စပါးအသင်းဟာ သူတို့အသင်းရဲ့ ခါးသီးလန်ဒန်ဒါဘီ မြို့ခံကလပ်အသင်း တစ်သင်းဖြစ်တဲ့ အာဆင်နယ်အသင်းကို ဥရောပဘောလုံးအဖွဲ့ချုပ် UEFA ကနေ ထုတ်ပြန်ထားတဲ့ ကလပ်အသင်းတွေရဲ့ အဆင့်သတ်မှတ်ချက်စာရင်းထဲမှာ နှစ်ပေါင်း(၂၉)တာ ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ်နဲ့ ကျော်ဖြတ်သွားနိုင်တော့မယ်လို့ သိရှိရပါတယ်။

Photo Credit : Daily Mail

ယူရိုပါကွန်းဖရန့်လိဂ်ပြိုင်ပွဲဆိုတဲ့ UEFA ကနေ ဖန်တီးလိုက်တဲ့ ပြိုင်ပွဲအသစ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားခဲ့တဲ့ စပါးအသင်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ဥရောပပြိုင်ပွဲတွေ ဆင်နွဲခွင့်မရှိတဲ့ သူတို့ရဲ့မြို့ခံအသင်း အာဆင်နယ်ထက် အသာရသွားခဲ့တဲ့ အနေအထားမှာ ရှိနေရတာကြောင့် ၁၉၉၁-၁၉၉၂ ဘောလုံးရာသီနောက်ပိုင်း UEFA အဆင့်သတ်မှတ်ချက်အတွင်း အာဆင်နယ်ရဲ့အောက်မှာပဲ ရပ်တည်နေခဲ့ရတဲ့ စပါးတို့ အာဆင်နယ်ရဲ့ အထက်မှာ ရပ်တည်နိုင်ဖို့က သေချာသလောက်ကို ရှိလာခဲ့ရပါတယ်။

Photo Credit : Daily Mail

UEFA ကနေ ပြီးခဲ့တဲ့ဘောလုံးရာသီအထိ ကလပ်အသင်းတွေရဲ့ အဆင့်သတ်မှတ်ချက်တွေကို ထုတ်ပြန်ထားခဲ့ရာ အာဆင်နယ်အသင်းက အဆင့်(၁၂)နေရာမှာ ရပ်တည်နေပြီး စပါးအသင်းကတော့ အဆင့်(၁၃)နေရာမှာ ရှိနေပါတယ်။ စပါးအသင်းဟာ အာဆင်နယ်ထက် UEFA အဆင့်သတ်မှတ်ချက်မှာ ရမှတ်(၂)မှတ် လျော့နည်းနေရတာဆိုပေမယ့် အာဆင်နယ်က ဥရောပပြိုင်ပွဲတွေ ဆင်နွဲရတာ မဟုတ်တာကြောင့် အာဆင်နယ်ရဲ့ အဆင့်(၁၂)နေရာကို သိမ်းပိုက်လိုက်ဖို့က သေချာသလောက်ကို ရှိနေရပါတယ်။ စပါးအသင်းအနေနဲ့ကတော့ လာမယ့်ကြာသပတေးနေ့မှာ ကွန်းဖရန့်လိဂ်ပွဲစဉ်အဖြစ် ပြင်သစ်လီဂူးကလပ် ရန်းစ်အသင်းနဲ့ အဝေးကွင်းမှာ စတင်ယှဉ်ပြိုင်သွားရမှာပဲ ဖြစ်ပါတယ်။ လက်ရှိ UEFA ရဲ့ ကလပ်အသင်း အဆင့်သတ်မှတ်ချက်မှာတော့ ဘွန်ဒစ်လီဂါရဲ့ အင်အားကြီး ကလပ်အသင်း ဘိုင်ယန်မြူးနစ်က ထိပ်ဆုံးနေရာကနေ ရပ်တည်နေပြီး ဘို်င်ယန်ရဲ့နောက်မှာတော့ မန်စီးတီး လီဗာပူးလ် ဘာစီလိုနာ ချယ်လ်ဆီး ရီးယဲလ်မက်ဒရစ် ပီင်္အက်စ်ဂျီ မန်ချက်စတာယူနိုက်တက် ဂျုဗင်တပ်စ်နဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းတွေက အသီးသီး ရပ်တည်လျက် ရှိနေပါတယ်။