့ စပါးအသင်းက ရာဘီအော့ကို အလိုရှိဆုံးဖြစ်နေပြီး ပေါင်သန်း၂၀ဝန်းကျင်နဲ့ ကမ်းလှမ်းသွားဖွယ် ရှိနေပါတယ်။
ပီအက်စ်ဂျီအသင်းဟာ အရင်ကတည်းက သူတို့ရဲ့ကစားသမားဟောင်း လူးကပ်မော်ရာကို စပါးအသင်းဆီ ရောင်းချခဲ့ဖူးသလို အခု ရာဘီအော့အတွက် စပါးအသင်းဘက်ကနေ ကမ်းလှမ်းလာမယ့် ပြောင်းရွှေ့ကြေးကလည်း သူတို့စိတ်တိုင်းကျ ပမာဏာလောက် ဖြစ်နေတယ်ဆိုပေမယ့်လည်း ရာဘီအော့နေရာအတွက် သူတို့ပစ်မှတ်ထားထားတဲ့ အဲဗာတန်ကွင်းလယ်လူ ဂါနာဂူရီကို အရခေါ်ယူနိုင်မှသာ ရာဘီအော့ကို လက်လွတ်မှာဖြစ်လို့ ဒီစျေးကွက်အတွင်း စပါးတို့ ရာဘီအော့ကို ခေါ်ယူဖို့က ခက်ခဲကောင်း ခက်ခဲနိုင်ပါတယ်။