ဂ်ဳဗင္တပ္စ္အသင္းရဲ႕ အာဂ်င္တီးနားလက္ေရြးစင္ တုိက္စစ္ကစားသမား ေပၚလုိဒီဘားလားကေတာ့  ဒီႏွစ္ေႏြေစ်းကြက္အတြင္းမွာ အသင္းကေန ထြက္ခြာရဖုိ႔ အနီးစပ္ဆုံးျဖစ္ခဲ႔ရၿပီး မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔ စပါးအသင္းတုိ႔ကုိ ေရာက္ရွိဖုိ႔ နီးစပ္ခဲ႔ပါတယ္။ ဒါေပမယ့္လည္း သတင္းေတြကေန ေဖာ္ျပလာခ်က္အရ ဒီဘားလားရဲ႕ ပုံရိပ္အသုံးျပဳခြင့္ ေအးဂ်င့္ခေတြေၾကာင့္ ပရီးမီးယားလိဂ္မွာ လာေရာက္ကစားရမယ့္ အခြင့္အေရးကုိ လက္လြတ္ခဲ႔ရၿပီး ဂ်ဳဗင္တပ္စ္အသင္းမွာပဲ အရန္ကစားသမားတစ္ေယာက္အျဖစ္သာ ဆက္လက္က်န္ရစ္ေနခဲ႔ပါတယ္။

Photo Credit : Getty Images

အသက္၂၅ႏွစ္အရႊယ္ ကစားသမားဟာ  ပါလာမုိအသင္းကေန ေျပာင္းေရႊ႔လာကတည္းက ဂ်ဳဗင္တပ္စ္အသင္းမွာ အဓိက ကစားသမားတစ္ေယာက္အျဖစ္ ရပ္တည္ေနသူျဖစ္ေပမယ့္လည္း အသင္းကုိ ခရစၥတီယာႏုိေရာ္နယ္ဒုိ ေရာက္လာၿပီးေနာက္ပုိင္း ပြဲထြက္ခြင့္ေတြက တျဖည္းျဖည္း နည္းပါးလာခဲ႔ရတာျဖစ္ပါတယ္။ ဒီရာသီအစမွာေတာ့ ဂ်ဳဗင္တပ္စ္အသင္းက ဒီဘားလားကုိ ေရာင္းထုတ္ဖုိ႔ ျပင္ဆင္ထားခဲ့ေပမယ့္ ဒီဘားလားဘက္ကေန အသင္းေျပာင္းဖုိ႔အတြက္ ေတာင္းဆုိမႈေတြက ျမင့္မားေနခဲ႔တာေၾကာင့္ အေျပာင္းအေရႊ႔အားလုံးနဲ႔ ပ်က္ျပယ္ခဲ႔ရတာျဖစ္သလုိ ဒီဘားလားနဲ႔ ဂ်ဳဗင္တပ္စ္အသင္းတုိ႔ၾကားမွာလည္း အဆင္မေျပမႈေလးေတြ ျဖစ္ေပၚခဲ႔ရပါတယ္။

Photo Credit : Getty Images

လက္ရွိမွာေတာ့ ဒီဘားလားဟာ ဂ်ဳဗင္တပ္စ္အသင္းအတြက္ ပြဲထြက္ကစားသမားအျဖစ္ မကစားရေသးပဲ အဖြင့္ပြဲ၂ပြဲလုံးမွာမွ ၁၄မိနစ္သာ ကစားထားရေသးတာျဖစ္ပါတယ္။ ဂ်ဳဗင္တပ္စ္အသင္းကလည္း အသင္းရဲ႕ တုိက္စစ္မွာ ေရာ္နယ္ဒုိနဲ႔ ဝါရင့္တုိက္စစ္မွဴး ဂြန္ဇာလုိဟီဂြာအင္တုိ႔ႏွစ္ေယာက္ကုိပဲ အသုံးျပဳေနတာျဖစ္ၿပီး ဒီဘားလားကုိ အသုံးျပဳဖုိ႔ ဆႏၵမရွိသလုိ လာမယ့္ ေဆာင္းရာသီေစ်းကြက္မွာေတာင္ အသင္းကေန ေရာင္းထုတ္ဖို႔ ထပ္မံႀကိဳးစားလာႏုိင္ပါတယ္။ လတ္တေလာမွာလည္း ဒီလားလားကုိ ပီအက္စ္ဂ်ီအသင္းအျပင္ စပါးအသင္းကလည္း ေခၚယူဖုိ႔ စိတ္ဝင္စားေနၿပီး အၿပိဳင္ကမ္းလွမ္းမႈေတြ ျပဳလုပ္လာရႏုိင္ပါတယ္။

Photo Credit : Getty Images

စပါးအသင္းနည္းျပ ပုိခ်က္တီႏုိက လုိင္ယြန္ကေန ျပင္သစ္ကြင္းလယ္ကစားသမား အမ္ဒြန္ဘီလီကုိ ေခၚယူခဲ႔ၿပီးတဲ႔ေနာက္ သူနဲ႔တစ္ႏုိင္ငံတည္းသားျဖစ္တဲ႔ ဒီဘားလားကုိ ေခၚယူႏုိင္ဖုိ႔ ႀကိဳးပမ္းခဲ႔တာျဖစ္ၿပီး အသင္းႏွစ္သင္းၾကားမွာ ေျပာင္းေရႊ႔ေၾကးပမာဏက အဆင္ေျပႏုိင္ခဲ႔ေပမယ့္လည္း ပုဂၢိဳလ္ေရးဆုိင္ရာ အခ်က္အလက္ေတြမွာ သေဘာတူညီမႈ ဆက္မယူႏုိင္ခဲ႔တာေၾကာင့္ ဒီဘားလားကုိ မေခၚယူႏုိင္ခဲ႔ရတာျဖစ္ပါတယ္။ ဒါေပမယ့္ စပါးအသင္းက  ေႏြေစ်းကြက္မွာ တုိက္စစ္ကစားသမား ေခၚယူမႈမရွိခဲ႔တာေၾကာင့္ လာမယ့္ဇန္နဝါရီလမွာေတာ့ ဒီဘားလားကုိ ထပ္မံကမ္းလွမ္းမႈ ျပဳလုပ္သြားမွာျဖစ္တယ္လုိ႔ သိရပါတယ္။

