အင်္ဂလန် နဲ့ စပါးအသင်း နောက်ခံလူ ဒန်နီ ရို့စ်ကတော့ အင်္ဂလန်အသင်းဖော်၊ မန်ယူအသင်းရဲ့ နောက်ခံလူ မက်ဂွိုင်းယားကို မန်ယူအသင်း ခေါင်းဆောင် ဖြစ်ဖို့ ထိုက်တန်တယ်လို့ ပြောခဲ့ပြီး စပါး နည်းပြဟောင်း ပိုချယ်တီနိုက သူ့ကို ခေါ်ယူချင်ခဲ့တယ်လို့လည်း ပြောကြားသွားပါတယ်။ နောက်ခံလူ မက်ဂွိုင်းယားဟာ ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ် နွေရာသီ အပြောင်းအရွေ့ ဈေးကွက်မှာ လက်စတာစီးတီးအသင်းကနေ မန်ယူအသင်းကို စံချိန်တင် ပြောင်းရွေ့ကြေး ပေါင် သန်း (၈၀) နဲ့ ပြောင်းရွှေ့ပြီးနောက် ကမ္ဘာ့ ဈေးအကြီးဆုံး နောက်ခံ ကစားသမား ဖြစ်သွားခဲ့ပါတော့တယ်။

Photo Credit: Goal

စပါး နည်းပြဟောင်း ပိုချယ်တီနိုကလည်း မန်ယူအသင်းနဲ့ အပြိုင် နောက်ခံလူ မက်ဂွိုင်းယားကို ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့ပေမယ့်လည်း မန်ယူအသင်းကို မယှဉ်နိုင်တာကြောင့် လက်လွတ်ခဲ့ပြီး လက်ရှိမှာတော့ နောက်ခံလူ မက်ဂွိုင်းယားက မန်ယူအသင်းခေါင်းဆောင် ဖြစ်နေပြီ ဖြစ်ပါတယ်။ စပါး နောက်ခံလူ ဒန်နီ ရို့စ်ကတော့ နိုင်ငံတူ နောက်ခံလူ မက်ဂွိုင်းယားနဲ့ အင်္ဂလန် လက်ရွေးစင် အသင်းအတွက် လေ့ကျင့်ရေး ဆင်းတဲ့ အချိန်မှာ သူဆီကနေ ဘောလုံး လုယူဖို့ ခက်ခဲတယ်လို့ အခိုင်အမာ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

နောက်ခံလူ ဒန်နီ ရို့စ်က “ကျွန်တော်တို့ (၂၀၁၆) ခုနှစ်၊ ဒီဇင်ဘာလက အိမ်ကွင်းမှာ ဟူးစလ် စီးတီးအသင်းနဲ့ ကစားခဲ့ပြီး (၃-ဝ) ရလဒ်နဲ့ အနိုင်ရခဲ့တာကို ကျွန်တော် မှတ်မိနေပါသေးတယ်။ နည်းပြ ပိုချယ်တီနိုက နည်းပြ ဖြစ်ခဲ့ပြီး သူက ဟယ်ရီ မက်ဂွိုင်းယားကို အလွန် လိုချင်ခဲ့တယ်။ စပါးအသင်းက နောက်ခံလူ မက်ဂွိုင်းယားကို ခေါ်ယူလိမ့်မယ်လို့ ကျွန်တော် တွေးနေခဲ့ပါတယ်။ နည်းပြ ပိုချက်တီနိုက သူ့ကို စတင် သဘောကျတဲ့ အချိန်မှာ ကျွန်တော့်လည်း မက်ဂွိုင်းယားကို စတင် သတိထားမိခဲ့တယ်။ လက်ရှိ လမ်းကြောင်းက သူ့အတွက် အင်မတန် ကောင်းပါတယ်။ သူနဲ့ အတူ အင်္ဂလန် လက်ရွေးစင်အသင်းအတွက် လေ့ကျင့်ရေး ဆင်းတဲ့ အချိန်မှာ သူဆီကနေ ဘောလုံး လုယူလို့ မရခဲ့ပါဘူး။ သူက အလွန် တော်တယ်။ သူက မန်ယူအသင်း ခေါင်းဆောင် ဖြစ်ဖို့ အပြည့်အဝ ထိုက်တန်ပါတယ်”လို့ Lockdown Tactics Podcast မှာ ပြောသွားခဲ့ပါတယ်။