အပြောင်းအရွှေ့ဈေးကွက်နှစ်ခုလောက်မှာ ကစားသမားသစ် ခေါ်ယူမှုမရှိပဲနဲ့ ဒီနှစ်နွေဈေးကွက်အတွင်းမှာမှ ကစားသမားခေါ်ယူမှုတွေ စတင်ပြုလုပ်လာခဲ့တဲ့ စပါးအသင်းက လိုင်ယွန်အသင်းကနေ ကွင်းလယ်ကစားသမား အမ်ဒွန်ဘီလီကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့တဲ့အပြင် အသင်းနဲ့ သတင်းထွက်ပေါ်ခဲ့တဲ့ ကစားသမားတွေဖြစ်တဲ့ ရိုင်ယန်ဆက်ဆီနွန်နဲ့ ဂျီအိုဗန်နီလိုဆယ်ဆိုတို့ကိုပါ ခေါ်ယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် စပါးအတွက် ပြီးပြည့်စုံတဲ့ နွေဈေးကွက်တစ်ခု မဖြစ်လာခဲ့ပဲ တိုက်စစ်ပိုင်းမှာ အရန်တိုက်စစ်မှူး မခေါ်ယူခဲ့မှုက စပါးရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ဝေဖန်ချင်စရာ ဖြစ်ခဲ့ရပါတယ်။
ဒီကွက်လပ်ကို ဖြည့်တင်းဖို့အတွက် စပါးအသင်းနည်းပြ ပိုချက်တီနိုက လာမယ့်ဆောင်းရာသီဈေးကွက်အတွင်းမှာ တိုက်စစ်ကစားသမားတစ်ယောက်ကို ခေါ်ယူသွားဖို့ရှိနေပြီး လက်ရှိမှာ ဖီနာဘာချီအသင်းရဲ့ ကိုဆိုဗိုလက်ရွေးစင် တိုက်စစ်ကစားသမား ဗီဒက်မြူရီချီကို ပစ်မှတ်ထားလျက် ရှိနေပါတယ်။  အသက်၂၅နှစ်အရွှယ် တိုက်စစ်မှူးမြူရီချှီဟာ ဒီနှစ်ဘောလုံးရာသီကမှ တူရကီထိပ်သီးကလပ် ဖီနာဘာချီကို စတင်ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် အဖွင့်၃ပွဲသာ ကစားထားရသေးပေမယ့် ၂ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။
(Unicode)
အပြောင်းအရွှေ့စျေးကွက်နှစ်ခုလောက်မှာ ကစားသမားသစ် ခေါ်ယူမှုမရှိပဲနဲ့ ဒီနှစ်နွေစျေးကွက်အတွင်းမှာမှ ကစားသမားခေါ်ယူမှုတွေ စတင်ပြုလုပ်လာခဲ့တဲ့ စပါးအသင်းက လိုင်ယွန်အသင်းကနေ ကွင်းလယ်ကစားသမား အမ်ဒွန်ဘီလီကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့တဲ့အပြင် အသင်းနဲ့ သတင်းထွက်ပေါ်ခဲ့တဲ့ ကစားသမားတွေဖြစ်တဲ့ ရိုင်ယန်ဆက်ဆီနွန်နဲ့ ဂျီအိုဗန်နီလိုဆယ်ဆိုတို့ကိုပါ ခေါ်ယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် စပါးအတွက် ပြီးပြည့်စုံတဲ့ နွေစျေးကွက်တစ်ခု မဖြစ်လာခဲ့ပဲ တိုက်စစ်ပိုင်းမှာ အရန်တိုက်စစ်မှူး မခေါ်ယူခဲ့မှုက စပါးရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ဝေဖန်ချင်စရာ ဖြစ်ခဲ့ရပါတယ်။
Photo Credit : Getty Images
စပါးအသင်းက ဒီနှစ်နွေစျေးကွက်အတွင်းမှာ အသင်းရဲ့ ဝါရင့်တိုက်စစ်ကစားသမားကြီး ဖာနန်ဒိုလော်ရန်တေးကို အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပြုခဲ့သလို နောက်ထပ် တိုက်စစ်မှူးဖြစ်တဲ့ ဗင်းဆင့်ယန်ဆန်ကိုလည်း မက္ကဆီကိုကလပ်အသင်းဆီ ရောင်းချဖြစ်ခဲ့ပါတယ်။ ဒီလို တိုက်စစ်ကစားသမားတွေကို အသင်းကနေ စွန့်ထုတ်ခဲ့တဲ့ စပါးအသင်းက တိုက်စစ်ကစားသမား ပြန်လည်ခေါ်ယူခဲ့ခြင်းမရှိပဲ အသင်းရဲ့ အဓိကတိုက်စစ်မှူး ဟယ်ရီကိန်းရဲ့နောက်မှာ အရန်ကစားသမားဆိုလို့ အသက်၁၇နှစ်သာရှိသေးတဲ့ ထရိုင်ပရော့တ်တစ်ယောက်သာ ရှိနေရတာဖြစ်ပါတယ်။
Photo Credit : Getty Images
ဒီကွက်လပ်ကို ဖြည့်တင်းဖို့အတွက် စပါးအသင်းနည်းပြ ပိုချက်တီနိုက လာမယ့်ဆောင်းရာသီစျေးကွက်အတွင်းမှာ တိုက်စစ်ကစားသမားတစ်ယောက်ကို ခေါ်ယူသွားဖို့ရှိနေပြီး လက်ရှိမှာ ဖီနာဘာချီအသင်းရဲ့ ကိုဆိုဗိုလက်ရွေးစင် တိုက်စစ်ကစားသမား ဗီဒက်မြူရီချီကို ပစ်မှတ်ထားလျက် ရှိနေပါတယ်။  အသက်၂၅နှစ်အရွှယ် တိုက်စစ်မှူးမြူရီချီှဟာ ဒီနှစ်ဘောလုံးရာသီကမှ တူရကီထိပ်သီးကလပ် ဖီနာဘာချီကို စတင်ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် အဖွင့်၃ပွဲသာ ကစားထားရသေးပေမယ့် ၂ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။
Photo Credit : Getty Images
ကလပ်အသင်းအတွက်သာမကပဲနဲ့ ကိုဆိုဗိုအသင်းအတွက်ပါ သွင်းဂိုးတွေ ရယူထားနိုင်ခဲ့တဲ့ မြူရီချီကို စပါးအသင်းအပြိုင် လာဇီယို ဖီအိုရင်တီးနား နာပိုလီတို့လို အီတလီစီးရီးအေ ကလပ်အသင်းတွေကပါ စိတ်ဝင်စားလျက်ရှိနေပါတယ်။ စပါးအသင်းရဲ့ ကင်းထောက်တွေက ကိုဆိုဗိုအသင်းက ချက်အသင်းကို ၂ဂိုး၁ဂိုးနဲ့ အနိုင်ကစားခဲ့တဲ့ ယူရိုခြေစစ်ပွဲမှာ မြူရီချီရဲ့ ခြေစွမ်းတွေကို လာရောက်လေ့လာခဲ့ကြပြီး ဒီညမှာလည်း ကိုဆိုဗိုက အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ ခြေစမ်းပွဲ ကစားရဦးမှာဖြစ်လို့ စပါးကင်းထောက်တွေက မြူရီချီရဲ့ ခြေစွမ်းတွေကို ထပ်မံလေ့လာဖွယ်ရှိနေသလို အင်္ဂလန်အသင်းခံစစ်ကို ဘယ်လောက်မွှေနှောက်ပြနိုင်မလဲဆိုတာကလည်း စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။