(Unicode)

ဂျုဗင်တပ်စ်အသင်းရဲ့ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမား ပေါ်လိုဒီဘားလားကတော့  ဒီနှစ်နွေစျေးကွက်အတွင်းမှာ အသင်းကနေ ထွက်ခွာရဖို့ အနီးစပ်ဆုံးဖြစ်ခဲ့ရပြီး မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စပါးအသင်းတို့ကို ရောက်ရှိဖို့ နီးစပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သတင်းတွေကနေ ဖော်ပြလာချက်အရ ဒီဘားလားရဲ့ ပုံရိပ်အသုံးပြုခွင့် အေးဂျင့်ခတွေကြောင့် ပရီးမီးယားလိဂ်မှာ လာရောက်ကစားရမယ့် အခွင့်အရေးကို လက်လွတ်ခဲ့ရပြီး ဂျုဗင်တပ်စ်အသင်းမှာပဲ အရန်ကစားသမားတစ်ယောက်အဖြစ်သာ ဆက်လက်ကျန်ရစ်နေခဲ့ပါတယ်။

Photo Credit : Getty Images

အသက်၂၅နှစ်အရွှယ် ကစားသမားဟာ  ပါလာမိုအသင်းကနေ ပြောင်းရွှေ့လာကတည်းက ဂျုဗင်တပ်စ်အသင်းမှာ အဓိက ကစားသမားတစ်ယောက်အဖြစ် ရပ်တည်နေသူဖြစ်ပေမယ့်လည်း အသင်းကို ခရစ္စတီယာနိုရော်နယ်ဒို ရောက်လာပြီးနောက်ပိုင်း ပွဲထွက်ခွင့်တွေက တဖြည်းဖြည်း နည်းပါးလာခဲ့ရတာဖြစ်ပါတယ်။ ဒီရာသီအစမှာတော့ ဂျုဗင်တပ်စ်အသင်းက ဒီဘားလားကို ရောင်းထုတ်ဖို့ ပြင်ဆင်ထားခဲ့ပေမယ့် ဒီဘားလားဘက်ကနေ အသင်းပြောင်းဖို့အတွက် တောင်းဆိုမှုတွေက မြင့်မားနေခဲ့တာကြောင့် အပြောင်းအရွှေ့အားလုံးနဲ့ ပျက်ပြယ်ခဲ့ရတာဖြစ်သလို ဒီဘားလားနဲ့ ဂျုဗင်တပ်စ်အသင်းတို့ကြားမှာလည်း အဆင်မပြေမှုလေးတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။

Photo Credit : Getty Images

လက်ရှိမှာတော့ ဒီဘားလားဟာ ဂျုဗင်တပ်စ်အသင်းအတွက် ပွဲထွက်ကစားသမားအဖြစ် မကစားရသေးပဲ အဖွင့်ပွဲ၂ပွဲလုံးမှာမှ ၁၄မိနစ်သာ ကစားထားရသေးတာဖြစ်ပါတယ်။ ဂျုဗင်တပ်စ်အသင်းကလည်း အသင်းရဲ့ တိုက်စစ်မှာ ရော်နယ်ဒိုနဲ့ ဝါရင့်တိုက်စစ်မှူး ဂွန်ဇာလိုဟီဂွာအင်တို့နှစ်ယောက်ကိုပဲ အသုံးပြုနေတာဖြစ်ပြီး ဒီဘားလားကို အသုံးပြုဖို့ ဆန္ဒမရှိသလို လာမယ့် ဆောင်းရာသီစျေးကွက်မှာတောင် အသင်းကနေ ရောင်းထုတ်ဖို့ ထပ်မံကြိုးစားလာနိုင်ပါတယ်။ လတ်တလောမှာလည်း ဒီလားလားကို ပီအက်စ်ဂျီအသင်းအပြင် စပါးအသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အပြိုင်ကမ်းလှမ်းမှုတွေ ပြုလုပ်လာရနိုင်ပါတယ်။

Photo Credit : Getty Images

စပါးအသင်းနည်းပြ ပိုချက်တီနိုက လိုင်ယွန်ကနေ ပြင်သစ်ကွင်းလယ်ကစားသမား အမ်ဒွန်ဘီလီကို ခေါ်ယူခဲ့ပြီးတဲ့နောက် သူနဲ့တစ်နိုင်ငံတည်းသားဖြစ်တဲ့ ဒီဘားလားကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ပြီး အသင်းနှစ်သင်းကြားမှာ ပြောင်းရွှေ့ကြေးပမာဏက အဆင်ပြေနိုင်ခဲ့ပေမယ့်လည်း ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေမှာ သဘောတူညီမှု ဆက်မယူနိုင်ခဲ့တာကြောင့် ဒီဘားလားကို မခေါ်ယူနိုင်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် စပါးအသင်းက  နွေစျေးကွက်မှာ တိုက်စစ်ကစားသမား ခေါ်ယူမှုမရှိခဲ့တာကြောင့် လာမယ့်ဇန်နဝါရီလမှာတော့ ဒီဘားလားကို ထပ်မံကမ်းလှမ်းမှု ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။