MySport Myanmar

အဲဗာတန်အသင်းရဲ့ ရစ်ချာလီဆန် ဂေါ်ဒွန်တို့ နှစ်ဦးလုံးကို ခေါ်ယူချင်နေတဲ့ စပါး

တော့တင်ဟမ်ဟော့စပါးအသင်းဟာ အခုနှစ် နွေရာသီဈေးကွက်အတွင်း အဲဗာတန်အသင်းရဲ့ အကောင်းဆုံးသော ကစားသမားနှစ်ဦးဖြစ်တဲ့ တိုက်စစ်ကစားသမား ရစ်ချာလီဆန်နဲ့ လူငယ်တောင်ပံကစားသမားလေး အန်တိုနီဂေါ်ဒွန်တို့ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ Sky Sports အားကစားမီဒီယာကြီးကနေ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : Twitter

လာမယ့်ရာသီမှာ ဥရောပချန်ပီယံလိဂ် ဝင်ခွင့်ရရှိထားတဲ့ စပါးအသင်းဟာ လတ်တလောမှာတော့ ပါရီဆစ် ဖော်စတာ ဘစ်ဆူးမားတို့ကို ခေါ်ယူအားဖြည့်ထားနိုင်ခဲ့ပြီး ကစားသမားအင်အား တောင့်တောင့်တင်းတင်း တည်ဆောက်ထားခဲ့ပေမယ့် ဈေးကွက်မပိတ်သိမ်းခင်မှာ နောက်ထပ် ခေါ်ယူမှုတွေ လုပ်ဆောင်ဖွယ် ရှိနေသလို အခု ခေါ်ယူထားတဲ့ ကစားသမားတွေမှာလည်း ဘစ်ဆူးမား တစ်ဦးတည်းအတွက်ကိုသာ ပြောင်းရွှေ့ကြေး အနည်းငယ် အသုံးပြုထားရတာဖြစ်လို့ အသုံးစရိတ်လည်း အလုံအလောက် ကျန်ရှိနေနိုင်သေးပါတယ်။ ဒါကြောင့် ဒီလိုအခြေအနေမှာ စပါးအသင်းအနေနဲ့ နောက်ထပ် ကစားသမားသစ်တွေ ဆက်လက် ခေါ်ယူသွားဖို့ကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Photo Credit : Liverpool Echo

လက်ရှိမှာတော့ စပါးအသင်းဟာ တိုက်စစ်ပိုင်းအတွက် ဘရာဇီးလ် ကစားသမားတွေဖြစ်တဲ့ ရစ်ချာလီဆန်နဲ့ ရာဖင်ညာတို့ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေသလို လိဒ်စ်ကစားသမား ရာဖင်ညာက အာဆင်နယ်ကို ရောက်ရှိနိုင်တဲ့ အခြေအနေမျိုး ရှိနေတာကြောင့် ရစ်ချာလီဆန်ကိုသာ ပိုမို ပစ်မှတ်ထားလာခဲ့သလို ရစ်ချာလီဆန်ရဲ့ အဲဗာတန်အသင်းဖော် ဂေါ်ဒွန်ကိုပါ တစ်ပါတည်း ခေါ်ယူချင်လာခဲ့ပါတယ်။ စပါးအသင်းဟာ တိုက်စစ်ပိုင်းမှာ ဟာရီကိန်း ဆွန်ဟောင်မင် ကူလူဆက်ဗ်စက်ီးတို့လို ကစားသမားကောင်းတွေ ရှိနေပေမယ့်လည်း ရစ်ချာလီဆန်လို အထောင်တိုက်စစ်နေရာမှာရော တောင်ပံတွေမှာပါ အကောင်းဆုံး ကစားနိုင်သူမျိုးကို အလိုရှိနေပြီး အဲဗာတန်အသင်းဘက်ကတော့ သူတို့ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို ပေါင်(၅၁)သန်းလောက်အထိ ဈေးသတ်မှတ်လို့ထားပါတယ်။ ဒါပေမယ့် စပါးအသင်းကတော့ ရစ်ချာလီဆန်သာမကပဲ အင်္ဂလန်ယူ-၂၁ ဘယ်တောင်ပံ ကစားသမားလေး ဂေါ်ဒွန်ကိုပါ စိတ်ဝင်စားနေပြီး စပါးနည်းပြ အန်တိုနီယိုကွန်တီက ဂေါ်ဒွန်ရဲ့ အလားအလာကို သဘောကျ နှစ်သက်နေပါတယ်။ ဒါပေမယ့် လတ်တလောမှာတော့ စပါးဟာ ဂေါ်ဒွန်ထက် ရစ်ချာလီဆန်ကိုသာ ပိုမို ဦးစားပေး ကမ်းလှမ်းသွားဖွယ်သာ ရှိနေပြီး ခံစစ်ပိုင်းအတွက်ကိုလည်း ဗီလာရီးယဲလ် နောက်ခံလူ ပါအူတောရက်စ်ကို ပစ်မှတ်ထားနေပါတယ်။

Exit mobile version