MySport Myanmar

လိုဆယ်ဆိုကို အလိုက်ပေးပြီး ပါအူလ် တောရက်စ်အား ခေါ်ဖို့ ကြံစည်နေတဲ့ စပါး

ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ တော့တင်ဟမ် ဟော့စပါးက စပိန်လာလီဂါ နာမည်ကြီးကလပ် ဗီလာရီးရဲလ်ရဲ့ အဓိက ခံစစ်မှူး ပါအူလ် တောရက်စ်ကို ခေါ်ယူနိုင်ဖို့ သူတို့အသင်း ကနေ ဗီလာရီးရဲလ်ထံ အငှားနဲ့ သွားရောက် ကစားနိုင်တဲ့ လိုဆယ်ဆိုကို အလိုက်ပေးကာ ကမ်းလှမ်းရန် ပြင်ဆင်နေကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၅နှစ် အရွယ် စပိန်လက်ရွေးစင် ဗဟိုနောက်ခံလူ ပါအူလ် တောရက်စ်ဟာ ဗီလာရီးရဲလ်ရဲ့ မရှိမဖြစ် ဗဟိုခံစစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်ပြီး ဥရောပ အသင်းကြီး အများစုက သူ့ကို ခေါ်ယူဖို့ စောင့်ကြည့်နေကြပါတယ်။

Photo Credit: Mirror

စပါးကလည်း ပါအူလ် တောရက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲက တသင်း ဖြစ်ပြီး စပါးက ပါအူလ် တောရက်စ် အတွက် တရားဝင် ကမ်းလှမ်းမှု တရပ် ပြုလုပ်ဖို့ စီစဉ်နေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Football London သတင်းဌာနက ဆိုပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Italy သတင်းဌာနကလည်း စပါးက ပါအူလ် တောရက်စ် အတွက် တရားဝင် ကမ်းလှမ်းမှု တရပ် ပြုလုပ်တော့မယ့် အကြောင်းကို အတည်ပြုပေးထားပြီး စပါးက သူတို့အသင်း ကနေ ဗီလာရီးရဲလ်ထံ အငှားနဲ့ ပြောင်းရွှေ့ကာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ လိုဆယ်ဆိုကို အပြောင်းအရွှေ့ရဲ့ အစိတ်အပိုင်း တရပ်အနေနဲ့ ထည့်သွင်းဖို့ စီစဉ်ထားကြောင်းပါ ဖော်ပြထားပါတယ်။

Photo Credit: Mirror

အသက် ၂၆နှစ် အရွယ် အာဂျင်တီးနား ကွင်းလယ်တိုက်စစ် ကစားသမား လိုဆယ်ဆိုက ယခုနှစ် ဘောလုံးရာသီမှာ စပါးကနေ ဗီလာရီးရဲလ်ထံ တရာသီအငှားနဲ့ ပြောင်းရွှေ့ ကစားခဲ့သူ ဖြစ်ပြီး ဗီလာရီးရဲလ် အတွက် ပြိုင်ပွဲစုံ ၄၁ပွဲ အထိ ပါဝင် ကစားပေးနိုင်ခဲ့ကာ စပါးဘက်က လိုဆယ်ဆိုရဲ့ တန်ကြေးကို ယူရို ၃၀သန်း သတ်မှတ်ထားပြီး ပါအူလ် တောရက်စ် အတွက် လိုဆယ်ဆို + ပြောင်းရွှေ့ကြေး ယူရို ၄၀သန်းနဲ့ စတင် ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်းလည်း စပါးနဲ့ နီးစပ်သူတွေက အတည်ပြုထားကြပါတယ်။

လက်ရှိမှာတော့ ပါအူလ် တောရက်စ်ကို ခေါ်ယူဖို့ မန်ချက်စတာ ယူနိုက်တက် ၊ အာဆင်နယ် စတဲ့ အသင်းတွေကပါ စိတ်ဝင်စားနေတာကြောင့် စပါးကသာ ပါအူလ် တောရက်စ်ကို အမှန်တကယ် လိုချင်ရင် ခပ်သွက်သွက် လှုပ်ရှားနိုင်ဖို့ လိုအပ်နေပါတယ်။

Exit mobile version